ဒိုက်ဦးထောင်တွင် အကျဉ်းသားများကို အကြီးအကျယ် ကန့်သတ်
ပဲခူးတိုင်း ဒိုက်ဦးထောင်ရှိ အကျဉ်းသားများထံ ပြင်ပမှ ပစ္စည်းပို့ခွင့် ၂ ပတ်လျှင် တစ်ကြိမ်သာ ရတော့ပြီး ဟင်းကိုလည်း ၃ မျိုးအထိသာ အရေအတွက် ကန့်သတ်ခံနေရသည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ထောင်အစားအသောက် ညံ့ဖျင်းသည့်အတွက် မိသားစု၊ မိတ်ဆွေတချို့က ပေးပို့သည့် ရိက္ခာကို ဆက်လက် အားထားနေဆဲဖြစ်ကြောင်း၊ ဤအခြေအနေတွင် ထောင်ဝန်ထမ်းများက အရည်အသွေးမကောင်းသည့် အစားအစာကို ရောင်းချနေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “၂ ပတ် ၁ ကြိမ် ဟင်း ၃ မျိုးက ဘယ်လိုမှ မလောက်ဘူး၊ ထောင်ဝင်စာမလာတဲ့သူတွေဆိုရင် အရင်က မျှစားကြရတယ်။ ခုက မျှစားဖို့ မလောက်ဘူး။ သူတို့ (ထောင်ဝန်ထမ်းများ) ရောင်းတာကို ဝယ်စားဆိုတဲ့ ပုံစံမျိုးပဲ။ သူတို့ရောင်းတာကလည်း ဝါးလို့တောင် မရဘူး” ဟု […]