Entries by ndb14

ယင်းမာပင်၊ စုန်းချောင်းရွာ စစ်တပ်ဝင်စီးပြီး အသက်မပြည့်သေးသူ ၃ ဦးအပါအဝင် အစုလိုက်အပြုံလိုက်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ယမန်နေ့ (ဇူလိုင် ၂၁) နံနက်အစောပိုင်းတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးသည့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့၊ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းချောင်းရွာကို နံနက် ၂ နာရီဝန်းကျင်တွင် ၄ နေရာခန့်ခွဲပြီး ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ စစ်ကြောင်းဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာခံ ၁၁ ဦးကို ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၁၅)ရက်မှ (၂၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇူလိုင်လ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ရာတွင် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် ပြည်သူ (၁၂)ဦး သေဆုံးခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ပြည်သူ (၃)ဦး ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ဇွန်လ (၂၁)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ရာ (၁၂)ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ CDM […]

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ရွာ ၂၅ ရွာက ဒေသခံတွေ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ကျေးရွာ ၂၅ ရွာက အရပ်သားရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဇူလိုင်လ ၂၁ ရက်ကစလို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။ ရွှေလှေ၊ လက်ပံတောင်း၊ ရွာသစ်ကလေး၊ ဝဲကြီး၊ ဝဲကွဲ၊ တုံတောကျောင်း၊ တုံအလယ်ရွာ၊ တုံရွာမ၊ တုံရွာသစ်၊ တုံထန်းတော၊ တုံအလယ်တော၊ နတ်ကျွန်း၊ နတ်စက်၊ သဲကောကြီး၊ လယ်တီ၊ ရွှေကုန်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ညောင်ပင်ကိုင်း၊ သံလျက်ကိုင်း၊ အောင်ချမ်းသာ၊နှောကူးတို့၊ ထန်းပု၊ ထန်းဇင်စတဲ့ ရွာက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာနေလို့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၈)ရက်မှ (၁၄) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇူလိုင်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့ ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း အသက်မပြည့်သေးသော ကလေး (၄)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများကို […]

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီး အရပ်သားနှစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး ဇူလိုင်လ ၁၄ ရက်က အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို ခရီးသည် ၁၉ ဦးပါတဲ့ အရပ်ဘက်ကားတစ်စီး ဖြတ်သန်းမောင်းနှင် ခဲ့ပြီး အဲဒီကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ပွဲထဲမှာ ညှပ်လို့ စစ်တပ်ဘက်က ပစ်လိုက်တာ။ သူတို့က ညာဘက်ကြောက သွားတာဆိုတော့ ညာကြောမှာ နေရာယူထားတာက စစ်ကောင်စီတပ်။ ကြည့်ရတဲ့ပုံစံ က နယ်စပ်ဖြတ်ကျော်မယ့် ခရီးသည်တွေ ဖြစ်ပါလိမ့်မယ်။ အားလုံး […]

ရွှေဘိုနဲ့ ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် ဇူလိုင်လ ၁၆ ရက်မှာ ကျေးရွာ ၁၂ ရွာက အရပ်သားရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာ၊ ကျားရွာနဲ့ အင်ပင်လှရွာ၊ ခင်ဦးမြို့နယ်က တယ်ဘိုပင်ရွာ၊ ကြာပင်အိုင်ရွာ၊ တပင်ကောင်းရွာ၊ သိန်တော်ရွာ၊ ညောင်ပင်ကြီးစုရွာ၊ ကျွန်းလည်ရွာ၊ ကျွန်းဆွယ်ရွာ၊ မှန်သာရွာနဲ့ မှန်တော်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ဟာ ဇူလိုင် ၁၅ ရက်မှာ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာကနေ ခင်ဦးမြို့နယ် တယ်ဘိုပင်ရွာကို ဝင်ရောက်ခဲ့တာပါ။ ဇူလိုင် ၁၆ ရက်၊ ဒီနေ့မှာလည်း ဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် တယ်ဘိုပင်ရွာအနီး ကျေးရွာတွေက အရပ်သားတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒေသခံတွေဟာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီလ မှ ဇူလိုင်လထိ

၂၀၂၃ ဇန်နဝါရီလမှ ဇွန်လ အတွင်း စစ်အာဏာရှင်တပ်များမှ ကျုးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်း မြန်မာစစ်အာဏာရှင်တပ်မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး (၁၅)ခုတွင် လူ့အခွင့်အရေးချိုးဖောက်မှု (၁၂၂၂) ကြိမ် ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားပေါင်း (၃၀)ခု အထိ ကျုးလွန်ခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲတွင် စစ်အာဏာရှင်တပ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် အရပ်သားပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို (၂၉၂)ကြိမ်အထိ အများဆုံး ပြုလုပ်ခဲ့သည်။ ဒုတိယအနေဖြင့် စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူပိုင်အဆောက်အဦးနှင့် ပစ္စည်းများဆုံးရှုံးခြင်း (၂၈၁)ကြိမ် ရှိခဲ့သည်။ တတိယအနေဖြင့် စစ်အာဏာရှင်ကို […]

စစ်တပ်ဝင်သော ဝက်လက်မြို့နယ်တွင် သက်ကြီးနှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ကျေးရွာများကို အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းစဉ် အသက် ၆၀ ကျော် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့သည်။ ယခုလ ၈ ရက်နေ့ကတည်းက ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ထိုစစ်ကြောင်းသည် ဇူလိုင် ၁၂ တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း သာလိုင်းကျေးရွာမှ ၆၅ နှစ်အရွယ် ဦးသံချောင်းကို ပစ်သတ်ခဲ့သည်၊ ထို့နောက် အနီးရှိ သုံးဆင့်ကန်ရွာကို မီးတင်ရှို့ရာ လေဖြတ်ဝေဒနာ ခံစားနေရသော ၆၂ နှစ်အရွယ် ဦးခင်မောင်ဌေး နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်။ ထွက်မပြေးနိုင်သူများ သေဆုံးခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။ “သာလိုင်းရွာက အသက် ၇၀ လောက်ရှိတဲ့ အမျိုးသားကို ပစ်သတ်သွားတယ်၊ […]

နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။       ။ ဇူလိုင် ၁၀ ရက်၊ ၂၀၂၃ခုနှစ် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၇  ) ရက်နေ့တွင် ခန့်လင်းနိုင်(ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင်အမှတ်- (ပခ/၂၂/၀၀၄၃၆/က) ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ (၈) ရက်နေ့တွင် ပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး၊ ထောင်ဝင်အမှတ် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၁)ရက်မှ (၇) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွဇူလိုင်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ် မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ပြည်သူ (၁)ဦးမှာ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည်။ ဇူလိုင်လ (၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ပစ်သတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ(၇)ဦးကို သေဆုံးခဲ့ပြီး ပြည်သူ (၆)ဦးကလည်း ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက […]