Entries by ndb14

သာယာဝတီထောင်က ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး

ပဲခူးတိုင်း သာယာဝတီထောင်မှာ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုလုပ်ခဲ့လို့ ရိုက်နှက်ခံရပြီး ထောင်တွင်းဆေးရုံ တင်ထားရတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲက နှစ်ဦးသေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဩဂုတ်လ ၁၄ ရက်မှာ RFA ကို ပြောပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ ရန်ကုန်တိုင်း သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး ကိုသန်းတိုးအောင်နဲ့ သာယာဝတီခရိုင် သုံးဆယ်မြို့က ဦးလှစိုးတို့ ဖြစ်ပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်က မိသားစုကို အကြောင်းမကြား သေးဘူးလို့ ကိုသန်းတိုးအောင်ရဲ့ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညိုထွန်းက RFA ကို ပြောပါတယ်။ “နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်ဆိုတာ အကျဉ်းထောင်ကလာတဲ့ တစ်နေရာထဲကနေ မဟုတ်ဘဲ နှစ်နေရာသုံးနေရာကနေ တစ်ပုံစံတည်း ကြားရတဲ့ သတင်းပေါ့နော်။ ဒါပေမဲ့ […]

မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေကို ရုံးတင်စစ်ဆေးဖို့ အာဆီယံကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ တိုက်တွန်း

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့တာဝန်ယူမှုတွေရှိဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း CHRO နဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ရှေ့နေတွေပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ဩဂုတ်လ ၁ဝ ရက်နေ့က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အာဆီယံရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် တည်ထောင်ဖို့၊ ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးဖို့အတွက် ဒေသတွင်းရာဇဝတ်မှုခုံရုံး ဖန်တီးဖို့နဲ့ ပြည်သူတစ်ဦးချင်းရဲ့တိုင်ကြားမှုတွေကို လက်ခံစစ်ဆေးမယ့် အဖွဲ့အစည်းတည်ထောင်ဖို့ စတဲ့ အချက်တွေကို CHRO နဲ့အတူ ဖိလစ်ပိုင်လူ့အခွင့်အရေး ရှေ့နေနှစ်ဦးနဲ့ အင်ဒိုနီးရှား ရှေ့နေနှစ်ဦး လက်မှတ်ရေးထိုးပြီး အာဆီယံကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေကို ရေရှည်လေ့လာစောင့်ကြည့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့အတွက် သီးသန့်ဆောင်ရွက်မယ့် အာဆီယံအထူးသံတမန်နေရာအတွက် အမြဲတမ်းကိုယ်စားလှယ်ရုံး ထားရှိပေးဖို့လည်း […]

မူဆယ်နှင့်ကွတ်ခိုင် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က အမျိုးသမီး များကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ရွာသားများကို သတ်ဖြတ်မှုများ ကျူးလွန်

ရန်ကုန်၊ ဩဂုတ်လ ၉ ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲများ အ တွင်း အကြမ်းဖက်စ်ကောင်စီတပ်က အမျိုးသမီးအပေါ် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနှင့် ရွာသားများကို သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ၂၀၂၃ ဇူလိုင် လ နောက်ဆုံးပတ်မှ သြ ဂုတ်လ ပထမပတ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တအန်းအမျိုးသားလွတ် မြောက် ရေးတပ်မတော် (TNLA) တပ်တို့ကို ထိုးစစ်ဆင်တိုက် ခိုက်မှု များ အတွင်း အကြမ်းဖက်စစ်တပ်က တရား လက်လွတ်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊သြဂုတ်လ (၁)ရက်မှ (၇) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဩဂုတ်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြည်သူ (၆၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၇)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ကို လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ်၊ရွှေကူမြို့ အကြား ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့ ကို စစ်အာဏာရှင်တပ် သားများ၏ သင်္ဘောများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်များကို ပစ်မှတ်ထားပြီး YBS ကားများပေါ် အထိ တက်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင် နှင့် ဒိုက်ဦးထောင်တို့တွင် နိုင်ငံရေး အကျဉ်းသားများ ကို […]

ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးလို့ အရပ်သားတစ်သောင်းကျော် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဩဂုတ်လ ၅ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာ ၁၂ ရွာက အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လျှော်ဖြူ၊ လျှော်ကုန်း၊ ဇီးကုန်း၊ ပေါက်တော၊ ထန်းတော၊ ချုံရွာ၊ မြို့ကြီး၊ တင်းတိမ်ယံနဲ့ မန်ကျဉ်းနီစတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ အင်အား ရှစ်ဆယ်နီးပါးရှိတဲ့ စစ်ကြောင်းဟာ လက်ရှိမှာ တင်းတိမ်ယံရွာကို စီးနင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တင်းတိမ်ယံရွာက အိမ်ခြေ တစ်ထောင်ကျော် ရှိတယ်။ ဒေသခံ လေးထောင်ကျော် နေပါတယ်။ တင်းတိမ်ယံမှာ စစ်ကြောင်းဝင်နေတော့ နီးစပ်ရာရွာတွေအကုန် ရှောင်ကြရတာပေါ့။ အခုတော့ မိုးရာသီလည်း ဖြစ်တော့ […]

စစ်ကောင်စီကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသေဆုံး

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအပြင် အမျိုးသမီး ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ဖမ်းဆီးခံရတာပါ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘူးလို့ […]

မြဝတီမှာ ရေကြီးရေလျှံမှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးရ

ကရင်ပြည်နယ်မှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ဩဂုတ် ၅ ရက်နေ့အထိ မိုးဆက်တိုက်ရွာပြီး ဒေါနတောင်ကျရေ သောင်ရင်းမြစ်ထဲ ဒလဟော စီးဆင်းမှုတွေကြောင့် မြဝတီ ၊ ဝေါလေ ဒေသတစ်လျှောက် ထိုင်းမြန်မာနယ်စပ်ကျေးရွာတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံ နေပါတယ်။ ဘားအံ ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကျုံဒိုးဒေသက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဒေါနတောင်ကျရေ ဆက်ပြီးတိုးဝင်တာကြောင့် သောင်ရင်းမြစ်၊ လှိုင်းဘွဲ့ချောင်း၊ ဂျိုင်းမြစ်၊ သံလွင်မြစ်၊ ဟောင်သရောမြစ်တွေ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့ပေါ် မှာ လက်ခတ်တောင်တိုက်ပွဲကြောင့် တောရဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံငါးရာလောက် ရှိခဲ့ရာက အခု ရေဘေးရှောင် ဒေသခံတွေပါ ထပ်တိုးလာတဲ့အတွက် လူဦးရေ ခုနှစ်ရာလောက်အထိ ရှိလာပြီး နောက်ထပ် ရေဘေးရှောင်စခန်းခြောက်ခုမှာလဲ […]

,

လူကုန်ကူးခြင်း (Human Trafficking)

(က) နိုင်ငံတကာဥပဒေအရ လူကုန်ကူးခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။ လူကုန်ကူးခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်းပြုနိုင်ရန် အောက်ပါအင်္ဂါရပ် (၄) ရပ် ထင်ရှားကြောင်း ဖေါ်ပြရပါမည်။ ၁။ လူ (များကို) ရှာဖွေ စုဆောင်းခြင်း။ ၂။ နိုင်ထက်စီးနင်းပြုခြင်း သို့မဟုတ် သဘောတူခွင့်ပြုချက် မပါရှိခြင်း။ ၃။ အမြတ်ထုတ်လိုသောရည်ရွယ်ချက်ရှိခြင်း။ ၄။ အစိုးရ၏ လုပ်ဆောင်ချက်။ ဝေါဟာရနှင့်ပတ်သက်၍ သတိပြုရန် – လူကုန်ကူးရောင်းဝယ်ခြင်းနှင့် လူခိုးသွင်းခိုးထုတ်ခြင်း။ လူမှောင်ခိုသွင်းထုတ်ခြင်း ဆိုသည်မှာ ငွေကြေးဆိုင်ရာ၊ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် အ တွက် လူများကို နိုင်ငံ၏နယ်နိမိတ်များကို ကျော်လျက် ရွှေ့ပြောင်းသယ်ယူခြင်း ဖြစ်သည်။ လူကုန်ကူး ခြင်းနှင့် လူမှောင်ခိုသွင်းထုတ်ခြင်းတို့တွင် တူညီသောအင်္ဂါရပ်များ ရှိကြသော်လည်း ၎င်းတို့သည် တခုနှင့် တခု […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၂၂)ရက်မှ (၃၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇူလိုင်လ (၂၂)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသ ကြီး နှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်တွင် အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများ၏ ကားဖြင့်တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး ခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်မှ ကျေးရွာ (၃၁)ရွာကိုလည်း လျှပ်စစ်မီးများ ဖြတ်တောက် ထားခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် […]

စုန်းချောင်းအပါအဝင် ချင်းတွင်းမြစ်ကမ်းကျေးရွာများ စစ်ကြောင်းထိုးခံနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို ယနေ့ (ဇူလိုင် ၃၁) နံနက်မှစပြီး စစ်ကြောင်းထိုးနေသဖြင့် စုန်းချောင်းရွာအပါအဝင် အနီးအနား ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် စုန်းချောင်းရွာအနီး ရွှေတောင်ဦးကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကို တိတ်တဆိတ်ဝင်ရောက် စီးနင်းပြီး ကျေးရွာ ပကဖ၊ ပအဖ အဖွဲ့ဝင်များ အပါအဝင် ၁၄ ဦးကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ထိုစီးနင်းမှုအပြီး ဆယ်ရက်ခန့်အကြာ စုန်းချောင်းရွာနှင့် အနီးအနားကျေးရွာများကို တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် စုန်းချောင်းရွာမှ ဒေသခံများမှာ ထိုစဉ်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ နေ့အချိန် ရွာအတွင်း ခေတ္တပြန်ဝင်သည့် ဒေသခံတချို့မှာ ယနေ့ စစ်တပ်စီးနင်းမှုကြောင့် ထွက်ပြေးခဲ့ရကြောင်း ရွာခံတစ်ဦးက […]