Entries by ndb14

ခင်ဦးမြို့နယ် ရှားတောနဲ့ ငါးရုံကြီးရွာက နေအိမ် ၅၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရှားတောရွာနဲ့ ငါးရုံကြီးရွာတို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၂ ရက် မနေ့ မနက် ၈ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့ပေါ်ကနေ ဆင်းလာတဲ့ မြေမြန်တပ်ရင်း ခမရ-၃၆၁ ဟာ ရွာထဲကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရှားတောနဲ့ ငါးရုံကြီးဆိုတာ လယ် လေး၊ ငါးကွက်ပဲ ခြားတာ။ စစ်ကြောင်းက နှစ်ရွာကို ခွပြီး မီးရှို့တာ။ မနေ့ကညနေပိုင်း ရှင်းလင်းရေးဝင်တော့ အိမ်တော်တော်များများက ပြာပုံပဲကျန်ခဲ့တာ။ ဘုရားစင်ပါမကျန် လောင်သွားတာပေါ့။ ဒေသခံတွေရဲ့ ဘဝကတော့ ဒီလိုပဲ လုံးပါးပါးနေတော့တာပါပဲ” မနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ငါးရုံကြီးရွာကနေ […]

ချောင်းဦးမှာ ဒေသခံ တစ်ဦးအသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ဈေးထဲမှာ စင်တင်ဘာလ ၁ ရက် မနေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့သလို ဈေးအနီးတစ်ဝိုက်က အနည်းဆုံး အရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက် ၈ နာရီလောက်မှာ ဈေးထဲကို ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးစီးတဲ့အတွက် စည်းကမ်းမလိုက်နာလို့ဆိုပြီး ဈေးအနီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။ ဒါပေမဲ့ ဆိုင်ကယ်စီးလာသူ နှစ်ဦးကို မထိမှန်ဘဲ ဈေးထဲမှာ ဈေးဝယ်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေ ၃ နာရီလောက်မှာလည်း ဈေးထဲက အသက် ၂၀ နဲ့ ၃၅ နှစ် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊သြဂုတ်လ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်မှ ကလေးငယ် (၂)ဦး အပါအဝင် ဒေသခံ ပြည်သူ (၃၀)ကျော်ကို စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်သူ (၂၀) ဦးကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ ဩဂုတ်လ (၂၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှ အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်မှ […]

ဒိုက်ဦးထောင်တွင် အကျဉ်းသားများကို အကြီးအကျယ် ကန့်သတ်

ပဲခူးတိုင်း ဒိုက်ဦးထောင်ရှိ အကျဉ်းသားများထံ ပြင်ပမှ ပစ္စည်းပို့ခွင့် ၂ ပတ်လျှင် တစ်ကြိမ်သာ ရတော့ပြီး ဟင်းကိုလည်း ၃ မျိုးအထိသာ အရေအတွက် ကန့်သတ်ခံနေရသည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ထောင်အစားအသောက် ညံ့ဖျင်းသည့်အတွက် မိသားစု၊ မိတ်ဆွေတချို့က ပေးပို့သည့် ရိက္ခာကို ဆက်လက် အားထားနေဆဲဖြစ်ကြောင်း၊ ဤအခြေအနေတွင် ထောင်ဝန်ထမ်းများက အရည်အသွေးမကောင်းသည့် အစားအစာကို ရောင်းချနေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “၂ ပတ် ၁ ကြိမ် ဟင်း ၃ မျိုးက ဘယ်လိုမှ မလောက်ဘူး၊ ထောင်ဝင်စာမလာတဲ့သူတွေဆိုရင် အရင်က မျှစားကြရတယ်။ ခုက မျှစားဖို့ မလောက်ဘူး။ သူတို့ (ထောင်ဝန်ထမ်းများ) ရောင်းတာကို ဝယ်စားဆိုတဲ့ ပုံစံမျိုးပဲ။ သူတို့ရောင်းတာကလည်း ဝါးလို့တောင် မရဘူး” ဟု […]

လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်အနှစ်နှစ်ဆယ် ချခံရ

လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီကို ဖေ့ဘွတ်စ်စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် နှစ်ဆယ် ချမှတ်လိုက်ပါတယ်။ ဩဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ နဲ့ ထပ်တိုးစွဲပြီး အင်းစိန်အကျဉ်းထောင်တရားရုံးက ထောင်ဒဏ်အနှစ် နှစ်ဆယ် ချလိုက်တဲ့အကြောင်း ထောင်အာဏာပိုင်တွေက မိသားစုကိုအကြောင်းကြားတယ်လို့ အဆိုတော် ဗျူဟာရဲ့ ဇနီးဖြစ်သူက RFA ကို‌ပြောပါတယ်။ “ကျန်းမာရေးတော့ ကောင်းပါတယ်၊ ပုဒ်မက အစကတော့ ၅၀၅ (က) စွဲထားတာပေါ့နော် ဒီနေ့ကတော့ ပုဒ်မ ၁၂၄ ထပ်တိုးတာပေါ့၊ ထောင်ဒဏ်အနှစ် နှစ်ဆယ် ချလိုက်တယ်” နိုင်ငံကျော် အဆိုတော်နဲ့ တေးရေးဆရာ နိုင်မြန်မာရဲ့ သားဖြစ်သူ အဆိုတော် ဗျူဟာ ဟာ […]

ကုလအကြီးအကဲ ခရီးစဉ် စစ်ကောင်စီ အသုံးချဟု ဒီမိုကရေစီအင်အားစုတွေ ပြစ်တင်

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရင်အပတ်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ စစ်ခေါင်းဆောင်က ကုလအကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓာတ်ပုံရိုက်ပြီး သူတို့ပိုင် မြန်မာ့အလင်းသတင်းစာမျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကို ပြည်တွင်း၊ ပြည်ပ မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးဆောင်ရွက်နေသူတွေ အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးကွပ်မျက်မှုကို ခံခဲ့ရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေတစ်နေရာမှာ လှုပ်ရှားနေတဲ့ မနီလာသိန်းက UNOCHA အနေနဲ့ တကယ် ဒုက္ခရောက်နေသူတွေကိုကူညီဖို့လိုတယ်။ သူတို့အနေနဲ့ အခုအချိန်အထိ ကုလအဖွဲ့အစည်းတွေထံကနေ အကူအညီတစ်စုံတရာ မရရှိခဲ့ဖူးပါဘူးလို့ RFA ကို ပြောပါတယ်။ မြန်မာနိုင်ငံမြေလတ်ပိုင်းရှိ 96 […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊သြဂုတ်လ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သာစည်ကျေးရွာသို့ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါး ကုသမှုခံယူ ခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူ ၃၀ ကျော်ကို စစ်အာဏာရှင် တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နှင့် ခင်ဦး မြို့နယ်တို့မှ […]

ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်လာ

အကြမ်းဖက်မှုတွေ ဆက်ရှိနေတဲ့အတွက် လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးပြီးနောက် အခု ဩဂုတ်လထဲမှာတင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတယ်လို့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးပြီး ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်ပတ်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၃၄ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ “ဒီတစ်ခါတော့ အဆုံးအဖြတ်တိုက်ပွဲဖြစ်တဲ့အတွက် အရင့်အရင်ထက်တော့ ပိုမိုပြင်းထန်ကြမ်းတမ်းလိမ့်မယ်လို့ ယူဆပါတယ်” ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊သြဂုတ်လ (၈)ရက်မှ (၁၄) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ‌လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်တပ် သား များက တနင်္သာရီတိုင်း ဒေသကြီးမှ ပြည်သူ (၅၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၁၂)ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ဒေသခံ ပြည်သူ (၂)ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ပုသိမ်-မုံရွာလမ်းမကြီးကို ဆက်သွယ်ထားသည့် ဆိပ်ဖြူလမ်းပိုင်းအား ဖျက်ဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ ဒေသခံ ပြည်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ […]

ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ

ချင်းပြည်နယ်၊ ထန်တလန်မြို့ နဲ့ ငါးမိုင်ခန့်အကွာ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ခွါဖို နှစ်ခြင်းဘုရားကျောင်း အဆောက်အအုံ အပါအဝင် လူနေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ခွါဖိုမှာ တိုက်ပွဲမရှိဘူး။ မြို့ပေါ်မှာပဲ ဖြစ်တာ။ အဲဒါ လေကြောင်းလာပစ်တော့ ဘုရားကျောင်း၊ နေအိမ်တွေ ပျက်စီးတာပေါ့။ ခွါဖိုရွာသားတွေက ထပ်လာမှာစိုးလို့ ရှောင်နေကြတယ်” ခွါဖိုရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့ ထန်တလန်မြို့ပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် […]