Entries by ndb14

, ,

လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်ဟန့်တားခြင်း (Freedom of Movement)

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်ဟန့်တား ခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။          လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ပိတ်ပင်ဟန့်တားခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အဖြစ် မှတ်တမ်းပြုနိုင်ရန်အတွက် အောက်ပါ အင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း ဖေါ်ပြရပါမည်။ ၁။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ကြားဝင်နှောက်ယှက်ခြင်း။ ၂။ ဥပဒေနှင့်မညီခြင်း ၃။ အစိုးရ၏ လုပ်ဆောင်ချက်တို့ ဖြစ်သည်။ (ခ) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို သီးသန့်ကာကွယ်မှုပေးထားသော အဓိကကျသည့် နိုင်ငံတ ကာ သဘောတူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။          လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများအရကာကွယ်မှု ပေးထားကြပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံသည် အထက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးမထားသော်လည်း၊ […]

ထောင်ဝင်စာတွေ့ရန် အကန့်အသတ်များစွာနှင့် ခွင့်ပြုမည်ဟုဆို

ထောင်ဝင်စာတွေ့လိုသူသည် ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ထံမှ ထောက်ခံစာရယူရမည်ဖြစ်ပြီး ကိုဗစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းလည်း လိုအပ်မည်ဟု ဆိုသည်။ စစ်ကောင်စီက ကိုဗစ်ကပ်ဘေးအကြောင်းပြကာ ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကာလရှည် ပိတ်ထားရာမှ ကန့်သတ်ချက်များစွာနှင့် မကြာမီ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်ဟု အကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။ နိုဝင်ဘာ (၂၄) မှ စတင်ပြီး တွေ့နိုင်သည်ဟု မန္တလေးအိုးဘိုထောင် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ ထောင်ရှေ့ရှိ ဗီနိုင်းဆိုင်းဘုတ်သစ်တွင် ထောင်ဝင်စာတွေ့မည့်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များစွာ ဖော်ပြထားသည်၊ ထိုအထဲတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းအထောက်အထား ၆ ခု စာရင်းလည်း ပါဝင်သည်ဟု သူက ပြောသည်။ “ထောင်မှာလည်း ဗီနိုင်းချိတ်ထားတယ်။ မိသားစုတွေဆီလည်း အကြောင်းကြားတယ်။ လာမယ့် အင်္ဂါကနေစပြီး လူတွေ့ရတော့မယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၁၅)ရက်မှ (၂၁)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှ ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရှိခဲ့သည်။ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ပြည်သူ (၇)ဦးကို စစ်အာဏာရှင် လက်အောက်ခံ ခရိုင်တရားသူကြီးမှ သေဒဏ် ချမှတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ […]

ကရင်နီစစ်ဘေးဒုက္ခသည် ကလေးတွေကို စာသင်ပေးနေသူ

စစ်တပ်အာဏာမသိမ်းခင်အချိန်က မခင်စန္ဒာညွန့်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတွေအကြောင်း လေ့လာရင်း မနုဿဗေဒဘွဲ့လွန်အတွက် သုတေသနစာတမ်းတွေ ရေးသားပြုစုရင်း တစ်ဖက်ကလည်း လူငယ်ရေးရာလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေသူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ သုတေသနမှတ်တမ်းတင်ရာမှာ လိုအပ်လို့ သူသင်ယူထားတဲ့ ဓာတ်ပုံပညာနဲ့ ရန်ကုန်မြို့က သပိတ်စစ်ကြောင်းတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ အဲဒီကနေ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ကို ၂၀၂၁ စက်တင်ဘာလမှာ ထွက်ခွာခဲ့ပါတယ်။ “၂၀၂၁ ခုနှစ် ၅ လပိုင်းနောက်ပိုင်း ကရင်နီမှာက တိုက်ပွဲတွေ တအားပြင်းထန်တယ်။ အဲဒီလိုဆိုတော့ ကျွန်မအတွက် ကရင်နီပြည်နယ်က နယ်မြေဒေသအသစ်ဖြစ်တယ်။ စိန်ခေါ်မှုတွေလည်း များမယ်။ လေ့လာစရာတွေလည်း အများကြီးရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ ကရင်နီရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့လည်း အနည်းအကျဉ်းလေး သိထားတာရှိတယ်။ စိတ်ဝင်စားတယ်။ အဲဒီလိုဆိုတော့ ကျွန်မ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ အသက်မပြည့်သေးသူ အပါအဝင် ပြည်သူ (၂)ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာလ (၉) ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာရှိ မုန်လိုင်ချက် စစ်ဘေးရှောင် စခန်းကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် (၁၃)ဦး အပါအဝင် ပြည်သူ (၃၂)ဦး သေဆုံးခဲ့သည်။ အောက်တိုဘာလ (၁၃)ရက် နေ့မှ စ၍ ချင်းပြည်နယ် တီးတိန်မြို့ကို စစ်အာဏာရှင်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ […]

ဒုက္ခသည်စခန်းကို တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။ စစ်ကောင်စီက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို ပစ်ခတ်တဲ့ တစ်ချိန်တည်းမှာပဲ လိုင်ဇာမြို့က ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားရရှိဖို့ ကချင်လူထု၊ KIO/KIA တို့နဲ့အတူ မဟာမိတ်သုံးဖွဲ့က တစ်သားတည်းရှိကြောင်း ပါရှိပါတယ်။ ဒါ့အပြင် […]

တိုက်ခိုက်ခံရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ အရေးပေါ်အကူအညီ လိုအပ်နေ

လေ‌ကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ အစားအသောက်နဲ့ နေစရာအပါအဝင် စောင်၊ အနွေးထည်၊ အဝတ်အစားနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေသေးတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ဆိုပါတယ်။ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေး ၁၁ ဦးပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၃၃ လုံးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးရှိတယ်လို့လည်း ဆိုပါတယ်။သေဆုံးခဲ့သူတွေကို အောက်တိုဘာလ ၁၀ […]

လိုင်ဇာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပြော

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ၊ ပေါက်ကွဲမှုကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး အထိ ဒဏ်ရာရခဲ့တဲ့အကြောင်း KIA အဖွဲ့နဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေ ဒဏ်ရာရခဲ့တဲ့အကြောင်း သိရတဲ့အတွက် အလွန်မှပဲ စိုးရိမ်ပူပန်မိပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေဟာ ခိုလှုံစရာနေရာတွေ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၁)ရက်မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေကြီး နှင့် ကယားပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ (၁)ရက်နေ့၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး မှ ဒေသခံ ပြည်သူ (၁၁)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး (၅)ဦးကို လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာ […]

စစ်ကြောင်းထိုးလို့ ကန့်ဘလူဒေသခံ သုံးထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်သား ၂ဝဝ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရွာသား သုံးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ ရွာတွေထဲ စစ်ကြောင်းလှည့်လည်နေတာကြောင့် အနီးတစ်ဝိုက် ရွာဆယ်ရွာက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေတာလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးကို စိုးမိုးထားနိုင်ဖို့ အဲဒီကားလမ်းဘေးမှာရှိတဲ့ ငှက်ပျောတိုင်းရွာမှာ အထိုင်ချဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကြောင်းဖြတ်သန်းပြီးသွားတဲ့ရွာတွေက ဒေသခံတချို့ ရွာတွေထဲ ပြန်နေကြပြီဖြစ်ပေမဲ့ စခန်းချနေတဲ့ ငှက်ပျောတိုင်း၊ ပေကြီး၊ ခအုံးတာ စတဲ့ ရွာသုံးရွာက ဒေသခံတွေကတော့ ဆက်ပြီး ထွက်ပြေးနေရပါတယ်။ ကန့်ဘလူ-ကျွန်းလှ […]