Entries by ndb14

နမ့်ခမ်းမှာ လက်နက်ကြီးကျည်ကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက်မှာ စစ်ကောင်စီရဲ့ စခန်းသစ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူ လေးဦးထဲမှာတော့ သုံးနှစ်အရွယ်ကလေးတစ်ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူလေးဦးဟာ နမ့်ခမ်းဆေးရုံမှာ ဆေးကုသခံနေပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့လည်း TWO ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၂၁ရက်နေ့က နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာလို့လည်း TWO က ဆိုပါတယ်။ […]

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး တိုးလာ

အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်၊ တိုင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၈၆,၀၀၀ ‌ကျော် ရှိလာတယ်လို့ OCHA က ဖော်ပြထားတာပါ။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် ၁၈၇ ဦးဟာ ပဋိပက္ခတွေအတွင်းမှာ သေဆုံးခဲ့ရပြီး ၂၄၆ ဦး ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့ ရေးသားထားပါတယ်။ ဒီလိုစစ်ဘေးဒုက္ခသည်တွေ တိုးလာတာဟာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ပြီး ရှိနေပြီးသား […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊နို၀င်ဘာလ (၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ နိုဝင်ဘာလ (၈)ရက်မှ (၁၄)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၅)ဦးကျော် သေဆုံးခဲ့ရပြီး (၁၀)ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ မြို့နယ်(၈) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် […]

စစ်ကိုင်းတိုင်း ထီးချိုင့်တွင် လေတပ်ကြောင့် အရပ်သား ၂၀ နီးပါး သေဆုံး

ထီးချိုင့်မြို့နယ်ကို လေတပ်က ဗုံးကြဲမှုကြောင့် သေဆုံးကြသူများထဲတွင် ၅ နှစ်အောက် ၃ ဦး ပါဝင်သည်၊ တိုက်ပွဲကာလ ရှို့မီးရှို့ကြောင့်လည်း မြို့ပေါ်ရှိ အိမ်များ ပိုမိုပျက်စီးရသည်ဟု သိရသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၀ နီးပါး သေဆုံးပြီး၊ ပျောက်ဆုံးနေသူတချို့လည်း ရှိနေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောသည်။ နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်းကို KIA, AA, ABSDF နှင့် PDF ‌တပ်ပေါင်းစုက ပိတ်ဆို့လိုက်ပြီးနောက် မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ ထိုနေ့မှ စတင်ကာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့က နေ့စဉ် ၃ ကြိမ်မှ ၈ ကြိမ်ခန့်အထိ ရောက်လာသည်၊ ထီးချိုင့်မြို့ပေါ်ကိုသာမက […]

မြေမြှုပ်မိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ်အတွင်း လူ ၅ဝဝ ကျော် သေဆုံးခဲ့

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ Landmine Monitor မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၄၉ ခုနဲ့ တခြားနေရာဒေသ ၂ ခုမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရသူ စုစုပေါင်းကတော့ ၄၇၁ဝ ဦးရှိတယ်လို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ အတည်ပြဋ္ဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေး သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ထိုးထားပေမယ့် အဲဒီစာချုပ်ကို ဒီနေ့အထိ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတွေဟာ မြေမြှုပ်မိုင်းတွေကို ပြီးခဲ့တဲ့နှစ်အတွင်း အများအပြားချထားအသုံးပြုခဲ့တယ်လို့ Landmine Monitor အဖွဲ့ရဲ့ ဒီကနေ့ (အင်္ဂါနေ့) […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊နို၀င်ဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ နိုဝင်ဘာလ (၁)ရက်မှ (၇)ရက်နေ့ အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားခဲ့သူ ၅ ဦး အဖမ်းခံခဲ့ရသည်။ တနင်္သာရီမြို့နယ်တွင် ဆန်တင်လာသည့်ကားများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး ဆန်အိတ် များကို သိမ်းယူခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် […]

လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား လမ်းပိုင်းမှာ အရပ်သားရှစ်ရာခန့် ပိတ်မိနေ

မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာနားမှာ လောက်ကိုင်ကနေ နေရပ်ပြန်လာကြတဲ့ အရပ်သားရှစ်ရာလောက် ပိတ်မိနေတယ်လို့ အဲဒီမှာ ပိတ်မိနေသူတွေက ပြောပါတယ်။ လက်ရှိအားလုံးဟာ လမ်းဘေးမှာပဲ ဖြစ်သလိုနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင်ပိတ်မိ နေတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။ “ပါစင်ကျော်အကျော် ချင်းရွှေဟော်သွားတဲ့လမ်းမှာ ပိတ်မိနေတာ။ ပြန်ဝင်တဲ့အချိန် လောက်ကိုင်ဘက်မှာ ဒီဘက်က မြောင်းတူးလိုက်တယ်ပြောတယ်။ ကျွန်မတို့လည်း မသွားနိုင်တော့ဘူး အဲလိုဖြစ်သွားတာ။ စားဖို့ သောက်ဖို့ကတော့ ပါတဲ့သူတွေက ခေါက်ဆွဲခြောက်တွေစား ပါတဲ့ရေကုန်ရင်တော့ ကုန်ပြီ။ တချို့ကျတော့လည်း လမ်းဘေးမှာ ကြံခင်းရှိတယ်၊ အဲဒီကြံခင်းက ကြံတွေ ချိုးစားနေရတာ။ တချို့စားလို့ရတဲ့ အသီးအရွက်တွေ ဒီအတိုင်း ခူးပြီး စားနေရတာ။ အိပ်တာကတော့ လမ်းဘေးမှာ ဖြစ်သလို […]

ညောင်လေးပင်မှာ တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ထပ်တိုး

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။ “တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ ဒီအောက်တိုဘာ နောက်ဆုံးပတ်ထဲမှာပဲ စကစဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေကြောင့် မုန်းမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် IDP ဦးရေ ငါးထောင်အထိ ထပ်တိုးလာပြန်ပါပြီ” အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ KNU […]

အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်

အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမျိုးသမီးတွေထဲက တစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာ သေဆုံးခဲ့ပြီး ကျန် တစ်ဦးကတော့ မိုင်းနင်းမိလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင် တပ်သားများက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှ ပြည်သူ (၅)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ တောင်သူများမှ စစ်အာဏာရှင်တပ်ကို ငွေကြေးပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူများကို ခံဝန်ထိုးရန် စစ်အာဏာရှင်တပ်သားများက ခြိမ်းခြောက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ဦးကျော် သေဆုံးခဲ့ပြီး (၃၄)ဦးခန့် […]