Entries by ndb14

လိုင်ဇာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပြော

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ၊ ပေါက်ကွဲမှုကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး အထိ ဒဏ်ရာရခဲ့တဲ့အကြောင်း KIA အဖွဲ့နဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေ ဒဏ်ရာရခဲ့တဲ့အကြောင်း သိရတဲ့အတွက် အလွန်မှပဲ စိုးရိမ်ပူပန်မိပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေဟာ ခိုလှုံစရာနေရာတွေ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အောက်တိုဘာလ (၁)ရက်မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေကြီး နှင့် ကယားပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ (၁)ရက်နေ့၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် စစ်အာဏာရှင်တပ်သားများ၏ ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ စစ်ကိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး မှ ဒေသခံ ပြည်သူ (၁၁)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး (၅)ဦးကို လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာ […]

စစ်ကြောင်းထိုးလို့ ကန့်ဘလူဒေသခံ သုံးထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်သား ၂ဝဝ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရွာသား သုံးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ ရွာတွေထဲ စစ်ကြောင်းလှည့်လည်နေတာကြောင့် အနီးတစ်ဝိုက် ရွာဆယ်ရွာက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေတာလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးကို စိုးမိုးထားနိုင်ဖို့ အဲဒီကားလမ်းဘေးမှာရှိတဲ့ ငှက်ပျောတိုင်းရွာမှာ အထိုင်ချဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကြောင်းဖြတ်သန်းပြီးသွားတဲ့ရွာတွေက ဒေသခံတချို့ ရွာတွေထဲ ပြန်နေကြပြီဖြစ်ပေမဲ့ စခန်းချနေတဲ့ ငှက်ပျောတိုင်း၊ ပေကြီး၊ ခအုံးတာ စတဲ့ ရွာသုံးရွာက ဒေသခံတွေကတော့ ဆက်ပြီး ထွက်ပြေးနေရပါတယ်။ ကန့်ဘလူ-ကျွန်းလှ […]

ပုလဲနဲ့ ဆားလင်းကြီးမှာ ဆယ်ဦး အဖမ်းခံရပြီး ငါးထောင်နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်ကစလို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာကြောင့် ရွာသား ဆယ်ဦးခန့် ဖမ်းဆီးခံရပြီး၊ လူ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၄ ရက် မနက် ၁၀ နာရီခွဲကျော်မှာ ဆားလင်းကြီးနဲ့ ယင်းမာပင် မြို့နယ်ကြားက ရွာတွေကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတာပါ။ အောက်တိုဘာ ၅ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာတော့ ဆားလင်းကြီးနဲ့ ယင်းမာပင်ဘက်ကနေ ထွက်လာတဲ့ အင်အား သုံးရာခန့်ပါတဲ့ စစ်ကြောင်းဟာ ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာကို ရောက်လာပြီး ရွာသား ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ […]

ဖရူဆိုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်အခြမ်းကရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ဒီနေ့ ၆ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခြောက်ရွာက ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ညက ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့သလို ဒီနေ့မနက် ၁၁ နာရီခန့်မှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတွေ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေရတာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။ “ဗုံးကြဲခံရတယ်။ ပြီးတော့ လက်နက်ကြီးတွေလည်း အထုခံနေရတယ်။ နောက်ပြီး ဒီမနက်ပေါ့နော် ၁၁ နာရီလောက်မှာလည်း ဟယ်လီကော်ပတာနဲ့ ဖရူဆိုအရှေ့ဘက်အခြမ်းကို လာပြီးပစ်နေတာလည်းရှိတယ်။ လူထုကတော့ ပိတ်မိတယ်ဆိုတာထက် စစ်ပြေးဖို့နေရာက ဘယ်ကိုပြေးရမှန်းမသိဘူး ဖြစ်နေတာ” ထွက်ပြေးနေရသူတွေဟာ ဖရူဆိုနဲ့ […]

မန္တလေး မတ္တရာတွင် ၂ ရက်အတွင်း လူ ၄ ဦးသတ်ခံရ

မန္တလေးမြို့မြောက်ဘက်ကပ်လျက်တွင် ရှိသည့် မတ္တရာမြို့နယ်တွင် ယခုလ အောက်တိုဘာ ၂ နှင့် ၃၊ နှစ်ရက်တာ ကာလအတွင်း နိုင်ငံရေးနှင့် ပတ်သက်ပြီး အနည်းဆုံး ၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီက ဒေသခံတချို့ကို တော်လှန်ရေးသမားသံသယနှင့် သတ်ဖြတ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသခံတချို့ကို သတင်းပေးဒလန်ဟု ယူဆကာ သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက သဖန်းကိုင်းကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၄၆ နှစ်အရွယ် ဦးသန်းထွန်းကို သတ်ဖြတ်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။ “ကိုသန်းထွန်းက လွန်ခဲ့တဲ့ ငါးရက်လောက်က စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံထားရသူပါ။ အခု သူ့အလောင်းကို ပြန်တွေ့ချိန်မှာ ရိုက်နှက်နှိက်စက်ထားပုံရတယ်၊ ပေါင်ကို ဓားနဲ့ ထိုးခံရပြီးတော့ အဲ့ဒီဒဏ်ရာကနေ သွေးထွက်လွန်သေဆုံးတာလို့ ယူဆရပါတယ်။ သူ့အလောင်းကို တွေ့ချိန်မှာ […]

စစ်ကောင်စီတပ် အဓမ္မစေခိုင်းမှုများ ကုလစုံစမ်းရေးအဖွဲ့ ဖော်ထုတ်

စစ်တပ်အတွင်း အဓမ္မခိုင်းစေနေတာနဲ့ အလုပ်သမားသမဂ္ဂတွေကို အကြမ်းဖက်နေတာတွေ အားလုံး ရပ်တန်းက ရပ်ဆိုင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို မြန်မာ့အရေး စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။ အဓမ္မခိုင်းစေမှုဆိုင်ရာ တားမြစ်ချက်နဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်တွေ ကို စစ်ကောင်စီက ချိုးဖောက်တာကို ကုလသမဂ္ဂ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို စစ်အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းတဲ့နောက် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာပါ။ ILO ထူထောင်ချိန် ၁၉၁၉ ကစလို့ အခုလို အဆင့်အမြင့်ဆုံး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်တာမျိုးက ၁၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ RFA Burmese

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊စက်တင်ဘာ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်းတွင် စစ်အာဏာရှင်တပ်သားများက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးမှ ပြည်သူ (၆)ဦးကို စစ်တပ်သား များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသူ ကလေးငယ်(၁၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (၂၇)ဦး အပါအဝင် ဒေသခံပြည်သူ (၃၂)ဦး သေဆုံးခဲ့ရသည်။ မြေမြှုပ်မိုင်းများကြောင့် […]

, ,

အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Forced Relocation)

အတင်းအဓမ္မရွှေ့ပြောင်းခံရခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန်အ တွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် ချိုးဖောက်မှုမြောက်သော အချက်အလက်များ ထင်ရှားကြောင်း သက် သေ တင်ပြရပါမည်။ ၁။ တစုံတဦး၏ အိုးအိမ် သို့မဟုတ် မြေနေရာမှာ ဖယ်ရှားခံရခြင်း ၂။ အကြောင်းမဲ့ အတင်းအကျပ် ဖယ်ရှားပစ်ခြင်း ၃။ အလိုမတူခြင်း သို့မဟုတ် ဆန္ဒမပါဘဲ လုပ်ဆောင်ခြင်း ၄။ အစိုးရ၏ လုပ်ဆောင်ချက်တို့ ဖြစ်သည်။ (ခ) အကြောင်းမဲ့ အတင်းအကျပ်ရွှေ့ပြောင်းခြင်းဆိုသည်မှာ မည်ကဲ့သို့သော အကြောင်းချင်း ရာဖြစ်သ နည်း။ အကယ်၍ ရွှေ့ပြောင်းခြင်းသည် တရားမျှတမှုမရှိခြင်း၊ ရုတ်ချည်းပြောင်းရွှေ့ရခြင်း၊ ကျိုးကြောင်းဆီ လျော်မှုမရှိခြင်း သို့မဟုတ် အများပြည်သူ အကျိုးစီးပွားနှင့် မဆီလျော်ပါက ယင်းရွှေ့ပြောင်းခြင်းကို အ ကြောင်းမဲ့ သက်သက် ရွှေ့ပြောင်းခြင်းမှုဟု ခေါ်ဆိုနိုင်ပါသည်။ […]

ရွှေကျင်မြို့နယ် ပုဇွန်မြောင်းရွာသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းရွာက ဒေသခံအမျိုးသား သုံးဦးကို စက်တင်ဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေဦး၊ အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဦးကြီးတို့ကို စစ်ကောင်စီခမရ -၂၀ က ဖမ်းဆီးခဲ့တာပါ။ စက်တင်ဘာလ ၃၀ ရက်မှာတော့ ဦးမင်းမင်းနဲ့ ဦးကြီးတို့ နှစ်ဦးသတ်ဖြတ်ခံရပြီး ကိုဖြိုးဝေဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ် ခဲ့တာလို့ လုံခြုံရေးကြောင့် […]