Entries by ndb14

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖေဖော်ဝါရီ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဖေဖော်ရီ(၅)ရက်နေ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၄)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ ဒေသခံပြည်သူ (၃၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ မန္တလေး အိုးဘို ထောင်မှ […]

မအူပင် ရေကာတာကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း မအူပင် ရေကာတာကျေးရွာမှာ ဂိတ်ထိုင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကျော်လောက်မှာ လာရောက်တိုက်ခိုက်ပြီးနောက် နေအိမ် ၁၂ လုံးကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ “မနက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကထန်ယန် – လွယ်ဆိုင်ဘက်က တက်လာတဲ့တပ်တွေလို့ ပြောတယ်။ ရှမ်းနီတွေလည်းပါတယ်။ ရွာမီးရှို့တာ ၁၂ အိမ်ပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ မအူပင်ရေကာတာကျေးရွာက အိမ်ခြေ ၂၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂ အိမ်က မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ “KIA စစ်သားတွေကတော့ ကျေးရွာဘက်ကို အထိမခံချင်​​ကြဘူးလေ။ သူတို့ဆုတ်တာနဲ့ စစ်တပ်နဲ့ […]

တော်လှန်ရေး ရဲဘော် ၂ ဦးကို ပျူစောထီးအဖွဲ့က  ဖမ်းဆီးနှိပ်စက်ပြီး အရှင်မီးရှို့သတ်ဖြတ်

မကွေးတိုင်း ယောဒေသကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေက ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပကဖကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ YDF ရဲဘော် ၂ ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ  ၂ ဦးကို  သံကြိုးနဲ့ တုပ်ကာ ကားနဲ့ဆွဲခေါ်  နှိက်စက်ပြီး နောက်ဆုံးမှာ မြောက်ခင်ရမ်းရွာ မြောက်ဘက်အထွက် ဆေးရုံရှေ့ ကုက္ကိုလ်ပင်မှာအရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက “ ၁၁ လပိုင်း ၇ ရက်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ပါ။ ကြိုးနဲ့ဆွဲတာရော […]

အရပ်သားများအား တိုက်ခိုက်မှု ရပ်ရန် လုံခြုံရေးကောင်စီ ၉ နိုင်ငံ စစ်ကောင်စီကို တောင်းဆို

အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု ရပ်ရန်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဝင် ၉ နိုင်ငံက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်သည်။ UNSC အဖွဲ့ဝင်များဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အီကွေဒေါနှင့် မော်လ်တာ နိုင်ငံများသည် တနင်္လာနေ့က UNSC ၏ မြန်မာ့အရေး အစည်းအဝေး မကျင်းပမီ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သည်။ ထို ၉ နိုင်ငံတွင် UNSC အမြဲတမ်းနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ပါဝင်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည် […]

ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု

စစ်ဝတ်စုံနဲ့လက်နက်ကိုင်လူတွေက အရပ်ဝတ်နဲ့လူငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမရှင် မီးရှို့သတ်လိုက်တဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခု အွန်လိုင်းလူမှုကွန်ယက်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပေါ်ထွက်ခဲ့သလို RFA ကလည်း လက်ခံရရှိခဲ့ပါတယ်။ ဒီဗီဒီယိုမှာ မြင်ရတာက စစ်တပ်အာဏာသိမ်းပြီး နောက်မှာ မကြာခဏမြင်ရတတ်တဲ့ ညှဉ်းပန်းနှိပ်စက်နေပုံတွေပါ။ အရပ်ဝတ်နဲ့ လူငယ်နှစ်ယောက်ရဲ့ခြေထောက်တွေကို ထိပ်တုံးခတ်၊ လက်တွေကို နောက်ပြန်ကြိုးတုပ်ထားပြီး စစ်ဝတ်စုံနဲ့ လက်နက်ကိုင်လူတွေက မေးမြန်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားဖြစ်ရပ်တွေထက် ထူးခြားနေတာက အဲဒီ လူငယ်နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့နေတာပါ။ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်အပေါ်မှာ သူတို့ရဲ့ အော်ဟစ်ညည်းညူ သံကြားရပြီး၊ အရပ်ဝတ်နဲ့လူအုပ်ကြီးက ဝိုင်းကြည့်နေတာလဲ တွေ့ရပါတယ်။ ရုပ်သံဖိုင်အစပိုင်းမှာ စစ်ဝတ်စုံနဲ့လူတွေက ဖမ်းမိထားတဲ့ လူငယ်နှစ်ယောက်ကို ဘယ်ရွာကလဲလို့ မေးမြန်းနေသံကြားရပြီး၊ ပထမလူငယ်က စမိတ်ရွာကပါ လို့ပြန်ဖြေနေသလို၊ ဒုတိယလူငယ်က […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ (၁)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ(၅)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တပတ် အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရသည်။ မကွေးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူ တဦး ဆေးကုသခွင့် လုံလောက်စွာ မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ကျော် […]

ခရစ်ယာန်ဘာသာကို ဖိနှိပ်မှုအတွက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်ကိုတောင်းဆို

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံလူဦးရေရဲ့ ၆.၂ ရာခိုင်နှုန်းရှိတဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အကြောင်း အမေရိကန် နိုင်ငံ၊ မေရီလန်း ပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Chin Association of Maryland က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်လိုက်တာနဲ့အတူ၊ မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေအကြောင်းကို အမေရိကန်နိုင်ငံအစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၂၉ရက်က ဝါရှင်တန်ဒီစီမြို့တော်ကအမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲ အခမ်းအနားကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် ခရစ်စ် စမစ် […]

အာဏာသိမ်းပြီး သုံးနှစ်အကြာ မြန်မာပြည်

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့သုံးနှစ်က အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခက်အခဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး တစ်တိုင်းပြည်လုံးမှာလည်း စစ်မီးတောက်လောင်ခဲ့ပါတယ်။ ဒီသုံးနှစ်အတွင်း စစ်တပ်ရဲ့အာဏာတည်မြဲရေး ကြိုးပမ်းမှုအတွင်းမှာလည်း အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့သလို လူပေါင်း နှစ်သန်းခြောက်သိန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လူပေါင်း နှစ်သောင်းနီးပါးလည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။ သေဆုံးသူတွေဟာ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ ရွာတွေမှာ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ စတဲ့နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံရတာဖြစ်ပါတယ်။ သုံးနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုပါ။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့အမျိုးသမီးတွေအပါအဝင် လူ ၁၇ဝ […]

ကျွန်းလှမြို့ကို စစ်ကြောင်းရောက်လာတာကြောင့် ဒေသခံ တစ်သောင်းကျော် ကြိုတင်ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို ဇန်နဝါရီလ ၂၉ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်သား အင်အားသုံးရာကျော် ရောက်လာတာကြောင့် အနီးအနားရွာ ဆယ်ရွာကျော်က ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ခြောက်ရာနီးပါး၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်တဲ့ ညောင်ကိုင်းရွာ အပါအဝင် လွှတ်တိုက်၊ သဖန်းဆိပ်၊ အင်းဂေါင်း၊ ညောင်ကိုင်း၊ ကြာတကံ၊ အင်လှ၊ မြနှစ်ရွာစတဲ့ အနီးအနားမှာရှိတဲ့ ရွာဆယ်ရွာကျော်က ဒေသခံ တစ်သောင်းကျော် ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၃၀ ရက်ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာ မရှိသေးပေမယ့် ကျွန်းလှမြို့ပေါ်မှာ အထိုင်ချနေတယ်လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “အခုလောလောဆယ်တော့ […]

မြန်မာ့လူ့အခွင့်အရေး ပိုဆိုးဝါးလာကြောင်း ကုလသမဂ္ဂထုတ်ပြန်
