ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာအယောက် တစ်ရာကျော်သေဆုံးခဲ့ရပြီး ရိုဟင်ဂျာအယောက် ၂ဝဝ ကျော် ဒဏ်ရာရခဲ့တဲ့အပြင် ရာနဲ့ချီ မတရားဖမ်းဆီးခံနေရတယ်လို့ ရိုဟင်ဂျာတရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က ထောက်ပြထားပါတယ်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး […]