လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၈)ရက်နေ့မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်ထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ထောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင် တို့တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသားများ ကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အနေဖြင့် ဆေးကုသခွင့် လုံလောက်စွာ ရရှိရန် လိုအပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်က […]