အခွန်ကြောင့် ပြည်သူလူထု ဒုက္ခရောက်ကြောင်း အစီရင်ခံစာ ထုတ်ဝေ
(ခေတ်ပြိုင်) “ဗိုက်မှောက်နေရသည့် ဘဝများ” ဟူသည့်အမည်ဖြင့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ဝေလိုက်သည်။ မြန်မာနိုင်ငံအတွင်း အခွန်ငွေကောက်ခံမှုများကြောင့် ပြည်သူလူထု ဒုက္ခပင်လယ်ဝေရကြောင်းကို စုစည်းတင်ပြထားသည့် အဓိက အခန်း (၃) ခန်းပါဝင်ကာ စာမျက်နှာ (၁၄၀) ရှိသည့် အစီရင်ခံစာကို ယနေ့နံနက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် သတင်းစာရှင်လင်းပွဲပြုလုပ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
