စစ်အစိုးရကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အင်ဒိုနီးရှားအမတ်များ ထောက်ခံ
(RFA) မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့အပေါ် အင်ဒိုနီးရှားလွှတ်တော် အမတ်တွေက ထောက်ခံ ပြောဆိုလိုက်ပါတယ်။
