သတင်းသမား ဖိနှိပ်မှုအဆိုးဆုံး မြန်မာ စတုတ္ထ ချိတ်
ဟိန်းသူ သတင်းသမားများ ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာတွင်ရှိကြောင်း သတင်းသမား များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
This author has not written his bio yet.
But we are proud to say that ndb14 contributed 1375 entries already.
ဟိန်းသူ သတင်းသမားများ ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာတွင်ရှိကြောင်း သတင်းသမား များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
2010-12-05 မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ စစ်ရေး မတည်ငြိမ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသား ပင်ပေါင် ဘောလုံးသဖွယ် ထိုင်းဘက်ကနေ အချိန်မတန်ခင် အကြိမ်ကြိမ် ပြန်ပို့နေတာကို ရပ်တန့်ဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-12-06 ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသမှာ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေ အကြား ရက်ရှည် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် အရေအတွက် နှစ်ထောင်နီးပါးအထိ ရှိပြီလို့ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက RFA ကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ကျန်မာရေး အခြေအနေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောရကောင်းလား ဆိုပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားရဲ့မိသားစုကို သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့လာမဲ့နှစ်လဟာ မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘယ်လိုနေရာယူလာမလဲဆိုတဲ့ အဆုံးအဖြတ်ပေါ်ထွက်လာနိုင်တဲ့အတွက် ဒီနှစ်လဟာ အလွန်အရေးကြီးတယ်လို့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။
သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။
ဧရာဝတီ မကွေးတိုင်း ရေနံချောင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၇၇ မှ တပ်သားတဦးက ရွာသစ်ကျေးရွာမှ အမျိုးသမီးငယ်တဦးကို အဓမ္မ သားမယား ပြုကျင့်ခဲ့သော်လည်း သက်ဆိုင်ရာတပ်ရင်းမှ အဆိုပါ ပြစ်မှုကျူးလွန်သည့် တပ်သားကို အရေးယူခြင်း တစုံတရာ မရှိကြောင်း သတင်းရသည်။
အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အစိုးရိမ်ရဆုံး ၈ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
သတင်းထုတ်ပြန်ကြေငြာချက် ရက်စွဲ – ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အစီရင်ခံစာကို ဖြန့်ဝေခြင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ၎င်း၏ “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” ဟုအမည်ပေးထားသည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာကို ထုတ်ဝေဖြန့်ချီလိုက်သည်။
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
