မြန်မာစစ်ခေါင်းဆောင်အချို့ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံရဖွယ်ရှိ
ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုမှာ မြန်မာစစ်ခေါင်းဆောင်အချို့နဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေရဲ့ နာမည်စာရင်းကို တင်သွင်းထားပြီး၊ စွပ်စွဲခံရသူတွေကို အခုနှစ်အတွင်းမှာ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီအမှုအတွက် တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ တိုးမာ့စ် ကင်တားနားက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။______RFA – မစ္စတာ ကင်တားနား ခင်ဗျာ။ အခု မြန်မာစစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်နဲ့ အာဂျင်တီးနား တရားရုံးမှာ စွဲဆိုထားတဲ့ အမှု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ ခင်ဗျ။ မစ္စတာ ကင်တားနား – ဒီအမှုက ရှေ့ဆက်သွားနေပါတယ်။ အမှုအတွက် လိုအပ်တဲ့ […]