Entries by ndb14

နိုင်ငံရေး အကျဉ်းသား လွှတ်ရေး မြန်မာ့ မိတ်ဆွေ အဖွဲ့ တောင်းဆို

(BBC) မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ လာမဲ့ ရွေးကောက်ပွဲဟာ အများ ယုံကြည်လက်ခံမှု ရှိအောင် နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်ဖို့ လိုတယ်လို့ တက်ရောက်တဲ့ ဝန်ကြီးများက ဆွေးနွေးကြပါတယ်။

နိုင်ငံရေး အကျဉ်းသား လွှတ်ဖို့ တောင်းဆို

(BBC) နအဖက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပြီး အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် လုပ်ဖို့ သမ္မတ အိုဘားမားနဲ့ အာဆီယံ ခေါင်းဆောင် တွေက နအဖကို တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီ

(BBC) မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေကို ဖော်ထုတ်နေတဲ့ အဖွဲ့အစည်း ၁၃ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို စုစည်းပြုစုထားတဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်။

ချက်နိုင်ငံ ဒုတိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာ ရှနိုင်ဒါ မြန်မာ့အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေး

(စက်တင်ဘာ ၂၃) ချက်နိုင်ငံ ဒုတိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာ ဂျီရီ ရှနိုင်ဒါ သည် မြန်မာ့အတိုက်အခံ ကိုယ်စားလှယ်များနှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ထိုအစည်းအဝေးအတွင်း လက်ရှိ မြန်မာနိုင်ငံ၏ အရေးပေါ် အခြေအနေ အရပ်ရပ်အပေါ် ဆွေးနွေးခဲ့ကြပါသည်။

,

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (ဇန္နဝါရီ- ဇူလိုင် ၂၀၁၀)

လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (အဲန်ဒီ ဘားမား) သည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများမှ စစ်အစိုးရ၏ အာဏာအလွဲသုံး ဖိနှိပ်ချုပ်ချယ်မှုများကို မည်သို့ဆန့်ကျင် ရင်ဆိုင်သည်ဆိုသည့်

နိုင်ငံရေးအကျဉ်းသားဟောင်း သခင်အုန်းမြင့်ကွယ်လွန်

သတင်းထုတ်ပြန်ချက် ၁၇၊စက်တင်ဘာလ၊၂၀၁၀ နို်င်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် သခင်အုန်းမြင့်သည် ယနေ့နံနက်(၁၇၊ စက်တင်ဘာလ ၂၀၁၀) ၄ နာရီ ၃၀ မိနစ် တွင် ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

,

ဗိုက်မှောက်နေရသည့် ဘဝများ

ဗိုက်မှောက်နေရသည့် ဘဝများ မြန်မာနိုင်ငံရှိ အတင်းအကျပ်နှင့် အကျင့်ပျက်ခြစားနေသည့် အခွန်ကောက်ယူမှုစနစ်၏ မမြင်သာသည့် ဆိုးကျိုးသက်ရောက်မှုများ အစိုးရက ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေပေးဝေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ် စသည်ကဲ့သို့သော

“ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

(ရိုးမ၃) မြန်မာစစ်အစိုးရ၏ မတရားအခွန် ကောက်ခံနေမှုများနှင့်ပတ်သက်၍ “ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ဖြန့်ဝေခဲ့သည်။

အခွန်ကြောင့် ပြည်သူလူထု ဒုက္ခရောက်ကြောင်း အစီရင်ခံစာ ထုတ်ဝေ

(ခေတ်ပြိုင်) “ဗိုက်မှောက်နေရသည့် ဘဝများ” ဟူသည့်အမည်ဖြင့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ဝေလိုက်သည်။ မြန်မာနိုင်ငံအတွင်း အခွန်ငွေကောက်ခံမှုများကြောင့် ပြည်သူလူထု ဒုက္ခပင်လယ်ဝေရကြောင်းကို စုစည်းတင်ပြထားသည့် အဓိက အခန်း (၃) ခန်းပါဝင်ကာ စာမျက်နှာ (၁၄၀) ရှိသည့် အစီရင်ခံစာကို ယနေ့နံနက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် သတင်းစာရှင်လင်းပွဲပြုလုပ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

အခွန်အမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖေါက်

(BBC) မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားပြီး အတင်းအကြပ် အခွန်ကောက်ခံမှု တွေကြောင့် ကျေးလက်ဒေသမှာ အများစု နေထိုင်ကြတဲ့ ပြည်သူတွေ စားစရာမရှိဘဲ ဗိုက်မှောက်နေကြရပြီလို့ လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်အဖွဲ့ ND – Burma က အစီရင်ခံစာ တရပ် ထုတ်ပြန်လိုက်ပါတယ်။