ND Burma နှင့် HRDP တို့ ပူးတွဲ၍ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်း ကောက်ယူခြင်းဆိုင်ရာသင်တန်း ဧရာ၀တီတိုင်းတွင် ပြုလုပ်
ဧရာ၀တီတိုင်းဒေသကြီး၊ဘိုကလေးမြို့တွင် ND Burma (လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ) နှင့် HRDP (လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့) တို့ ပူးတွဲပြုလုပ်သော “လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းခြင်းဆိုင်ရာသင်တန်း” ကို ဘိုကလေးမြို့၊အမှတ်(၄)ရပ်ကွက်ရှိ အလင်းတံခါးအခမဲ့ပညာရေးသင်တန်း တွင်၁၂-၈-၂၀၁၃ မှ ၁၈-၈-၂၀၁၃ ထိ ၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။
