လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေရှိနေကြောင်း PPNM ထုတ်ပြန်
လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတချို့မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေ အပါအဝင် ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ ရန်ကုန်တိုင်း ဗဟန်းနဲ့ ကော့မှူးမြို့နယ်တို့က သင်တန်းကျောင်း နှစ်ခုနဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က လူငယ်သင်တန်းကျောင်းတို့မှာ အခွင့်အရးချိုးဖောက်မှုတွေ ကြုံနေရတာလို့ ဆိုပါတယ်။ အဲဒီသင်တန်းကျောင်းတွေမှာ အမျိုးသမီးငယ်တွေကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး အပြစ်ပေးတာ၊ အမျိုးသမီးနေရာတွေကို အမျိုးသမီးဝန်ထမ်းရဲ့ မိသားစုဝင် အမျိုးသားတွေက ဝင်ထွက်နေတာ၊ အိပ်ခန်း အပါအဝင် ရေချိုးဖို့ သတ်မှတ်ထားတဲ့နေရာနဲ့ အိမ်သာတွေကို မြင်နိုင်တဲ့နေရာတွေမှာ CCTV ကင်မရာ […]