Entries by ndb14

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ မြန်မာနိ်ုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်ဟု ထောက်ပြလိုက်ခြင်း။

မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်း

သတင်းထုတ်ပြန်ချက်အောက်တိုဘာလ ၊ ၂၅ရက်၊ ၂၀၁၁ ခုနှစ်မြန်မာစစ်အစိုးရသစ်၏ အာဏာရပါတီချုပ်ကိုင်မှုအောက် မဲဆန္ဒနယ်မြေတွင်ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေခြင်းပလောင်အမျိုးသမီး အစည်းအရုံး (္စ္တဥ) ၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်တွင်းရှိ ပလောင်ဒေသများတွင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသိသိသာသာ တိုးတက်လာနေကြောင်း ဖော်ပြထားခဲ့ပါသည်။ ဤဒေသသည် မြန်မာစစ်တပ်က ကျောထောက်နောက်ခြုံပထားသည့်

မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကိုရောက်နေပါတယ်။ ဂျပန်မြန်မာ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးတက်လာအောင် ရည်ရွယ်ပြီး ရောက်လာတဲ့ ခရီးစဉ်ပဲလို့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ရဲ့ ဝန်ကြီး Osamu Fujimura ကပြောပါတယ်။

ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို သတင်းထုတ်ပြန်ချက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်သည် ချော်လဲ၍ အရိုးအက်သည့်ဝေဒနာ ခံစားနေရသော်လည်း  ထောင်ပြင်ပဆေးရုံတွင် တက်ရောက်ဆေးကုသခွင့် အကြိမ်ကြိမ် ငြင်းဆန်ခံနေရသလို လမ်းပင်ကောင်းစွာမလျှောက်နိုင်သဖြင့် ထောင်ဝင်စာပါ ထွက်မတွေ့နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ သိရှိရပါသည်။ 

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို သတင်းထုတ်ပြန်ချက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် ကျန်းမာရေးအလွန်ဆိုး၀ါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။

လူ့အခွင့်အရေး မတိုးတက်လို့ ကင်တားနားပြော

မြန်မာ အစိုးရဟာ အဖွဲ့အစည်းပိုင်း ဆိုင်ရာ မှာရော၊ ပါလီမန်နဲ့ ပတ်သက် လို့ရော ပြုပြင် ပြောင်းလဲမှု ခြေလှမ်းတွေ လှမ်းခဲ့ ပေမယ့် လူ့အခွင့် အရေး အခြေအနေ ကတော့ အရင်အတိုင်း ပြောင်းလဲမှု မရှိ သေးဘူးလို့ ကင်တားနားက ပြောလိုက် ပါတယ်။

လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း

လက်ဖက်တောင်သူ တအာင်းပြည်သူလူထုတို့သည် ၂၀၁၁ ခုနှစ် လက်ဖက်ရာသီ တွင် လက်ဖက်ဈေးကွက် ဆိုးဝါးစွာ ပျက်စီးခြင်းကြောင့် ကြီးမားသည့်စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေကြရပါသည်။

စစ်ရာဇဝတ် ကျူးလွန်တယ်လို့ စစ်ထောက်လှမ်းရေးဟောင်း ဝန်ခံ

မြန်မာစစ်အစိုးရရဲ့ စေခိုင်းမှုနဲ့ အစိုးရအတိုက်အခံတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားနေသူ ဦးထူးထူးဟန်က ဝန်ခံပြောကြားခဲ့ကြောင်း The Sydney Morning Herald သတင်းစာကြီးနဲ့ ABC သတင်းဌာနတို့က သတင်းဖေါ်ပြ ရေးသား ထားပါတယ်။

လက်ဖက်စျေးကွက်ပျက်စီးပြီး လက်ဖက်တောင်သူအတိ ဒုက္ခရောက်နေခြင်း သတင်းထုတ်ပြန်ချက်

၆ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ် လက်ဖက်တောင်သူ တအာင်းပြည်သူလူထုတို့သည် ၂ဝ၁၁ခုနှစ် လက်ဖက်ရာသီတွင် လက်ဖက်စျေးကွက် ဆိုးဝါးစွာပျက်စီးခြင်းကြောင့် ကြီးမားသည့်စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ စာတမ်းတစ်စောင်ကို တအာင်း(ပလောင်)အလုပ်အဖွဲ့မှ ပြုစု ရေးသားခဲ့ပါသည်။

ခရိုအေးရှား ဗိုလ်ချုပ်ကြီးကို ၂၄ နှစ် ပြစ်ဒဏ်ပေး

Croatia နိုင်ငံမှာ အမျိုးသား သူရဲကောင်း အဖြစ် လူ အများက ယူဆကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း အန်တီ ဂိုတိုဗီးနား ကို လူမဆန်တဲ့ ရက်စက်မှု၊ စစ်ရာဇဝတ်မှု၊ ညှင်းပမ်း နှိပ်စက်မှုတို့