Entries by ndb14

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma)၏ အစီရင်ခံစာသတင်းထုတ်ပြန်ချက်

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) မှ ထုတ်ပြန်လိုက်သည်။

ND Burma နှင့် HRDP တို့ ပူးတွဲ၍ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်း ကောက်ယူခြင်းဆိုင်ရာသင်တန်း ဧရာ၀တီတိုင်းတွင် ပြုလုပ်

ဧရာ၀တီတိုင်းဒေသကြီး၊ဘိုကလေးမြို့တွင် ND Burma (လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ) နှင့် HRDP (လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့) တို့ ပူးတွဲပြုလုပ်သော “လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းခြင်းဆိုင်ရာသင်တန်း” ကို ဘိုကလေးမြို့၊အမှတ်(၄)ရပ်ကွက်ရှိ အလင်းတံခါးအခမဲ့ပညာရေးသင်တန်း တွင်၁၂-၈-၂၀၁၃ မှ ၁၈-၈-၂၀၁၃ ထိ ၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။

ND-Burma နှင့် DC-Cam တို့ ပူးတွဲ၍ အမှန်တရားဖော်ထုတ်ရေး ကော်မရှင်အကြောင်း မိတ်ဆက်ခြင်း

ND-Burma နှင့် DC-Cam တို့ ပူးတွဲ၍ အမှန်တရားဖော်ထုတ်ရေး ကော်မရှင်အကြောင်း မိတ်ဆက်ခြင်း။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) နှင့် ကမ္ဘောဒီးယား မှတ်တမ်းတင်ဌာန (DC-Cam) တို့သည် ရန်ကုန်ရှိ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ပြီး အလွတ်သဘော အမှန်တရားဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်လိုက်နိုင်ပြီဖြစ်သည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင် “လူ့အခွင့်အရေးမှတ်တမ်တင်ခြင်းဖြင့် အတိတ်ဖြစ်ရပ်များမှ သည် အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ သတင်းမီဒီယာများ၊ လူထုအခြေပြုအဖွဲ့အစည်းများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ အမှန်တရားဖော်ထုတ်ရေးကော်မရှင်များအကြောင်း အခြေခံ အယူအဆနှင့် ကမ္ဘောဒီးယား အတွေ့အကြုံ၊ ခမာနီတို့ အုပ်ချုပ်ခဲ့သည့် ကာလအကြောင်း အကျဉ်းချုပ်နှင့် ခမာနီခေါင်းဆောင်များအား တရားစွဲဆိုနေသည့် (ECCC) ခုံရုံးအကြောင်း လေ့လာနိုင်စေရန်ဖြစ်သည်။ […]

(အလွတ်သဘော) အမှန်တရားဖော်ထုတ်ရေးလုပ်ငန်း အကောင်အထည်ဖော်သွားမည်ဟု ND-Burma ၏ ၂၆ ကြိမ်မြောက် ကွန်ရက်အစည်းအ​ဝေးမှ ဆုံးဖြတ်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ၏ ၂၆ ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင်လ ၅ ရက် နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည်။ ကွန်ရက်သည် အဖွဲ့၀င် ၈ ဖွဲ့နှင့် ဆက်စပ်အဖွဲ့၀င် ၃ ဖွဲ့တို့ဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေခြင်းဖြစ် သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို သက်ဆိုင်ရာအဖွဲ့အစည်းများ သိရှိစေရန် လုပ်ဆောင်မည်ဟု ND-Burma မှ ပြော

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ပူးပေါင်းပြုလုပ်သည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း သင်တန်းများမှတဆင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ တင်ပြသွားမည်ဟု ND-Burma မှ တာ၀န်ရှိသူတဦးက ပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတင်ခြင်း သင်တန်းများ တိုင်းရင်းသားဒေသများတွင် လိုအပ်

လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma) ၏ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ မှတ်တမ်း တင်ခြင်း အခြေခံသင်တန်းကို ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်ရှိ ၄င်းရုံးတည်ရှိရာ သင်တန်းခန်းမတွင် ၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၇ ရက်တာပြုလုပ်ခဲ့ရာ သင်တန်းသားတဦးမှ ယခုလိုသင်တန်းများ တိုင်းရင်းသားဒေသများတွင် ပိုမိုလိုအပ်သည်ဟုပြောကြားခဲ့သည်။

,

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (ဧပြီ – စက်တင်ဘာ ၂၀၁၂ ခုနှစ်)

ယခုအစီရင်ခံစာကာလအတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သိသိသာသာ အချိုးအကွေ့ များဖြစ်ပေါ်ခဲ့သည်။ တချိန်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်

“ မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီစည်းပြင်ပရှိ အပစ်ပယ်ခံလူမျိုးစုတိုင်းရင်းသားများ အစိရင်ခံစာ

မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီစည်းပြင်ပရှိ အပစ်ပယ်ခံလူမျိုးစုတိုင်းရင်းသားများ” အစိရင်ခံစာ အပြည့်အစုံ ရယူရန် ( မြန်မာ / အင်္ဂလိပ်)

“နိုဝင်ဘာလအတွင်း ဆန္ဒပြမှုများနှင့် ဖမ်းဆီးမှုများ ပိုများလာ -လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပေါ် ခြိမ်းခြောက်ခြင်းများ။”

ယခုလအတွင်း မြန်မာနိုင်ငံတွင် တိုးတက်မှုများနှင့် နောက်ပြန်ဆုတ်မှုများ နှစ်မျိုးစလုံး ဖြစ်ထွန်းခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာမှ  အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုများအကြောင်း

“ပိုက်လိုင်းအိပ်မက်ဆိုး” အစီရင်ခံစာ စာအုပ်

ရွှေသဘာဝဓါတ်ငွေ ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် တအာင်းပြည်သူများသည် နောက်ဆက်တွဲမြေယာသိမ်းဆည်းမှု၊ စစ်ရေးတိုးချဲ့မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံစားနေရခြင်း