Entries by ndb14

​ပြန်​လည်​ကု​စား​မှု (Reparations) ​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ

​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်​မှ Reparations workshop ​ကို ​မေ​လ ၃၁​ရက်​နေ့​မှ ​ဇွန်​လ ၁​ရက်​နေ့​အ​ထိ ​ပြု​လုပ်​ကျင်း​ပ​ခဲ့​ပါ​သည်။ ​ကွန်​ရက်​အ​ဖွဲ့​ဝင် ​အ​ဖွဲ့​အ​စည်း​အ​ပြင် ၈၈ ​မျိုး​ဆက် ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း (88 generations and Open Society)၊ ​က​ရင်​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့ (Karen Human Rights Group)၊ ​အာ​ရှ​တ​ရား​မ ျှ​တ​မှု​နှင့် ​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့ (Asia Justice and Human Rights), Wimutti Volunteer Group (WVG), Open Myanmar Initiative, (OMI), Genuine People’s Servants (GPS) ​တို့ ​မှ ​လူ​ဦး​ရေ ၃၃​ဦး​တက်​ရောက်​ခဲ့​ကြ​သည်။ ​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ ​ပြု​လုပ်​ရ​ခြင်း​ရည်​ရွယ်​ချက်​မှာ ​ပြန်​လည်​ကုု​စား​မှု (Reparations) ​လုုပ်​ဆောင်​နိုုင်​မည့် ​ချိုး​ဖောက်​မှု ​အ​မျိုး​အ​စား​များ​ရွေး​ချယ်​ခြင်း၊ […]

၃၀ ​ကြိမ်​မြောက် ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း ​ကွန်​ရက် (​မြန်​မာ​နိုင်​ငံ) (ND-Burma) ​အ​စည်း​အ​ဝေး

လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏ ၃၀ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလ၊ ၂၇ရက်နေ့မှ ၃၀အထိ ပြုလုပ်ကျင်းပခဲ့ရာ အဖွ့ဲဝင် အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့အစည်း စုုစုုပေါင်း ၁၄ဖွဲ့တိုု့မှ၊ ကိုုယ်စားလှယ် ၂၇ဦး တက်ရောက်ခဲ့ကြပါသည်။ ကွန်ရက်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကွန်ရက်ကို စနစ်တကျ ပြန်လည်သုံးသပ်ရန်၊ အနာဂါတ်တွင် ကြုံတွေ့လာနိုုင်ရသည့် အခွင့်အလမ်းများ စိန်ခေါ်မှုများအား သုံးသပ်ပြီး အဖွ့ဲအစည်းရှေ့လုပ်ငန်းစဉ်များကိုု မဟာဗျူဟာကျကျ ချမှတ်နိုုင်ရန်၊ ဖြစ်ပါသည်။ အစည်းအဝေးထဲတွင် အဖွဲ့အစည်းမှ ၁၀လတာ ကွန်ရက်နှင့်ဆက်စပ်သည့် လှုပ်ရှားမှုအစီရင်ခံစာ၊ ၁၀လတာ ကာလတွင် အားကောင်းချက်၊ အောင်မြင်မှု၊ အနည်းချက်၊ အခက်ခဲ၊ အခွင့်အလမ်းနှင့် စိန်ခေါ်ချက် စသည့်တို့ကို ပြန်လည်သုံးသပ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ကွန်ရက်၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ရေရှည်၊ […]

, ,

​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း

​သ​တင်း​ထုတ်​ပြန်​ချက် ​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်-​မြန်​မာ​နိုင်​ငံ (ND-Burma) ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း ​ရက်​စွဲ။ ။ ၂၀၁၆ ​ခုု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ၊ ၂၉  ​ရက်။ ၂၀၁၅ ​ခုု​နှစ် ​ဇန်​န​ဝါ​ရီ​မှ ​ဒီ​ဇင်​ဘာ​အ​ထိ ​မြန်​မာ​နိုုင်​ငံ​အ​တွင်း ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ၈၄ ​ခု​ကို ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​ကို ​ယ​နေ့​ထုတ်​ပြန်​လိုက်​သည်။

ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) နှင့်ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့၏ သတင်းထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်။ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်၊ သတ်ဖြတ်မှု အပေါ် စနစ်တကျ ဖုံးကွယ်ထားမှုအား၊ ဖော်ထုတ်လိုက်သည့် အစီရင်ခံစာသစ်။ ရှမ်းပြည်မြောက်ပိုင်း၊ ကောင်းခါးကျေးရ ွာတ ွင်၊ လ ွန်ခ ဲ့သည့်တနှစ်တိတိက၊ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စနစ်တကျ ဖုံးက ွယ်ထားမှုအား၊ အစီရင်ခံစာတ ွင်ဖော်ထုတ်တင်ပြထားသည်။ ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့ကမျက်မြင်သက်သေများ၏ ထ ွက်ဆိုချက်များအပေါ် လေ့လာသုံးသပ်ပြီး၊ အမှုတ ွင်အဓိက သံသယရှိသူအဖြစ် ကောင်းခါးကျေးရ ွာတ ွင် ယာယီတပ်စ ွ ဲခ ဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးနှင့် သူ၏အထက်အရာရှိများက၊ အဆိုပါ အမှုကို […]

တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ

သတင်းဌာနများ ရှမ်းပြည်နယ်တွင်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရသည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦး၏ နှစ်ပတ်လည်နေ့တွင် ကချင်အမျိုးသမီးများအစည်းအရုံးထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုကွန်ရက် (LAN) တို့က “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ” အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ဒေသခံ မျက်မြင်သက်သေများအား တွေ့ဆုံမေးမြန်းချက်များနှင့် စိတ်ဝင်စားဖွယ်ရာ သက်သေခံချက်များအရ အမှုကို မြန်မာ့တပ်မတော်မှ ကျူးလွန်ခြင်းနှင့် ၄င်းတို့ ပါဝင်ပတ်သက်မှုကို စနစ်တကျဖုံးကွယ်ထားမှုတို့အကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် အချိန်။ ။နံနက် ၁၀ နာရီ နေရာ။ ။နိုင်ငံခြားသတင်းထောက်များအသင်း၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ။ ဆက်သွယ်ရန် ဆိုင်းဇင် […]

မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ”

“လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ ။ ။ မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ” ဟု အမည်ပေးထားသည့် ဤအစီရင်ခံစာသည် မြေယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ

လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးလာနေသည့် အချိန်ကာလတွင် မြန်မာအစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းအား ရပ်တန့်ရန်သာ ဖြစ်သည်။ (ရန်ကုန်မြို့ -၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့) မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ပစ်မှတ်ထား ဖိနှိပ်ခြင်း၊ ချုပ်ခြယ်ခြင်း၊ နှိပ်ကွပ်ခြင်းနှင့် လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော် ခြင်း မပြုနိုင်ဘဲ အသံတိတ်သွားစေရန်

ကျောင်းမုခ်ဦးနံရံတွင် ဆေးမှုတ်ရေးသား ဆန္ဒပြတောင်းဆိုခဲ့သော ကျောင်းသားများ လွတ်မြောက်ရေး အေအေပီပီနှင့် FPPS မှ တောင်းဆို

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။ မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား […]

Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်းသိုမှီးသည့် စံနစ်အကြောင်း သင်တန်းကျင်းပ

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်း သိုမှီးသည့် စံနစ်အကြောင်း သင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့သည်။ သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ရက်ကြာကျင်းပသည့် သင်တန်းသို့ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြသည့် TWU, TWO, TSYO, AASYC, FPPS, HRDP, KDNG နှင့် UNDO တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်လေ့လာကြသည်။ သင်တန်းတွင် ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် AAPP မှ ကိုဇော်မိုး က အဓိကဦးဆောင် ဆွေးနွေး သင်ကြားသွားသည်။ သင်တန်းတွင် Martus Software အား […]