Entries by ndb14

၄ကြိမ်မြောက် Reparations Workshop ကို ND-Burma မှ ရန်ကုန်တွင် မတ်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြီးစီး

[metaslider id=”3095″] ND-Burma မှ ကြီးမှုးပြီး ၄ ကြိမ်မြောက် Reparations Workshop (ပြန်လည်ပေးလျော် ကုစားမှု) ကို ရန်ကုန်တွင် ၂၀၁၈ ခုနှစ် မတ်လ ၅ရက်မှ ၇ ရက်အထိ အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့သည်။ တက်ရောက်သူ များမှ ပီရူး၊ ချီလီနှင့် တောင်အာဖရိကတို့တွင် ပြုလုပ်ခဲ့ သည့် Reparation လုပ်ငန်းများကို လေ့လာကြပြီး မြန်မာနိုင်ငံအတွက် မည်သည့် Reparation ပုံစံက အကောင်းဆုံးဖြစ်သနည်း ဆိုသည်နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ဆွေးနွေးကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားပြီး ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ရေးအတွက် Reparations လုပ်ငန်းသည် အရေးပါသည်ကို တက် ရောက်သူများမှ ဆွေးနွေးကြသည်။ တက်ရောက်သည့်အဖွဲ့အစည်းများမှာ- ND-Burma ၏ […]

နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အေအေပီပီမှထုတ်ပြန်သည့်အစီရင်ခံစာနိုင်ငံရေးလှုပ်ရှားမှုများနှင့်၎င်းတို့ပါဝင်ဆောင်ရွက်ခဲ့မှုများ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အကျဉ်းကျခံရစဉ်ကတွေ့ကြုံခံစားခဲ့ရမှုများအစီရင်ခံစာအကျဉ်းချုပ်

ကမ္ဘာတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် နိုင်ငံတော်အစိုးရ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည့် အစီအစဉ်များအပေါ် သဘောထားကြေငြာချက် ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက် မြန်မာနိုင်ငံတော်အစိုးရမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်တော့မည်ဟု သိရသဖြင့် ကျွန်ုပ်တို့ အလွန်စိုးရိမ်မိပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စတင်လည်ပတ်ပါက ထားဝယ်ဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူ့အဖွဲ့အစည်းများမှသည် နယ်စပ် တောင်တန်းဒေသများအထိ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ထားဝယ်မြို့ အပါအဝင် ၄င်းနှင့် ထိစပ်လျှက်ရှိသည့် နယ်ပယ်ဧရိယာများ၊ ထားဝယ်ဒေသမှ အခြားသော ယိုးဒယား အစရှိသည့် တိုင်းတပါးနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သွားရောက် အလုပ် လုပ် ကိုင်လျက် ရှိသည့် ကျွန်ုပ်တို့၏ သွေးသားရင်းချာညီအစ်ကိုမောင်နှမများနှင့်၄င်းတို့၏ မိဘ ဆွေမျိုးညာတကာများ အားလုံးသည် […]

UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေး

UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကို Burma/Myanmar UPR Forum မှ အဖွဲ ့ဝင်များနှင် ့အတူ ဖေဖော်ဝါရီလ (၁၃) ရက်နေ ့မှ (၁၅) ရက်နေ ့အထိ (၃)တာ ရန်ကုန်မြို ့ Orchid ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ ့ပါသည်။ အဖွဲ ့ဝင် စုစုပေါင်း (၃၀) ဦး တက်ရောက်ပြီး UPR နှစ်လည် အစီရင်ခံစာရေးသားရန်အတွက် စုပေါင်းဆွေးနွေးခဲ ့ကြပါသည်။ ၄င်းအစည်းအဝေးတွင် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ မချယ်ရီဇာဟောင်မှလည်း အခြားသော နိုင်ငံများမှ Midterm အစီရင်ခံစာတင်သွင်းသော ပုံစံများကို ရှင်းလင်း တင်ပြခဲ ့ပါသည်။ အစည်းအဝေးကာလ အတွင်း တက်ရောက်သူများက လူ […]

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

ရန်ကုန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်မတပ်မှ မကြာသေးမီက ဝန်ခံ လိုက်ခြင်းသည် ၄င်းတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် ဝန်ခံအသိအမှတ်ပြုရန် လမ်းဖွင့်ပေးခြင်း ဖြစ်သင့်သည်။ ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာတွင် ကချင်ဆရာမလေးများ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ၃ နှစ်မြောက်နေ့တွင် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အစိုးရအား တောင်းဆိုပါသည်။ အစိုးရတပ်မှ တပ်သားများ ပါဝင်ကျူးလွန်သည့် သက်သေအထောက်အထားများရှိသော်လည်း ဤအမှုကို ယခုတိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ၂၀၁၅ ခုနှစ် နံနက်စောစောတွင် ကချင်နှစ်ချင်းခရစ်ယာန်အသင်း (KBC) […]

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက် ရက်စွဲ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အ ပေါင်ဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်အား မသင်္ကာမှုနှင့် ဖမ်းဆီး ခဲ့သည်ဟု သိရပါသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေနတ် ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ […]

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်း များတွေ့ရှိမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၁ဝ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ လူများအား သတ်ဖြတ် မြှုပ်နှံထားကြောင်း သတင်းပို့တိုင်ကြားလာမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်ခဲ့မှု ရှိ၊ မရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့်အဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ သွားရောက်စစ်ဆေးခဲ့ရာ အင်းဒင်ကျေးရွာမှ ရွာသား အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၁ဝ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ် သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန် လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီး […]

ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ခဲ့ဟု တပ်မတော်ထုတ်ပြန်

ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား  အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။ စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀ဝ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း […]

National အဆင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်ကို ၂၀၁၇

National အဆင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်ကို ၂၀၁၇ ဒီဇင်ဘာလ ၁၉၊ ၂၀ တွင် ရန်ကုန်မြို , Summit Parkview Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် တအောင်းအမျိုးသမီးအဖွဲ့အစည်းမှ ND-Burma ကိုယ်စားလှယ်အဖြစ် လွေးပိုးကမေဲးခြိုဝ်းက ‘Armed Conflicts and Human Rights Violations in Myanmar’ အကြောင်းအရာကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။