Entries by ndb14

ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း

အစီရင်ခံစာ အနှစ်ချုပ် စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့်

ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ သတင်းထုန်ပြန်ချက်

မြန်မာနိုင်ငံတွင်အချင်းချင်းစစ်ပွဲများ ဖြစ်ပွားနေခြင်းကို ချက်ခြင်းရပ်ဆိုင်းရန်လိုအပ်ကြောင်း ကချင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် မြန်မာအစိုးရတပ်၏ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများက မီးမောင်းထိုးပြနေပါသည်။

မြန်မာနိုင်ငံအလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ

ND-Burma အဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရ၍ နစ်နာခဲ့ရသူ များ၏ လိုုလားချက်များကို မှတ်တမ်းတင် လျှက်ရှိသည်။ ရရှိလာသည့် အချက်အလက်များကို အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (TJ) လုပ်ငန်းစဉ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်ခံရသူ များ၏ ဘဝပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့အကူအညီများပေးနိုုင်ရ န် ရည်ရွယ်၍ အစီရင်ခံစာတစောင် ပြုစုနေခြင်းဖြစ်သည်။

လူ့အခွင့်အရေးအခြေအနေတိုးတက်ဖို့၊ မြန်မာအစိုးရနဲ့ ကုလပူးပေါင်းစေလိုကြောင်း၊ လူထုအခြေပြုအဖွဲ့တွေသုံးသပ်

မဆုမွန် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒေါက်တာယန်ဟီးလီရဲ့ ၁၂ရက်တာမြန်မာပြည်ခရီးစဥ်အပြီး သတင်းထုတ်ပြန်ချက်ဟာ ယေဘူယျဆန်တဲ့စွပ်စွဲမှုတွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေပါတဲ့အတွက် စိတ်ပျက်မိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကကြေညာချက် ထုတ်လိုက်ပါတယ်။

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက်

၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက် ယနေ့ကျရောက်သည့် နိုင်ငံတကာ တရားမ ျှတမှုနေ့တွင် မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအ တွက် စတင်ပြောဆို ဆောင်ရွက်ရန် မြန်မာအစိုးရအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်။ ND-Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ နိုင်ငံတဝှန်း ၁၃ နှစ်ကြာ လူ့အခွင့်အရေးမှတ်တမ်းတင်မှုများ ပြုလုပ် နေသည်။ မိမိတို့၏ ဒေတာဘေ့စ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၀ဝ၀ ကျော်ကို ထည့်သွင်း မှတ်တမ်း တင်ထားနိုင်သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေဖြင့် တရားမ ျှတမှုကို မည်သည့်အခါကမ ျှ ရရှိခြင်း(သို့မဟုတ်) ၄င်းတို့အပေါ် ချိုးဖောက်မှုများကြောင့် ခံစားရသည့် ဒုက္ခအဝ၀ကို အသိအမှတ်ပြု၊ စာနာ နားလည် လက်ခံမှုပင် မရှိသည်ကို […]

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုပ်ငန်းဖြစ် သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ဝိမုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တို့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပန်ကြားလိုက်သည်။ ND-Burma, AAPP, WLB, VWO နှင့် AJAR အဖွဲ့တို့က ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီ သည့် အခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် […]

အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ ဖိတ်ကြားလွှာ

လေးစားစွာဖိတ်ကြားအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ နှင့် ညှဉ်းပမ်းနှိပ်စက်မှုနှင့် အခြားရက်စက်ပြီး လူမဆန်သော(သို့)လူ့ဂုဏ်သိက္မာကျဆင်းစေသော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် ဘာသာပြန်စာအုပ်ထုတ်ဝေခြင်း။ အစီအစဉ် နေရာ – တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ ရွှေဂုံတိုင်။ အချိန် – နေ့လည် (၂းဝ၀) နာရီမှ (၄းဝ၀)ထိ နေ့ရက် – ၂၆ရက်၊ ဇွန်လ၊ ၂၀၁၇။