Entries by ndb14

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မတ်လ(၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ကရင်ပြည်နယ် မြဝတီမြို့တွင် အင်တာနက်နှင့်ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက် ခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ သက်ကြီးရွယ်အို (၃) ဦး မီးလောင် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် စစ်မှုထမ်းရန်အတွက် နာမည်နှင့် တကွ ဆင့်ခေါ်ခြင်းများ စတင် ဆောင်ရွက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊မတ်လ(၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ မတ်လ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မတ်လ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အင်တာနက်နှင့် ဆက်သွယ် ရေးလိုင်းများကို ဖြတ်တောက်ခံခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၁)ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ အဓမ္မပြုကျင့် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က နေပြည်တော် တွင် စစ်မှုထမ်းရန်အတွက် ပြည်သူများကို ခေါ်ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ […]

နှစ်လအတွင်း အရပ်သား ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရ

၂၀၂၄ ခုနှစ် ပထမနှစ်လတာအတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၁၁ ဦးရှိခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ သုံးဦးရှိခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ အဲဒီ ၁၄ ဦးထဲမှာ အသက် ၆၀ နဲ့အထက် သေဆုံးသူ ခုနစ်ဦးနဲ့ စစ်ကိုင်းတိုင်းထဲက ဆယ်ဦးပါဝင်နေတယ်လို့ AAPP က ရေးသားထားပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံပြားရွာက ဒေသခံ ဒေါ်တင်ရွှေဟာ […]

ထိုင်း-မြန်မာနယ်စပ်မှာ ဘေးကင်းလုံခြုံရေးဇုန်လုပ်ဖို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတိုက်တွန်း

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့နဲ့နီးတဲ့ မြန်မာနယ်စပ်မှာ ဘေးကင်းလုံခြုံရေးဇုန် (ဒါမှမဟုတ်) လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခု ထူထောင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဌာနရဲ့ တွဲဖက်ပါမောက္ခလည်းဖြစ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ပါနိထန် ဝပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောလိုက်ပါတယ်။ မတ်လနဲ့ ဧပြီလတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားဝင်ရောက်လာနိုင်တယ်လို့ ပါနိထန်က ထိုင်းအခြေစိုက် Thai PBS သတင်းဌာနကို မတ်လ ၇ ရက်နေ့က ပြောခဲ့တာပါ။ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားတာမရှိသေးကြောင်း လုံခြုံရေးကျွမ်းကျင်သူက မှတ်ချက်ပြုထားပြီး ဘေးကင်းလုံခြုံရေးဇုန်ထူထောင်ဖို့ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရက အထူးကော်မတီ တစ်ရပ်ဖွဲ့စည်းသင့်တယ်လို့ ပါနိထန်က ထောက်ပြထားပါတယ်။ ထိုင်းအစိုးရကတော့ ထိုင်းနဲ့မြန်မာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂၂)ရက်မှ (၂၉) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်မှ (၂၉)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖေဖော်ဝါရီ (၂၂)ရက်မှ (၂၉)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နဲ့ မဘိမ်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်သို့ ကုန်းလမ်း၊ လေယာဉ်လမ်းဖြင့် သွားမည့် ခရီးသည်များကို ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် စစ်မှုထမ်းရန် စည်းရုံးခြင်း၊ လူစာရင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် […]

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့ မနက် တနာရီခွဲ အချိန်မှာဖြစ်ပွားခဲ့တာပါ။ မရှိုင်းဇာနည်ဟာ အသက် ၃၃ နှစ်အရွယ် ဒုရဲအုပ် တယောက် ဖြစ်ပါတယ်။ လူခြေတိတ်ချိန် သူမနေထိုင်ရာ အဆောင်ခေါင်းရင်းထိ လာပြီး ဒေါသတကြီး ကြိမ်းဝါးသူကတော့ သူမရဲ့ အထက်အရာရှိ အသက် ၅၀ ကျော်အရွယ် စခန်းမှူး လင်းယုန် ခေါ် ဦးရဲရင့် ပါ။ နှစ်ဦးစလုံးက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) […]

စစ်တွေမြို့ပေါ် လက်နက်ကြီးကျ၊ ၁၂ ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ ယနေ့နံနက် အစောပိုင်းတွင် စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် ၁ လုံး ကျရောက် ပေါက်ကွဲပြီး အရပ်သား ၁၂ ဦး သေဆုံးကာ၊ ၃၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြော ခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ ထိုပစ်ခတ်မှုသည် စစ်တွေပွိုင့်ကမ်းခြေအနီး အခြေပြုနေသည့် ရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဈေး ရောင်းဈေးဝယ်များဖြင့် လူဦးရေထူထပ်သော ကိုရီးယားဆိပ်ကမ်းဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက် သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းက “လက်ရှိအချိန်အထိ ၁၂ ဦး သေဆုံးပြီးတော့ ၃၁ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာရောက်နေပြီလို့ သိရတယ်။ ကျန်တဲ့ မစိုးရိမ်ရ ဒဏ်ရာရတဲ့သူ […]

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

လွန်ခဲ့သောနှစ် မေလနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အပါအဝင် အကျဉ်းသား ၃၇ ဦးကို ရန်ကုန်အနီး ပဲခူးတိုင်းမှ ဒိုက်ဦးအကျဉ်းထောင်ရှိ ၎င်းတို့တိုက်ခန်းများမှာ ဆွဲထုတ်သွား ပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အကျဉ်းသားများ အများဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့နောက် စစ်ကောင်စီက အကျဉ်းသားအုပ်စုတစုကို “ထောင်ပြောင်းရန်” ခေါ်ဆောင်ခဲ့ကြောင်းနှင့် ထိုအကျဉ်းသားများသည် လမ်းတွင် ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားကြောင်း မိသားစုအချို့ကို အကြောင်းကြားသော်လည်း အလောင်းများကို ပြန်လည် ပေးအပ်ခြင်း မရှိပေ။ ထိုအကျဉ်းသားများ သေဆုံးရသည့် အကြောင်းသည် လိမ်ညာမှုဖြစ်သည်ဟု မိသားစုများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် သုတေသီများက ပယ်ချခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ဒိုက်ဦးထောင် […]

သတင်းထောက်ဖိုးသီဟအပါအဝင် အရပ်သား ခုနစ်ဦးသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ပါဗီဒီယို AA ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ဦးမြိုအခြေစိုက် ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း၊ ရက္ခိုင့်တပ်တော် (AA) ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို စပ်ဆိုသူအဖြစ် စွပ်စွဲဖမ်းဆီးခံရတဲ့ ဖိုးလပြည့် (ခေါ်) ကိုကျော်ဇံဝေတို့ နှစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့က အချုပ်ခန်းထဲကနေ ခေါ်ထုတ်ပစ်သတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခဲ့ကြောင်း စစ်ကောင်စီတပ်က အရာရှိတွေရဲ့ ဝန်ခံချက်အဖြစ် ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဗီဒီယိုထဲမှာ ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီထားတဲ့ စစ်အရာရှိဝတ်စုံ ဝတ်ဆင်ထားတဲ့ လူနှစ်ဦးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) […]

စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့က နေအိမ်တစ်ရာခန့် မီးလောင်ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့ က မြို့တွင်း ရပ်ကွက်နှစ်ခုကို စစ်တပ်က မီးရှို့တာ၊ ဒရုန်းကနေ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်တစ်ရာခန့် ထပ်ပြီးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့တွင်းမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူးပါင်းတပ်တွေ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ နေရာတွေကို ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်တာကြောင့် နေအိမ်အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖာ်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ် ။ “တိုက်ပွဲကတော့ နည်းနည်းပါးပါးပါပဲ၊ မီးလောင်တာ ကြာအင်းကုန်းကွက်သစ်ကနေ မီးစလောင်တာ တံတားဦးထိပဲ ညနေပိုင်းအချိန်လောက်ကျတော့ အထက်ရွာအမှတ်၄ ရပ်ကွက် ပြန်ထပ်လောင်တယ်၊ အထက်ရွာပိုင်းက အလုံးကြီးတွေကျပြီးတော့ ၁၀ မိနစ်လောက်ပဲပေါ့ […]