စစ်ပွဲဆိုင်ရာ ဥပဒေများ ပြဌာန်းခြင်း

လက်နက်ကိုင်ပဋိပက္ခ (သို့) စစ်ပွဲများဖြစ်ပွားသည့်အခါ တိုက်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ကန့်သတ်ရန်အတွက် ရေးဆွဲပြဌာန်းထားခြင်းဖြစ်သည်။ စစ်ဖြစ်သည့်အခါ အရပ်သားပြည်သူနှင့် အရပ်ဖက်အဆောက်အဦးများအား တိုက်ခိုက်ခြင်းမပြုရန် အကာအကွယ်ပေးခြင်းနှင့် တိုင်းပြည်ရှိ စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ တာဝန်ယူ တာဝန်ခံရမည့် ကိစ္စများကိုလည်း ပြဌာန်းထား သည်။

နိုင်ငံတကာ စစ်ပွဲနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ

၁။ နိုင်ငံတကာ စစ်ပွဲ (အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခ) ဆိုသည်မှာ နိုင်ငံအချင်းချင်း ဖြစ်ပွား သည့် စစ်ပွဲဖြစ်သည်။

၂။ ပြည်တွင်းစစ် (နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ မဟုတ်သည့်) ဆိုသည်မှာ အစိုးရအာဏာပိုင်များ နှင့် စနစ်တကျဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားသည့် စစ်ပွဲ (မြန်မာနိင်ငံနှင့် အကျုံးဝင်သည်) (သို့မဟုတ်) ၃။ နိုင်ငံတနိုင်ငံအတွင်း အလားတူ လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် (နိုင်ငံတကာ လက် နက်ကိုင် ပဋိပက္ခမဟုတ်သည့်) ဖြစ်ပွားသည့် စစ်ပွဲများ ဖြစ်သည်။