(ဒီဗွီဘီ) – နယ်စပ်ဒေသ တိုက်ပွဲတွေ အတွင်း နအဖတပ်သားတွေက အထိမ်းသမား ပေါ် တာတွေကို သတ်ပစ်နေတာတွေ ရှိသလို လူသား မိုင်းရှင်း ကရိယာတွေအဖြစ် အသုံးပြုနေပါတယ်။

၂၀၁ဝ ရွေးကောက်ပွဲစကပြီး ပြန်ဖြစ်နေတဲ့ ကရင်ပြည်နယ် စစ်မြေပြင်တွေ မှာ နအဖတပ်တွေကနေ အကျဉ်းသားပေါ်တာ မိုင်းရှင်း ကိရိယာတွေအဖြစ် စစ်သား တွေ ရှေ့က သွားခိုင်းနေတာပါ။ ကိုယ်တိုင်ကြုံခဲ့ရသူ ထောင်သား ပေါ်တာ ကိုဖိုးအေး က ခုလို ပြောပြပါတယ်။

“သူတို့တပ်ကဟာတွေကျတော့ ဘေးကလိုက်တယ်ခင်ဗျ။ ကျနော်တို့ကျ တော့ အလယ်လမ်းမကြီးက သွားခိုင်းတယ်၊ အဲဒီမှာ မိုင်းတပ်နင်းမိတဲ့ အခါကျတော့ ဖိုးသာအောင် ဆိုတဲ့သူက သေခဲ့ရတာပါ၊

ကျနော်တို့ထဲကကျတော့ ပွဲချင်းပြီး သေ တယ်၊ သူတို့ကျတော့ နည်းနည်းပါးပါး အစအနပဲ ထိပြီးတော့ ဒဏ်ရာ ရသွားတယ် ၂ ယောက်၊ ဖိုးသာအောင်ကတော့ ပွဲချင်းပြီး သေသွားတယ်ခင်ဗျ၊”

ကိုဖိုးအေးဟာ ပုသိမ်ထောင်က ထုတ်လာပြီး ခမရ ၃၅ရ နဲ့ပါလာတဲ့ အကျဉ်းသားပေါ်တာ ဖြစ်ပါတယ်။ ပိသာချိန် ၄ဝ အထိ ထမ်းခိုင်းပြီး ပေါ်တာတွေကို သေနတ်နဲ့ပစ်သတ်တာတွေလည်း ရှိနေတယ်လို့ အခုလို ဆက်ပြောပါတယ်။

“တနေကုန် ညဘက်ပါ သွားနေရတဲ့အခါကျတော့ ကျနော်တို့က မနိုင်တော့ ဘူးခင်ဗျ၊ ခြေပစ်လက်ပစ်ကျပြီးတော့ပေါ့၊ အဲဒါကို မသွားနိုင်ရမလားဆိုပြီး သေနတ် တွေနဲ့ ထုတယ်ဗျ၊ အခုလက်ရှိလည်း ကျနော့်

ခြေထောက်မှာ ဒဏ်ရာ ရှိသေးပါ တယ်၊ ဆန်က ၁၅ ပြည်ဗျ၊ ဗုံးကြီး ၂ လုံး၊ သူတို့စောင်တွေရော ထမ်းခိုင်းတယ်ဗျ၊ မင်းတို့ မလိုက်နိုင်လို့ ကျန်ခဲ့ရင်လို့ရှိရင်တဲ့ အသေပဲရမယ်၊ အရှင်မရဘူးတဲ့၊ ကျ နော်တို့ရှေ›မှာပဲ ထွက်ပြေးလာတဲ့ သူကိုသူတို့ ပြစ်သတ်ပစ်တယ်ခင်ဗျ၊ ”

အခုဆိုရင် ၂၀၁ဝ ရွေးကောက်ပွဲအပြီး တိုက်ပွဲ ကာလ ၂ လခွဲ ကြာလာခဲ့ပါပြီ။  နအဖဘက်က တပ်ရင်းမှူး ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကျဆုံးတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ဒါကြောင့် ထောင်သား ပေါ်တာဉီးရေ ထောင်နဲ့ချီပြီး အသုံးပြုနေ ဆဲ၊ ပေါ်တာတွေ သေဆုံးဒဏ်ရာရနေဆဲလည်း ဖြစ်ပါတယ်။