(RFA) ထိုင်းမြန်မာနယ်စပ်မှာ ရှိကြတဲ့ မြေမြုပ်မိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်အစိုးရက Clear Path International (CPI) အဖွဲ့ကို ပထမဆုံးအကြိမ် အဖြစ် အမေရိကန်ဒေါ်လာ ၁သိန်း ၃သောင်းကျော် ပေးအပ်လိုက်ပါတယ်။ CPI အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်ပြီး မြေမြုပ်မိုင်းနဲ့ ဗုံးလက်နက် ထိမှန်ဒဏ်ရာရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေကို ၂၀၀၂ ခုနှစ်ကတည်းက စတင် ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီ CPI အဖွဲ့ဟာ အာဖဂန်နစ္စတန်၊ ကမေႝာဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း မြေမြုပ်မိုင်းသင့် ဒုက္ခသည်တွေကို ကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

မြမြှေုပ်မိုင်း နင်းမိတဲ့ အရပ်သားတွေကို ကူညီကုသပေးသလို၊ ခြေ၊ လက် ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသွားသူတွေကိုလည်း ခြေတု လက်တု စတဲ့ အထောက်အကူပြု ပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

ဒါ့အပြင် မြမြှေုပ်မိုင်း နင်းမိပြီး အသက်ရှင်လျက် ကျန်ရစ်တဲ့ အိမ်ထောင်ဦးစီး၊ အိမ်ထောင်ရှင်မတွေ အတွက် အသေးစား စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းအတွက် ချေးငွေ ထုတ်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။

အထူးသဖြင့်တော့ ရှမ်းပြည်နယ်နဲ့ ကရင် ပြည်နယ် နယ်စပ်ဒေသနဲ့ ဒုက္ခသည်စခန်းတွေမှာ အဓိက လုပ်ဆောင်ပေးလျက် ရှိပါတယ်။