(RFA)
ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းမှာ စစ်အစိုးရ ခြမြေန်တပ်ရင်း ၃၇၀ နဲ့၃၆၁ တပ်ရင်း၂ ရင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ကရင်ရွာသား ၉၀ဝ ကျော် တောတွေထဲ ထွက်ပြေး ပုန်းရှောင်နေရတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဲဒီ စစ်အစိုးရ တပ်ရင်း၂ ရင်းဟာ ဖာပွန်ခရိုင်အတွင်းက သဲဒါဒါးရွာအတွင်းကို မော်တာ လက်နက်ကြီးအလုံးရေ ၄၀ လောက် ပစ်ခတ်ခဲ့တဲအတွက် ရွာသားတွေ စတင် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနေ့နေ့လည် ၂ နာရီအချိန်လောက်မှာတော့ တပ်ရင်းတရင်းက ရွာထဲဝင်ပြီး ကျန် တပ်ရင်းတရင်းက တောင်ပေါ်မှာ တပ်စွဲထားခဲ့ပါတယ်။ သဲဒါဒါးရွာထဲ ဝင်တဲ့ တပ်ရင်းက ရွာထဲက ရှိသမျှ ပစ္စည်းတွေ လုယက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ သဲဒါဒါးရွာက ရွာသား ၆၀ဝ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံလိုက်ရတဲ့အပြင် ရွာသားတွေဟာ နီးစပ်ရာ တောတွေထဲမှာ ပုန်းရှောင်နေရဆဲ ဖြစ်ပါတယ်။ အဲဒီ သဲဒါဒါးရွာက ရွာသားတွေအပြင် အနီးအနား ကျေးရွာတွေက ထွက်ပြေးလာသူတွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်း ၁,ဝဝဝ နီးပါးတောတွေထဲမှာ ပုန်းရှောင်နကြေရပါတယ်။

တနင်္ဂေနွနေ့ကလည်း ကရင်ပြည်နယ် အရှေ့ဖက်ခြမ်းမှာ စစ်အစိုးရတပ်တွေက DKBA ကရင်တပ်တချို့ကို ထိုးစစ်ဆင်မယ်ဆိုလို့ရွာသူရွာသား ၈၀ဝ ကျော် ၉၀ဝ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်က ဖော့ဖရာမြို့နယ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကရင်ပြန်ကြားရေးအဖွဲ့ဝင် နန့်ဖောဂေက ခုလို ပြောပြပါတယ်။

“ကျွန်မ မနေ့ညနေက ထိုင်းနိုင်ငံပေါ့နော်၊ တပ်ခ်ခရိုင်၊ ဖော့ဖရားမြို့နယ်ထဲက မိုးကထရွာ စာသင်ကျောင်းကို ကျွန်မ ရောက်သွားတယ်လေ။ ရောက်သွားတော့ အဲဒီမှာ ရွာသားတွေ အများကြီး ရောက်နေတာ တွေ့တယ်။ များသောအားဖြင့်၊ အမျိုးသမီးနဲ့ ကလေးတွေတော့ များပါတယ်။ ရွာသုံးရွာက အိမ်ထောင်စု ၃၈ စု၊ လူဦးရေက နှစ်ရာနဲ့ ဆယ့်ရှစ်ယောက်ပေါ့၊ အဲဒါ ကျွန်မ ရောက်တဲ့အချိန်မှာနော်။ ထိုင်းစစ်တပ်တွေကလည်း ရောက်ရှိလာတဲ့ ရွာသူရွာသားတွေရဲ့ စာရင်းတွေကို ကောက်နေတာ တွေ့တယ်။ ပြီးတော့ ဓာတ်ပုံတွေ ဘာတွေလည်း ရိုက်တယ်၊ မှတ်တမ်းတွေလည်း ရိုက်တာ အဲဒါမျိုး တွေ့ရတာပေါ့။ ဒါပေမဲ့ ညနက်ပိုင်းအထိက ထပ်ရောက်လာတဲ့လူ ရှိတယ်လို့ သတင်းကြားတယ်လေ။ ဒီမနက်ပြန်ပြီးတော့ စုံစမ်းကြည့်တာ ၉၀၀ ကျော်လောက် ရှိလာတယ်။”