Crimes Against Humanity
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု (CAH) ကို ကျူးလွန်ခြင်း သည် ကြီးလေးသည့် နိုင်ငံတကာရာ ဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုသည်မှာ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးပြုန်းစေမှု အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် ပြစ်မှုများ ဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်လွှဲ ပြောင်းခြင်း၊ သို့မဟုတ် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျုးလွန် သည့် ရာဇ၀တ်မှုများ ပါဝင်သည်။ ကျူးလွန်မှုဖြစ်ပွားသည့် နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် […]

