အတိတ်မှ ဆိုးရွားသည့် အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးအ တွက် အာမခံခြင်း (Guarantees of non-recurrence)
အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (TJ) ၏ လုပ်ငန်းစဥ် တခုမှာ အတိတ်မှ ဆိုးရွားသည့် အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံခြင်း (Guarantees of non-recurrence) ဖြစ်သည်။ အတိတ်မှ ဆိုးရွားကြမ်းကြုတ် ရက်စက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် မတရား ဖိနှိပ်သည့် ဥပဒေများ၊ တရားဥပဒေစိုးမိုးရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာနကဲ့သို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်း၊ နိင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိသည့် စစ်တပ်ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ကြသည့် “အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေး” (Institutional Reform) လုပ်ငန်းများဖြင့် ဆောင်ရွက်ကြသည်။ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း သည် TJ လုပ်ငန်းစဥ် ၄ ခုအနက်မှ အနာဂတ်အတွက် ရည်ရွယ်၍ […]

