What is the Truth (Cartoon Animation)

အမှန်တရာဆိုသည်မှာ(What is the Truth) ကို ND-Burma မှ Animation အနေဖြင့် ယနေ့ထုတ်ပြန်လိုက်သည်

လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာသည့် ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခံရသူ များနှင့် ၎င်းတို့၏ မိသားစုများသည် ထိရောက်သည့် ကုစားပေးမှုများကို ခံစားပိုင် ခွင့်ရှိသည်။ ထိုအထဲတွင် ၎င်းတို့ခံစားခဲ့ရသည့် ချိုးဖောက်မှု အဖြစ်မှန်နှင့် မည်သူက ကျူးလွန်သည်၊ ချိုးဖောက်မှု ဖြစ်ပွားခြင်း၏ အရင်းခံအကြောင်းတရားများနှင့် ဖြစ်နိုင်ပါက အတင်းအကြပ် လက်စတုန်း ဖျောက်ဖျက်ခံရသူများ မည်သည့်နေရာတွင် ဖျောက်ဖျက်ခံရသည် (သို့မဟုတ်) ၎င်းတို့၏ အဆုံးစွန်ဆုံး ဖြစ်ခဲ့သည့် ကံကြမ္မာနှင့်ပတ်သက်ပြီး သိခွင့်ရှိရမည်ဖြစ်သည်။

ထိုအခွင့်အရေးကို နိုင်ငံအတော်များများတွင် တရားရုံးများက ဥပဒေချမှတ် ပြဌာန်း၍ အသိအမှတ် ပြုထားသကဲ့သို့ နိုင်ငံတကာ တရားစီရင်ရေး ယန္တာရားများကလည်း ပြဌာန်း အသိအမှတ်ပြုထား သည်။ ၎င်းနှင့်ပတ်သက်ပြီး အဓိက ပါဝင်ရမည့် အင်္ဂါရပ်များကို ကောင်းမွန်စွာ ပြုစုဖော် ပြထားချိန် တွင်ပင် အမှန်တရားသိရှိပိုင်ခွင့်နှင့် ပတ်သက်၍ ဆက်လက် တိုးတက်ဖြစ်ပေါ်နေပြီး ဥပဒေ စနစ် အမျိုးမျိုးအောက်တွင် ထူးခြားကွဲပြားသည့် လက္ခဏာများအဖြစ် ဖြစ်ထွန်းနေသည်။