Half Sized Blog Element (Single Author Style)

Half Sized Blog Element (Multi Author Style)

လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) သည် အသွင် ကူးပြောင်းကာလ တရားမျှတရေး နိုင်ငံတကာ စင်တာနှင့် ယူဂိုဆလားဗီယား နိုင်ငံဟောင်း၊ ဂွာတီမာလာ၊ အီရတ်၊ အာဖဂန် နစဿစတန်၊ ကမ္ဘောဒီးယားနှင့် တောင်အာဖရိက စသည့် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် “Documentation Affinity Group” တွင် ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည်။

ဂရိဘာသာစကားအရ သက်သေခံခြင်းဟု အဓိပ္ပါယ်ရသည့် Martus ဆိုသည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို လုံခြုံစိတ်ချပြီး တိကျမြန်ဆန်စွာ သိုမှီးရယူထားနိုင်ရေးတို့ကို ပံ့ပိုးပေးသော ကွန်ပြူတာ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသော စာစောင်များ ဖန်တီးခြင်း၊ သက်သေခံ စာရွက်စာတမ်းများ ပူးတွဲ ချိတ်ဆက်ခြင်း၊ ၎င်းသတင်း အချက်အလက်များအား ထုတ်ပြန်ရန် သို့မဟုတ် ထိန်းသိမ်း လျှို့ဝှက် ထားရန်တို့ကို တိကျစွာ သတ်မှတ်ခြင်းနှင့် ထိုအချက်အလက်များအား လုံခြုံစိတ်ချရသော ဆာဗာတွင် သိုမှီးထားခြင်း တို့ကို Martus ဆော့ဖ်ဝဲ ဖြင့် ဆောင်ရွက်နိုင်ပေသည်။ Martus ပရောဂျက်နှင့် လုပ်ဆောင်နိုင်မှုများနှင့် ရှေ့ရေးအစီအစဉ်များကို www.martus.org တွင် ဆက်လက်လေ့လာနိုင်ပါသည်။