ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး
ရန်ကုန်
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်
ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး
တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်မတပ်မှ မကြာသေးမီက ဝန်ခံ လိုက်ခြင်းသည် ၄င်းတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် ဝန်ခံအသိအမှတ်ပြုရန် လမ်းဖွင့်ပေးခြင်း ဖြစ်သင့်သည်။
ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာတွင် ကချင်ဆရာမလေးများ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ၃ နှစ်မြောက်နေ့တွင် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အစိုးရအား တောင်းဆိုပါသည်။ အစိုးရတပ်မှ တပ်သားများ ပါဝင်ကျူးလွန်သည့် သက်သေအထောက်အထားများရှိသော်လည်း ဤအမှုကို ယခုတိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။
၂၀၁၅ ခုနှစ် နံနက်စောစောတွင် ကချင်နှစ်ချင်းခရစ်ယာန်အသင်း (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦးဖြစ်သည့် မရန်လုရာနှင့် နန့်ဆင်တို့နေထိုင်သည့် ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်ဘက်မှ အော်ဟစ်သံများ ကြားခဲ့ကြရသည်။ ဒေသခံရွာသားများက အဖြစ်အပျက်ကို သွားရောက်စုံစမ်းသော်လည်း ရေချိုးခန်းဘက်မှ အသံများကြားရသည့်နောက် ပြန်လှည့်ခဲ့ကြသည်။ နောက်နေ့မနက်တွင် နှိပ်စက်၊ အဓမ္မပြု ကျင့်ခဲ့သည့် ဒဏ်ရာဒဏ်ချက်များနှင့်အတူ ဆရာမလေးနှစ်ဦး၏ အလောင်းကို တွေ့ရှိကြသည်။ ထိုအချိန်က မရန်လုရာနှင့် တန်ဘူခေါ်န်နန့်ဆင် တို့သည် အသက် ၂၀နှင့် ၂၁ နှစ်အရွယ်ရှိကြပြီဖြစ်သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာလည်း မင်္သကာဖွယ်တစုံတဦးကိုမှ ဖမ်းဆီးနိုင်ခြင်းမရှိပေ။ အခင်းမဖြစ်မီက အဆိုပါ ရွာသို့ ရောက်ရှိလာပြီး ဘုရားကျောင်းအနီးရှိ အိမ်များတွင် စခန်းချနေသည့် ခမရ ၅၀၃ မှ စစ်သားများအပေါ် အာဏာပိုင်များမှ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်၊ အကာအကွယ်ပေးနေသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက စွပ်စွဲကြသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည့် ဥပဒေအထောက်အကူပြုကွန်ရက် (LAN) နှင့် ND-Burma ၏ အဖွဲ့ဝင် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) တို့က စစ်သားများ ကျူးလွန်ကြောင်း သက်သေ အထောက်အထားများဖြစ်သည့် သေဆုံးသူဆရာမလေးများ၏ အိမ်ရှေ့တွင် စစ်ဖိနပ်ရာများတွေ့ရှိခြင်း၊ သတ်ဖြတ်မှုဖြစ်ပွားပြီးသည်နှင့် စစ်သား ၁၀ ယောက်မှာ ရွာမှ အမြန်ဆုံးထွက်ခွာသွားခြင်းနှင့် ၄င်းတို့အပေါ် စုံစမ်းမေးမြန်းမှု မပြုခဲ့ခြင်း၊ သတ်ဖြတ်မှုမဖြစ်ပွားမီကလေးတွင် စစ်တပ်အရာရှိတည်းခိုနေထိုင်သည့် အိမ်မှ အိမ်ရှင်အား တစုံတရာရှင်းပြခြင်းမရှိပဲ ရွာမှ တခြားတနေရာသို့ သွားရောက်စေခြင်း၊ သတ်ဖြတ်ခံရသည့် ဆရာမလေးနှစ်ဦး၏ မိသားစုများအား စစ်တပ်မှ ကျပ် ၅.၃ သန်း (အမေရိကန်ဒေါ်လာ ၄၈၀ဝ ခန့်) ပေးခဲ့ခြင်း စသည့် အချက်များကို တွေ့ရှိခဲ့ကြသည်။
စုံစမ်းမှုအရ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် မသင်္ကာသူများအား မေးမြန်းခြင်း၊ သေဆုံးမှုနှင့် ပတ်သက်ပြီး တရားနည်းလမ်းတကျဆောင်ရွက်ခြင်းနှင့် သမာသမတ်ကျကျ ဆောင်ရွက်ရန် အား နည်းခြင်း စသည့် အခြေခံ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်သည်ကို တွေ့ရသည်။
စစ်သားများအား အခင်းဖြစ်ပွားရာမှ ရွှေ့ပြောင်းခြင်းနှင့် ကျူးလွန်သူဟု မသင်္ကာသူများအား မေးမြန်းရန်အတွက် စစ်တပ်ထံမှ ခွင့်ပြုချက်ရယူရခြင်းစသည့် လုပ်ပိုင်ခွင့် အာဏာများကို စစ်တပ်မှ အလွန်အမင်းကျင့်သုံး၍ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအများအပေါ် လွှမ်းမိုးခဲ့သည်။ ရွာအတွင်း ယာယီစခန်းချနေသည့် စစ်သား ၄၀ မှ ၂၈ ဦးကို သာ ရဲတပ်ဖွဲ့က မေးမြန်းနိုင်ပြီး မေးမြန်းရာတွင်လည်း တဦးလ ျှင် ၅ မိနစ်ထက်ပို၍ မေးမြန်းခြင်း မပြုနိုင်ပေ။ ရဲတပ်ဖွဲ့မှ ရွာသားများအား စစ်စေးမေးမြန်းပြီး စုဆောင်းခဲ့သည့် သတင်းအချက်များကိုလည်း စစ်တပ်သို့ တိုက်ရိုက်ပေးပို့ရသည်။
အဆိုပါ ပြစ်မှုတွင် စစ်သားများပါဝင်ပတ်သက်သည်ဟု စွပ်စွဲသူမည်သူ့ကိုမဆို စစ်တပ်မှ တရားစွဲဆိုမည်ဟု ခြိမ်း ခြောက်ခဲ့သည်။ ခမရ ၅၀၃ မှ တပ်ရင်းမှုးဖြစ်သူက ရွာသားများအား “ငါတို့စစ်ကြောင်းမှာ မော်တာ အလက် ၂၀ ရှိတယ်၊ ငါတို့ကို မသင်္ကာဘူးလို့ စွပ်စွဲရင် တရွာလုံးပြာကျအောင် ပစ်လို့ရတယ်” ဟု ခြိမ်းခြောက်ခဲ့သည်။
KWAT မှ အထွေထွေအတွင်းရေးမှုး မွန်းနေလီက “ဒီအမျိုးသမီးလေးတွေ သတ်ဖြတ်ခံရတာ ၃ နှစ်ရှိပြီဖြစ်ပေ မယ့်၊ ကချင်လူမှုအသိုင်းအဝိုင်းထဲက တယောက်တလေမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်တော့မှ မေ့ပျောက် သွားမှာ မဟုတ်ဘူး၊ တရားမ ျှတမှုရအောင်လုပ်ဖို့သာ ပြင်းထန်ကြီးထွားလာတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းကလွဲလို့၊ လက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေနဲ့ အခြားတဖက်က လုပ်ရပ် အနေနဲ့ ဒေသခံ လူ့အသိုင်းအဝိုင်းတွေရဲ့ နာကျင်ခံစားရမှုတွေကို စတင်ထုတ်ဖော် ဆောင်ရွက်သင့်ပါတယ်၊ အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့လုပ်တာ သိပ်နောက်မကျသေးတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ရှာဖွေနိုင်ပါတယ်”
လူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma အနေဖြင့် ၂၀ဝ၄ ခုနှစ်စတင် မှတ်တမ်းတင်လ ျှက်ရှိပြီး မိမိတို့ တွင် စုဆောင်းထားသည့် ချိုးဖောက်မှု မှတ်တမ်း ၆၀ဝ၀ နှင့်ပတ်သက်ပြီး တရားမ ျှတမှု ရရှိသည့် ဖြစ်ရပ်များ မရှိသေးပေ။ ဖြစ်ရပ်အချို့တွင်သာ စစ်တပ်သည် အောက်ခြေစစ်သားတချို့ကို အကြမ်းဖက်ကျူးလွန်မှုများ အတွက် အရေးယူခဲ့သည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ်ရှိ အင်းဒင်ရွာရှိ တရားလက်လွတ် သတ်ဖြတ်မှုတွင် စစ်တပ်မှ ပါဝင်ပတ်သက်သည်ဟု ဝန်ခံမှုက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် အသိအမှတ်ပြု ဝန်ခံရန် လမ်းခင်းပေးမည်ဟု မေ ျှာ်လင့်ပါသည်။
လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိန်းသိမ်းခံနေရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦးကိစ္စက စစ်တပ်အား တရားလက်လွတ်သတ်ဖြတ်မှုများတွင် တာဝန်ရှိသည်ဟု ဝန်ခံထွက်ဆိုလာစေသည်။ နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရအနေဖြင့် တိုင်းပြည်အတွင်း စစ်တပ်မှကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက် ရှင်းလင်းပေးရန် ဖိအားပေးပြောဆိုသင့်သည်။ အတိတ်က လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား အသိအမှတ်ပြုပေးခြင်းသည် ငြိမ်းချမ်းသာယာသည့် အနာဂတ်ကို တည်ဆောက်ရန် တခုတည်းသော နည်းလမ်းဖြစ်သည်။
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ အသိုင်းအဝိုင်းများကို ကိုယ်စားပြုပြီး၊ အဖွဲ့ဝင်များမှာ-
တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်
တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အ ပေါင်ဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်အား မသင်္ကာမှုနှင့် ဖမ်းဆီး ခဲ့သည်ဟု သိရပါသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေနတ် ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ (ပ)၅၀၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/ လူသတ်ရန်အားထုတ်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံ စမ်းခဲ့ရာ ညနေ (၅)နာရီခွဲခန့်တွင် မိုင်းမျိုးအောင်အား မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် ဖမ်းဆီးရမိ သည်ဟု ထုတ်ပြန်ထားသည်။
မိုင်းမျိုးအောင်အား ဖမ်းဆီးစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်မှုများရှိသည်ဟု တအာင်းဥပဒေပြုအ ထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများနှင့် မိုင်းမျိုးအောင်၏ ဇနီးတို့မှ သတင်းဌာနများသို့ ပြောကြား ချက်အရ သိရှိရသည့်အတွက် မိမိတို့မှ စိုးရိမ်မိပါသည်။
မိုင်းမျိုးအောင်သည် မန္တလေးရတနာပုံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိထားပြီး ဒေသတွင်းတွင် ဥပရေးရာ အသိပညာများ ဖြန့်ဖြူးပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေခြင်း၊ ဥပဒေရေးရာ အရ အထောက်အကူပြုနေသည့် အဖွဲ့အစည်း (TLA) ကို ဦးဆောင်နေသူ့ဖြစ်သည်။
၁။ မိုင်းမျိုးအောင်အား ဖမ်းဆီးမှုသည် မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်ခြင်းဖြစ်ပြီး ပြည် တွင်းလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတန်းပါ အပိုဒ် (၉)မှ ပြဌာန်း ချက်များကို ဖောက်ဖျက်ခြင်းဖြစ်သည်။
၂။ မိုင်းမျိုးအောင်အား ဖမ်းဆီးထားစဉ် ညှဉ်းပန်းနှိပ်စက်သည်ဟု သိရ၍ နိုင်ငံတကာလူ့အခွင့် အရေးကြေငြာစာတန်းပါ အပိုဒ် (၅) နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်သော နိုင်ငံတကာစာချုပ်ပါ ပြဌာန်းချက်များကိုလည်း ဖောက်ဖျက်ရာကျပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကြိုးပမ်းနေသည့်ကာလတွင် ဥပဒေရေးရာအရ အထောက် အကူပြုနေသည့် တိုင်းရင်းသားလူငယ်တဦးအား မတရားဖမ်းဆီးထားခြင်းသည် သင့်လျော်မှန်ကန် သည့် လုပ်ရပ်မဟုတ်သည့်အတွက် အမြန်ဆုံး ပြန်လည်လွှတ်ပေးပါ ရန် တောင်းဆိုပါသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)
အဖွဲ့ဝင် အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂။ ကချင်ဖွံ့ဖြိုးရေးကွန်ရက်
၃။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၄။ ကချင်အမျိုးသမီးအစည်းအရုံး -ထိုင်းနိုင်ငံ
၅။ ပလောင်အမျိုးသမီးအစည်းအရုံး
၆။ တအောင်းကျောင်းသားလူငယ်များအစည်းအရုံး
၇။ ထားဝယ် အမျိုးသမီးသမဂ္ဂ
ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားလူငယ်များအစည်းအရုံး
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့
၃။ EarthRights International (ERI)
၄။ ညီမျှခြင်း-မြန်မာ
၅။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၆။ ပအိ်ု့ဝ်လူငယ်အစည်းအရုံး
၇။လားဟူအမျိုးသမီးအစည်းအရုံး
ထုတ်ပြန်ချက် PDF File ရယူရန်
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်း များတွေ့ရှိမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်
နေပြည်တော် ဇန်နဝါရီ ၁ဝ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ လူများအား သတ်ဖြတ် မြှုပ်နှံထားကြောင်း သတင်းပို့တိုင်ကြားလာမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်ခဲ့မှု ရှိ၊ မရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့်အဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ သွားရောက်စစ်ဆေးခဲ့ရာ အင်းဒင်ကျေးရွာမှ ရွာသား အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၁ဝ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ် သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန် လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် အထိ အင်းဒင်ကျေးရွာအုပ်စုအတွင်းရှိ အခင်းဖြစ်ပွားခဲ့ သည့် နေရာများကို သွားရောက် ၍ တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ခြောက်ဦးနှင့် ဌာန ဆိုင်ရာဝန်ထမ်း ခြောက်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း။
စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုတွင် တိုင်းရင်းသား ရွာများ ဖြစ်သော အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ(နတလ)ရွာ နှစ်ရွာနှင့် ဘင်္ဂါလီရွာ သုံးရွာ ပါဝင်ကြောင်း၊ တိုင်းရင်းသား နှစ်ရွာတွင် အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၈၄ဝ ရှိပြီး ဘင်္ဂါလီ သုံးရွာတွင် အိမ်ခြေ ၈ဝဝ ၊ လူဦးရေ ၆ဝဝဝ ခန့်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီများမှာ တိုင်းရင်းသားများအပေါ် တင်းမာစွာ ဆက်ဆံပြီး ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီ လယ်တောသို့သွားစဉ် အကြမ်းဖက်သမားများက ဝိုင်းဝန်းဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး သြဂုတ် ၂၅ ရက်က စတင်၍ အင်းဒင်တိုင်းရင်းသားရွာကို တုတ်၊ ဓားများကိုင်ပြီး အဝေးမှ နေ့၊ ည လူအုပ်ဖြင့် ဝိုင်းဝန်းခြိမ်းခြောက်ကြကြောင်း၊ ရွာသားများသည် ကြောက်ရွံ့ထိတ် လန့်လျက် အိမ်တွင်မနေရဲဘဲ အင်းဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်စုပေါင်းနေထိုင်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကလည်း ကျေးရွာများ၏ အကူအညီတောင်းခံမှုအရ အချိန်မီရောက်ရှိ လုံခြုံရေးဆောင် ရွက်ပေးခဲ့ရကြောင်း။
အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်း လင်းစဉ် အကြမ်းဖက် အင်အား ၂ဝဝ ခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက်၍ သတိပေးတားမြစ်ခဲ့ပြီး လိုက်လံဖမ်းဆီးရာ အကြမ်းဖက် သမား ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဆီးရမိအကြမ်းဖက်သမား ၁ဝ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းချက် များအရ ¤င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိနေကြောင်း၊ ကျေးရွာ၌ နေထိုင်စဉ် မော်လဝီ ဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စည်းရုံး ခံထားရသူများဖြစ်သည်ကို သိရှိရကြောင်း။
၄င်းအကြမ်းဖက်သမား ၁ဝ ဦးအား လုပ်ထုံးလုပ်နည်းနှင့် အညီ ရဲစခန်းသို့ အပ်နှံ ရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီး အား သင်္ဘော ကွေ့ကျေးရွာတွင် အကြမ်းဖက် သမားများက မိုင်းဆွဲတိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၄င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိခြင်း စသည်တို့ကြောင့် ၄င်းတို့အား သုသာန်သို့ ခေါ်ဆောင် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် သမား ၁ဝ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ သဖြင့် ပါဝင် ပတ်သက်သူရွာသားများနှင့် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း များ(Rules of Engage-ment) အား ချိုးဖောက်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ဌာန အဆင့်ဆင့် သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန် တာဝန်ရှိသူများ ကိုလည်း လိုအပ်သလို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကိုလည်း သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတင်းစဉ်
Ministry of Information
ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ခဲ့ဟု တပ်မတော်ထုတ်ပြန်
ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။
စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀ဝ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲစခန်းကို အပ်နှံရမှာဖြစ်ပေမယ့်၊ အဲဒီအချိန်ကာလမှာ နယ်မြေတဝိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်တဲ့ အခြေအနေ မရှိတာကြောင့် သူတို့ကို သုသာန်ကိုခေါ်ဆောင်သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။
၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို စာသင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီမှာ အင်းဒင်ကျေးရွာ ပဲရုံသုဿန်ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီရဲ့ သားတွေအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနဲ့ ပေါက်ပြားတွေ ကိုင်ဆောင် လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
“ပဲရုံသုသာန် ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း ၂ ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား ၁ ဦးတို့က ဘင်္ဂါလီအကြမ်းဖက်သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။”လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါဖြစ်စဉ်မှာ အင်းဒင်ကျေးရွာမှ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့လို့ ပါဝင်ပတ်သက်သူ ရွာသားတွေနဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူမယ့်အပြင် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရလို့ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသော်လည်း ကွပ်ကဲဖို့ တာဝန်ရှိသူတွေကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူမယ်လို့ တပ်မတော်က ပြောပါတယ်။
ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ၊ မရှိ စစ်ဆေးဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးစီးတဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက်ပြီး တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ၆ ဦးနဲ့ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။
ဓာတ်ပုံ-CINCDS
DVB News
National အဆင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်ကို ၂၀၁၇
National အဆင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်ကို ၂၀၁၇ ဒီဇင်ဘာလ ၁၉၊ ၂၀ တွင် ရန်ကုန်မြို , Summit Parkview Hotel ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် တအောင်းအမျိုးသမီးအဖွဲ့အစည်းမှ ND-Burma ကိုယ်စားလှယ်အဖြစ် လွေးပိုးကမေဲးခြိုဝ်းက ‘Armed Conflicts and Human Rights Violations in Myanmar’ အကြောင်းအရာကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ထင်ကျန်နေဆဲ
မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်ဒေသအတွင်း အတိတ်ကဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အသိအမှတ်ပြုပေးစေလိုမှုနှင့် တရားမ ျှတမှု ပြန်လည်ရှာဖွေပေးစေလိုမှု
Read more