ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

(၇၂) နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ သဘောထားထုတ်ပြန်ချက်
နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာပြည်တွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ချိုးဖောက်မှုများ ချက်ခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကြပ်အတည်းများကို ဖြေရှင်းသွားရန် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်
မြန်မာနိုင်ငံအတွင်း မြင့်တက်လာသည့် လူ့အခွင့်အရေးအခြေအနေများအပေါ် ND-Burma မှ စိုးရိမ်မိပါသည်။ အကြမ်းဖက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး လက်နက်ကိုင် စစ်သားများ၏ ချိုးဖောက်မှုမှ ကာကွယ်ရန် မစွမ်းနိုင်သည့် ထိခိုက်နစ်နာလွယ်သူများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ မကြာသေးမီက ကျင်းပခဲ့သည့် ရွေး ကောက်ပွဲမှ နောက်ထပ် (၅) နှစ်သက်တမ်း အုပ်ချုပ်ရန် ထပ်မံရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အရပ်သားများ ဘေးကင်း လုံခြုံရေးကို မဖြစ်မနေ အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။
ယနေ့ကျရောက်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တိုင်းပြည်ရှိ ပြည်သူတရပ်လုံးအား ကာကွယ် စောင့်ရှောက် ရန်နှင့် ပြည်သူတို့၏ အခွင့်အရေးကို ထိန်းသိမ်း လေးစားရန် ND-Burma မှ နိုင်ငံတော်အစိုးရအား တောင်းဆိုပါသည်။ သို့မှသာ အားလုံးပါဝင်ပြီး ခွဲခြားမှုမရှိသည့် ချဥ်းကပ်မှုများဖြင့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အဓိပ္ပါယ်ရှိသော ခြေလှမ်း များ စတင် နိုင်မည် ဖြစ်သည်။
အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာမှာ ဆယ်စုနှစ် ခုနှစ်ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်း သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် နေရပ်ရင်းမှ အတင်းအကြပ်ထွက်ပြေးကြရသည်။ ထိုအဖြစ်ဆိုးများ ဖြစ်ပေါ်နေသော်လည်း ဖြစ်ရပ်အချို့တွင်သာ ချိုးဖောက်ခံရသူနှင့် ၎င်းတို့၏မိသားစုဝင်များမှာ မပြောပလောက်သည့် ပေးလျော်မှုနှင့် တရား မျှတမှုကိုသာ ရရှိကြသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အပါအဝင် အစိုးရအဖွဲ့အစည်းများမှ တရားမျှတမှုအတွက် လုပ်ဆောင်မှုနှင့် စည်းရုံးမှုများ ပျက်ကွက်နေသည်မှာလည်း စိတ်ပျက်စရာဖြစ်သည်။ အထူးသဖြင့် MNHRC ၏ အပိုဒ် (၃၇) တွင် တရားရုံးတင် ဆောင်ရွက်နေသည့် မည်သည့်တိုင်ကြားမှုများကိုမဆို ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေး ပိုင်ခွင့်မရှိဟု ဖော်ပြထားမှုသည် တိကျမှုမရှိသော ကော်မရှင်၏ လုပ်ပိုင်ခွင့်က ပြစ်မှုကျူးလွန်သူများအား တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေးအတွက် ဆောက်ရွက်ရန် အကန့် အသတ်ဖြစ်စေသည့် ဥပမာတခုဖြစ်သည်။
လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်ခံရသူများ၊ နိုင်ငံတကာလူသားချင်းစာနာသည့် ဥပဒေကို ချိုးဖောက်ခံရသူ များနှင့် ၎င်းတို့၏မိသားစုဝင်များသည် မည်သည့်အဖွဲ့အစည်း၏ နှောင့်ယှက်ဟန့်တားမှု တစုံတရာမရှိပဲ တရားမျှတမှု ရှာဖွေနိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုအထဲတွင် အပြစ်ကျူးလွန်သူများ၏ တာဝန်ယူ တာဝန်ခံမှုနှင့် ကျူးလွန်ခံရသူများ မည်သို့ ကျူးလွန်မှုကို ခံစားရသနည်းဆိုသည့် အမှန်တရားကို သိခွင့်ရှိခြင်းလည်း ပါဝင်သည်။ မည်သည့် ရာဇဝတ်မှုမျိုး မဆို တရားခံအား စစ်ခုံရုံး သို့မဟုတ် အစိုးရတာဝန်ရှိသူများမှ အကာအကွယ်ပေးမှုမျိုး မရှိရပေ။
မြန်မာ့တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျာ: (EAOs) နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်း တိုး နေသော်လည်း ရက္ခိုင့်တပ်တော် (AA) အပါအဝင် အားလုံးပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုမျိုး မရရှိသေးပေ။ ယခုနှစ် မတ်လတွင် အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီမှ AA အား အ ကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။ ယခု ဒီဇင်ဘာလသည် AA နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည့် (၂) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါအဝင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွား နေသည်။ ယခုအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ချင်း၊ ကချင်နှင့် ကရင်ပြည်နယ် တို့တွင် အကြမ်းဖက်မှု များကို မြန်မာစစ်တပ်နှင့် EAQs များသည် စနစ်တကျဖြင့် ကျူးလွန်နေသည်။ ၁၉၉၂ ခုနှစ်တွင် မြန်မာအစိုးရမှ လက်မှတ် ရေးထိုးထားသည့် ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း တပ်မတော်နှင့် EAQs များမှ အပြည့်အ၀ ပူးပေါင်းပြီး စစ်ပွဲများတွင် နိုင်ငံတကာဥပဒေ စံချိန်စံညွှန်း များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။
ND-Burma မှ ၂၀၂၀ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတွင် မှတ်ချက် ပြုထားသကဲ့သို့ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသတွင်းရှိ ပြည်သူများသာ ပစ်မှတ်ထားခြင်း ခံနေရသည် မဟုတ်ပဲ သတင်းသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ဖြစ်ပေါ်နေသည့် အကြောင်းအရာ များအပေါ် အစီရင်ခံ ထုတ်ပြန်နေသည့် အရပ်ဖက်အဖွဲ့အစည်းများပါ အလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း၏ အမှတ်လက္ခဏာတခုမှာ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို လေးစားလိုက်နာခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် (၁၃၉) တွင် ရှိပြီး နယ်စည်းမခြားသတင်းသမားများအဖွဲ့မှ “သတင်းလွတ်လပ်ခွင့်သည် (NLD) အစိုးရ၏ ဦးစားပေးလုပ်ငန်းတခု မဟုတ်သည်မှာ ထင်ရှားသည်” ဟု ဖော်ပြထားသည်။
မြန်မာပြည်သူများအတွက် အထူးသဖြင့် စစ်၏ ဝန်ထုတ်ဝန်ပိုး များကို ဆယ်စုနှစ်များစွာ ၄င်းတို့၏ ပခုံးပေါ် ထမ်းထား ရသူများအတွက် စစ်မှန်သည့်ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိခံစားစေလိုလျှင် NLD သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိထားမှုကို အခွင့်အရေးတရပ်အနေဖြင့် အသုံးပြုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းမြှင့်တင်ရေး အတွက် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် အင်အားစု အားလုံးနှင့် လက်တွဲ၍ ဆောင်ရွက်သင့်သည်။ ရွေးကောက်ပွဲ အပြီး တွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုကော်မတီ (FPNCC) မှ NLD အစိုးရနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမည်ဟု ကနဦးထုတ်ပြန် ချက်သည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အပြုသဘော ဆောင်သည့် လက္ခဏာဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများတွင် ဖက်ဒရယ်ပြည်ထောင်စု လမ်းညွှန်ချက်များအဖြစ် အရပ် သားများ၏ လုံခြုံရေးကို ရှေ့တန်းတင်၍ သေချာစွာ ထည့်သွင်းရမည် ဖြစ်သည်။
ထို့အပြင် ND-Burma အဖွဲ့ဝင်များအနေဖြင့် မြန်မာပြည်အနာဂတ်နှင့်ပတ်သက်ပြီး အထူးအလေးအနက် ထား စိုးရိမ်မိပါသည်။ လုံခြုံမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဥ်များ မရှိလျှင် အပြစ်မဲ့ ပြည်သူများ၏ ရှေ့ရေးမှာ အန္တရာယ်ထူပြော နေဦးမည် ဖြစ်သည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ် ပိုင်ဆိုင်မှုများအား အကာအကွယ်ပေးရန်အတွက် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လိုက်နာရန်လည်း ထပ်မံတောင်းဆိုပါသည်။ အဆိုပါအချက်များကို လိုက်နာရန် ပျက်ကွက်သူများအား ၎င်းတို့ ၏ လုပ်ရပ်အတွက် တရားရုံးတင်၍ လေးနက်သည့် ဥပဒေများဖြင့် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။
ဆက်သွယ်ရန်
ဦးအောင်ဇော်ဦး – လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ( HRDP)
ဖုန်း – +၉၅ ၉၄၂ ၁၀၃ ၉၄၉၃
လိုည်းပို;စေ -တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)
ဖုန်း – +၉၅ ၉၂၆ ၄၁၆ ၂၂၂၉
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် (၁၃) ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စား ပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ် မှစပြီး မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း (၄) ဖွဲ့ ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)
၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)
၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)
၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)
၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)
၄။ ရှေ့ပြေးအသံအဖွဲ့ (PV)
ကုလားတန်စီမံကိန်းပါ ဒေသခံများ အကျိုးခံစားခွင့်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်းများကွန်ယက်ဆို
သီဟ — မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံစာချုပ် ချုပ်ဆိုကာ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း မစတင်မီ စီမံကိန်းနှင့်သက်ဆိုင်သည့် ဒေသများတွင် နေထိုင်သူများ မည်သည့် အကျိုးခံစားခွင့်များ ရနိုင်သည်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်းများကွန်ယက်၏ Managing Director ကိုတိန်ဦးက ပြောသည်။
စီမံကိန်းတစ်ခုလုံးနှင့်သက်ဆိုင်သည့် ပြည်သူလူထုအကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်(EIA)နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာဆန်းစစ်ချက်(SIA)များကို လူထုအားချပြရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆက်လက်ပြီး ကိုတိန်ဦးက လက်ရှိတွင် စီမံကိန်းဆိုင်ရာ အချက်အလက်အချို့ကိုသာ ချပြမှုရှိသော်လည်း EIA/SIA ဆိုင်ရာအချက်အလက်များနှင့် စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းမှ ဒေသခံများရရှိမည့် အကျိုး ကျေးဇူးများ၊ စီမံကိန်းမှ ရခိုင်ပြည်နယ်အတွက် မည်မျှအကျိုးကျေးဇူးရရှိမည် စသည်တို့ကို ရှင်းလင်းစွာ မသိရှိရသေးဟု ဆိုသည်။
“အခုစီမံကိန်းလုပ်ရင် ဘာတွေရလာမယ်။ ရခိုင်ကပြည်သူတွေအတွက် အကျိုးအမြတ်ရဲ့ဘယ်လောက်ကို သုံးမယ်။ သင်္ဘောတွေသွားလာလို့ ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိလာရင် ကာကွယ်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာလည်း ပြည်သူကို ဘာမှချပြတာမရှိသေးဘူး။ ဖွင့်ပွဲလာလုပ်တယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ အိန္ဒိယဆိပ်ကမ်းဆိုပြီး နာမည်ဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားသည်အထိ ဒေသခံများ၏အသံများ၊ စီမံကိန်းဧရိယာ တလျှောက်ရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ စီမံကိန်းပြီးမြောက် ရေးကိုသာ ဦးတည်ဆောင်ရွက်နေသည့် အနေအထားမျိုးဖြစ်နေကြောင်းလည်း ကိုတိန်ဦးက စွပ်စွဲပြောဆိုသည်။
ထို့အပြင် စစ်တွေမြို့တွင် ဆိပ်ကမ်းတည်ဆောက်ခဲ့စဉ်က လိုအပ်သည့်သဲများကို ကုလားတန်မြစ်ဝမှ သွားရောက်စုပ်ယူခဲ့သည့်အတွက် အဆိုပါတစ်ဖက်ကမ်းရှိ သဲခုံကျေးရွာတွင် ရေတိုက်စားကာ ကမ်းပြိုသည့် အတွက် နေအိမ်များရေအောက်ရောက်သွားခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ရခိုင်မြစ်ချောင်းများ ကွန်ယက်က ထောက်ပြသည်။
စစ်တွေမြို့နှင့် ကုလားတန်မြစ်ခြားထားသည့် ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ကမ်းပါးပြိုကျမှုများဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ မည်သည့်ဌာနကမှ လာရောက်ကူညီပေးခြင်း မရှိသေးကြောင်းနှင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က ပြောသည်။
“စစ်တွေမှာ ဆိပ်ကမ်းလုပ်နေတုန်းက သင်္ဘောကြီးတွေနဲ့ သဲတွေလာစုပ်ကြတယ်။ အဲဒီနှစ် မိုးတွင်းကစပြီး ကမ်းက စပြိုလာတာ အခုဆိုရင် ရွာရဲ့သုံးပုံတစ်ပုံလောက် ကုန်သွားပြီ။ ဒီနှစ်မိုးတွင်းလည်း ဆက်ပြီးပြိုမယ့် အနေထားမှာ ရှိနေသေးတယ်” ဟု ၎င်းကဆိုသည်။
ဒေသတစ်ခုတွင် စီမံကိန်းလုပ်ဆောင်မည်ဆိုပါက အဆိုပါစီမံကိန်း၏ EIA/SIA ဆိုင်ရာအချက်များကို အဆိုပါ စီမံကိန်းဧရိယာရှိ ပြည်သူများသို့ ပွင့်လင်းမြင်သာစွာရှင်းပြရန်လိုအပ်ပြီး ထိုသို့ချပြမှုမရှိပါက အကယ်၍ ထိခိုက်မှုဆိုးကျိုး တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဒေသခံများတွင် များစွာထိခိုက်မှုများဖြစ်ပွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာတောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI)မှ ရေချိုနှင့်အဏ္ဏဝါ ရေပြင်ထိန်းသိမ်းရေး အစီအစဉ်မန်နေဂျာ ဦးဇော်လွန်းကပြောသည်။
“လုပ်ငန်းတစ်ခုလုပ်ရင် ရုတ်တရက် ဒေသမှာအကြောင်းတစ်ခုခုထိခိုက်ရင် ဒေသခံတွေက မကျေမနပ်ဖြစ်မှာ ပဲလေ၊ ဒီတော့မဖြစ်အောင် ကြိုပြီးရှင်းပြရတယ်။ ဒီဒေသမှာတော့ ဒါကိုလုပ်မယ်။ တစ်နှစ်၊ နှစ်နှစ်တော့ ဒီလို ဖြစ်မယ်၊ သို့သော်အဲဒီကာလအတွင်းမှာ ဒေသခံတွေကို ဘယ်လိုကုစားပေးမယ် ဘယ်လိုတုန့်ပြန်ပေးမယ်။ နောက်ရေရှည်မှာ အဆင်ပြေအောင်ဘယ်လိုလုပ်ပေးမယ်ဆိုပြီး သူတို့ရဲ့ Plan မှာ ပါတာတွေကို ရှင်းပြဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
ကုလားတန်စီမံကိန်းမစတင်မီ စီမံကိန်းနှင့်သက်ဆိုင်သည့် ကောင်းကျိုးဆိုးကျိုးများကို သေချာလေ့လာကာ ပြည်သူများကို စနစ်တကျရှင်းပြခြင်းများပြုလုပ်သင့်ကြောင်း ဦးဇော်လွန်းက ထပ်လောင်းပြောကြားခဲ့သည်။
“ကုလားတန်စီမံကိန်းက ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လောက်အကျိုးပြုတယ်။ ဘာတွေ အကျိုးရမယ် ဆိုတာ ကိုလည်း သေသေချာချာရှင်းပြဖို့လိုမယ်။ ဘယ်လောက်ပဲ ကောင်းအောင်ပဲလုပ်လုပ် သေသေချာချာ ရှင်းပြဖို့ လိုတယ်။ မဟုတ်ရင် နောက်ပိုင်းမှာ မပွင့်လင်းတဲ့ပြဿနာတွေ ဖြစ်သွားနိုင်တယ်” ဟု သူကဆိုသည်။
စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား ဆက်သွယ်မေးမြန်းရာ ပြည်ထောင်စုအဆင့်ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကိုသာမေးမြန်းရန် ပြောသည်။
လက်ရှိတွင် စစ်တွေနှင့် ပလက်ဝတို့၌ ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်း တည်ဆောက်ပြီးပြီဖြစ်ကာ အဆိုပါ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်တည်ဆောက်ရန် သဘောတူညီမှု(MOU)ထိုးထားခဲ့သော်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် လက်ရှိတွင် ခေတ္တရပ်ဆိုင်းထားရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကဆိုသည်။
“တိုက်ပွဲတွေကြောင့် ရေကြောင်းပိုင်းမှာလုပ်နေတဲ့ အပိုင်းကို ခေတ္တရပ်ထားရသေးတယ်။ နောက်ပြီး လမ်းဖောက် လုပ်မယ့်အပိုင်းကိုကျတော့ လက်ရှိကိုဗစ်ရယ်။ နယ်မြေမအေးချမ်းသေးတာတွေရယ်ကြောင့် ခေတ္တရပ်ဆိုင်းထားရ ပါသေးတယ်” ဟု သူကဆိုသည်။
အဆိုပါ စီမံကိန်းပြီးမြောက်သွားမည်ဆိုပါက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စက်ပစ်ပြင်ကျေးရွာအထိ ကုန်းလမ်းအတိုင်း ကုန်သွယ်နိုင်မည်ဖြစ်ကာ ထိုမှတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့သို့ ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း ဦးစိုးထက်ကဆိုသည်။
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှတဆင့် စစ်တွေဆိပ်ကမ်း-ပလက်ဝဆိပ်ကမ်းတို့မှ အိန္ဒိယအရှေ့မြောက်ရှိ မီဇိုရမ်ပြည်နယ်သို့ ချိတ်ဆက်နိုင်ရန် အိန္ဒိယနိုင်ငံ၏အရှေ့မျှော်ဝါဒအရ ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့်ရေလမ်းဟူ၍ နှစ်မျိုးပါဝင်ကာ ရေလမ်းမှာ စစ်တွေမှပလက်ဝအထိဖြစ်ပြီး ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့်ဆက်သွယ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ စီမံကိန်းတွင် ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသဖြင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း၏ ပလက်ဝမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖောက်လုပ်ရာတွင် လုံခြုံရေးအခြေအနေကြောင့် ကြန့်ကြာမှုများရှိနေသည်ဟု ယခုနှစ် ဇန်နဝါရီလအတွင်းက ပြောဆိုခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ဒီလမ်းသာအကောင်အထည်ဖော်သွားရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအတွက် အကျိုးခံစားခွင့်ရှိမှာကို မျှော်လင့်လို့ပါ။ အဲဒါကြောင့် ကျနော်တို့ဒီလမ်းကို အခက်အခဲရှိပေမယ့်လည်း အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ကတော့ လမ်းကိုအမြန်ဆုံးနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု H.E. Shri Saurabh Kumar ကပြောသည်။
လက်ရှိ ဆောင်ရွက်နေသောစီမံကိန်းမှာ ရခိုင်ပြည်သူများ အကျိုးရှိမည့်ကိစ္စဖြစ်သဖြင့် မည်သည့်ပါတီ၊ မည်သည့် ဌာနဆိုင်ရာမဆို ဝိုင်းဝန်းကူညီပူးပေါင်းပေါင်းဆောင်ရွက်ရန် မျှော်လင့်မိကြောင်းလည်း ၎င်းကဆိုသည်။
ယင်းသို့ ဖောက်လုပ်နေသည့်လမ်းပြီးစီးသွားပါက စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရဘက်က ပြောဆိုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံသို့ စစ်တွေမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Dr. Gautam Kumar Pandey နှင့်အဖွဲ့ လာရောက်တွေ့ဆုံ ခဲ့ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နေထိုင်နိုင်ရန် အကူအညီပေးရေးကိစ္စနှင့် ကုလားတန်စီမံကိန်း အမြန်ဆုံး လည်ပတ်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်က အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့သည်။
BNI News
တရားမျှတမှုစာစောင် (နိုဝင်ဘာလ၊ ၂၀၂၀ ပြည့်နှစ်)
အကျဥ်းချုပ်
မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဒုတိယအကြိမ်လွတ်တော်အမတ်နေရာ ၄၉၈ နေရာအနက် ၃၉၆ နေရာ အနိုင်ရခဲ့ပြီး ဒုတိယအကြိမ် အစိုးရ သက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ NLD မှ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်၂၀၁၅ ရွေးကောက်ပွဲထက် အမတ်နေရာများစွာ ပိုရရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို အဓိက အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ( USDP )မှ ခုခံငြင်းဆိုသော်လည်း ရွေးကောက်ပွဲကော်မတီ မှ ဆက်လက် အတည်ပြုခဲ့သည်။ USDP ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၉ ခုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား အရေးယူပေးရန် လက်မှတ် ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်မီဒီယာများအား ကာကွယ်ပေးရန် ကတိက၀တ်များ ထားရှိ ခဲ့သော်လည်း ထိုကဲ့သို့သော ကတိက၀တ်များကို ဖယ်ရှားပစ်လိုက်ခြင်းသည် နောက်လာမည့် ငါးနှစ်သက်တမ်း အတွက် စိုးရိမ်ဖွယ်ရာလက္ခဏာဖြစ်စေခဲ့သည်။
အောင်ပွဲသတင်းရသောအခါ NLD နှင့် မြန်မာ့တပ်မတော်သည် အချိန်ကြာမြင့်စွာနှောင့်နေးနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ပြန်လည်စတင်ရန် အလျှင်အမြန် ခြေလှမ်းစခဲ့သည်။ NLD ရွေးကောက်ပွဲမနိုင်ခင်ကတည်းကပင် မြန်မာ့ တပ်မတော်သည် ငြိမ်းချမ်းရေးစကား၀ိုင်းကို အလျှင်အမြန်စတင်နိုင်ရန် ကော်မတီထံသို့တိုက်တွန်းခဲ့သည်။ ငြိမ်းချမ်း ရေး လုပ်ငန်းစဥ်သည် ၂၀၁၁ တွင်စတင်ခဲ့သော်လည်း လုပ်ငန်းစဥ်များသည် ပြီးခဲ့သည့်နှစ်များတွင် နှေးကွေးခဲ့သည်။ များမကြာသေးမှီကာလဖြစ်သော သြဂုတ် ၂၀၂၀ တွင် ပင်လုံညီလာခံကို ကျင်းပခဲ့သည်။
NLD အစိုးရသည် တိုင်းရင်းနိုင်ငံရေးပါတီ ၄၈ ဖွဲ့ ကို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ရန် နှင့် ပြည်တွင်းစစ်ကို ရပ်တန့်ရန် ကြေငြာချက်ထုတ် ကမ်းလှမ်းခဲ့သည်။ ဧရာ၀တီ၏ အဆိုအရ ဤကြိုးပမ်းမှုသည် NLD ၏ပထမခြေလှမ်းဖြစ်ပြီး သည်။ NLD ၏ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ (MUP) ဥက္ကဌ နိုင်တလနွန် မှ ယခုကဲ့သို့ကမ်းလှမ်းမှုသည် ကောင်းမွန်သောကမ်းလှမ်းမှုဖြစ်ပြီး NLD အစိုးရအနေဖြင့် ပြီးခဲ့သည်ကာလများတွင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ကိုင်တွယ်မှုသည် လုံး၀လွဲမှားနေသည်ဟုပြောဆိုခဲ့သည်။ ယခင်ကဲ့သို့ ရှေ့ဆက် သွားပါက စစ်ဘောင်တွေပဲ ကျယ်ဖို့ရှိလာပြီး တိုက်ပွဲများ ပိုပြီးများ ပိုပြီးပြင်းထန်လာကာ ပိုမိုကျယ်ပြန့်လာ ဖို့ပဲ ရှိသော ကြောင့် ပုံစံပြောင်းရမည် ဟုပြောဆိုသည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ (KySDP) မှ တိုင်းရင်းသား အရေး တိကျခိုင်မာသည့် စာချုပ်စာတမ်းရှိမှသာ NLD အစိုးရနှင့် ပူးပေါင်းမည်ဟု ပြောဆိုခဲ့သည်။ ဤအချက်သည် တိုင်းရင်းသားပါတီ များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၀င်များသည် NLD ၏ ရွေးကောက်ပွဲ ရလဒ် အပေါ် ကြိုဆို ရာရောက်ပြီး မြန်မာပြည်၏ ကာလကြာရှည်စွာဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် တွေ့ဆုံ ဆွေးနွေးမှု အတွက် ကောင်းမွန်တိုးတက်သည့် အလားအလာြဖစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအကြို စည်းရုံးလှုံ့ဆော်ရေးကာလတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများထံမှ ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ကိုယ်စားလှယ်လောင်းများသည်လည်း ခွဲခြားဆက်ဆံခံရခြင်း နှင့် ဆင်ဆာဖြတ်ခံ ရခြင်း များ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ကိုဗစ် ၁၉ နှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲများကို နေရာတော် တော် များများတွင် ဖျက်သိမ်းခြင်းများဖြစ်ပေါ်ခဲ့သည်။
အပြုသဘောအားဖြင့်ကြည့်မည် ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး အမတ်များတိုးလာခဲ့သည်။ အမျိုးသမီး ဥပဒေပြုအမတ်နှင့် တိုင်းရင်း သားရေးရာ ၀န်ကြီး ကိုယ်စားပြုအမတ်များ ၁၇ % ထိရှိခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲအပေါ် ပြည်နယ်များ၏ တုံ့ပြန်မှု
ရခိုင်ပြည်နယ်
ရခိုင့်တပ်မတော် (AA) မှ ရွေးကောက်ပွဲမကျင်းပနိုင်မှုကြောင့် မဲပေးခွင့်မရရှိခဲ့သော နေရာများတွင် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးရန် ထုတ်ပြန် တောင်းဆိုခဲ့သည်။ ထိုသို့မဲပေးခွင့်ဖျက်သိမ်းခဲ့သောနေရာများတွင် ဒီမိုကရေစီ အခွင့်အရေး ချိုးဖောက်ခံခဲ့ရသော တိုင်းရင်းသားနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ် ချစ်ကြည်မှုစေတနာ ပြသရာ ရောက်သည်ဟု ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ၎င်းဒေသတွင်နေထိုင်သော ပြည်သူလူထုများ အနေဖြင့် မဲပေးခွင့်မရရှိဘဲ ပြည်သူလူထုအသံကို ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဆုံးရှုံးရ သကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများနစ်နာခဲ့ရသည်ဟု AA ၏ ထုတ်ပြန်ချက် နှင့် ၎င်း၏လက်၀ဲပါတီဖြစ်သော ရခိုင်စည်းလုံးညီညွတ်ရေးပါတီ ULP တို့မှပြောဆိုခဲ့သည်။
ကရင်ပြည်နယ်
KNU အထွေထွေအတွင်းရေးမူးချုပ် စောတာတိုမူး မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မြန်မာတိုင်း သို့ အောက်ပါအတိုင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲမသာမှုများများကို စုံစမ်းစစ်ဆေးရန်လိုအပ်ပြီးအောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများဖြင့်ဖြေ ရှင်းရန် လိုအပ်သည်။ မှတ်တမ်းများသက်သေပြနိုင်သည်အထိ ပြည်သူများ၏ရွေးချယ်မှုကို အသိအမှတ်ပြု ရန်လိုအပ်သည်။ ရွေးကောက်ပွဲတိုင်းတွင် မဲမသမာမှုများသည် တစ်ချို့သောနေရာတွင် ရှိနေတက်သည်။ ရွေးကောက်ပွဲတွင် တရားမျှတမှု မရှိခဲ့ ပါက မှန်ကန်သောလမ်းကြောင်း နှင့် အတည်ပြုပြီးသော မှတ်တမ်းများဖြင့် ဖြေရှင်းရန် လိုအပ်သည်။ ရွေးကောက် ပွဲ၏ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု နှင့်တရားမျှတမှုတို့သည် လေ့လာသုံးသပ်သူများ၏ အကဲဖြတ်မှု အပေါ်တွင် မူတည် သည်။
မွန်ပြည်နယ်
မွန်စည်းလုံးညီညွတ်ရေးပါတီ (MUP)မှ မွန်ပြည်နယ်တွင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ သတ်မှတ်ထားသော အချက်အလက်များကိုစုံစမ်းရန် တောင်းဆိုခဲ့သော် လည်း ငြင်းပယ်ခံခဲ့ ရသည်။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ၀င်ကိုယ်စားလှယ်လောင်းများကို ပုံစံ ၁ ထုတ်ပေးရမည်ဖြစ်သည်။ နိုင်ငံရေးပါတီမှ အချက်အလက်များကိုစုံစမ်းပေးရန်တောင်းဆိုခဲ့သော် လည်းမည်သည့်အချက်အလက်မှ မပေးခဲ့သောကြောင့် ရွေးကောက်ပွဲ၏ သမာသမတ်အပေါ် သံသယဖြစ်မိသည် ဟု မွန်စည်းလုံးညီညွတ်ရေးပါတီ၏ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ မှပြောကြားခဲ့သည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၁) အနိုင်ရကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာနေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ မှုသည် ရွေးကောက်ပွဲရလဒ်ကြောင့်ဖြစ်သည် ဟုကောက်ချက်ချနေကြသည်။ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သောကြောင့် အကြမ်းဖက်မှုများ တိုးလာနိုင်သည် ဟု စိုးရိမ်မှုများတိုးလာလျက်ရှိသည်။ ထိုလုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေးပါတီများမှ ပစ်တင်ရှုံ့ချ ခဲ့ကြသည်။
အထွေထွေရွေးကောက်ပွဲကျင်းပပြီး နှစ်ပတ်အကြာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုများပြားလာသည်။ Burma News International ၏အဆိုအရမြောက်ပိုင်းမဟာမိတ်အဖွဲ့ KIA၊ TNLA၊ AA နှင့် MNDAA တို့နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ညှိနှိုင်းမှုများ ရှိခဲ့သော် လည်း မည်သည့် သဘောတူညီချက် မှ မရရှိခဲ့ဘဲ ကိုဗစ်ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။
ချင်းပြည်နယ်
ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) မှ ချင်းပြည်နယ်တောင်ပိုင်းတွင် လတ်တလောကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးခဲ့မှုကြောင့် အစိုးရကို ပစ်တင်၀ေဖန်ခဲ့သည်။ ပလက်၀မြို့နယ်တွင် မဲပေးခွင့် ၂၀% သာရရှိခြင်းသည် အစိုးရ၏ အားနည်းချက်ကြောင့်ဖြစ်ပြီး ပြည်သူမျာ၏ အခွင့်အရေးကိုကာကွယ်ရန် ပျက်ကွက်ခဲ့သည် ဟုပြောဆိုခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများ
ရခိုင်ပြည်နယ်
ရမ်းဗြဲမြို့နှင့် စနဲမြို့သို့ ဒေသခံ ၅ဝဝ ကျော်ထွက်ပြေးခိုလှုံ၊ နို၀င်ဘာလ ၁၃ ရက် ၂၀၂၀
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ပေါ်နှင့် ကျောက်ဖြူမြို့နယ်စနဲမြို့ပေါ်သို့ ဒေသခံ ပြည်သူ ၅ဝဝ ကျော်ခန့်သည် တပ်မတော် စစ်ကြော၏ ကျေးရွာသားအချို့ကိုဖမ်းဆီးခြင်း၊ နေအိမ်အချို့ကို၀င်ရောက်ရှာဖွေမှု များကြောင့် ထွက်ပြေးခိုလှုံ လာ ကြသည်။ ထွက်ပြေးလာသူများသည် လတ်တလောတွင် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြပြီး စားရေး သောက်ရေး ကို ရမ်းဗြဲမြို့ အရပ်ဖက် အဖွဲ့အစည်းများမှ ကူညီပေးလျက်ရှိသည်။
ရခိုင်ဒေသခံတစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရစဥ် ရိုက်နှက်ညှင်းပမ်းခံရ၊ နို၀င်ဘာ ၁၇ ရက် ၂၀၂၀
စစ်တပ်မှဖမ်းဆီးထိန်းသိမ်းခံရသော အမ်းဒေသခံတစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရစဥ် ရရှိခဲ့သည့်ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရသည်ဟု မိသားစု၀င်များမှပြောခဲ့သည်။
မောင်တောတွင် ပေါက်ကွဲမှုကြောင့်ကလေးငယ်တစ်ဦးအပါအ၀င် ၃ ဦးသေဆုံး၊ နို၀င်ဘာ ၁၈ ရက် ၂၀၂၀
မိုင်းပေါက်ကွဲသည့် အရှိန်ကြောင့် လူ ၉ ဦးစီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် လွင့်စင်သွားခဲ့ပြီး အသက် တစ်နှစ် ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ကျန်သူများလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး ၃၆ ဦးနှင့် ဒဏ်ရာရရှိသူ ၇၅ ဦးအထိ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။
စစ်ဘေးရှောင် အချို့များသည် နေရပ်သို့ပြန်သွားကြသော်လည်း မြေမြုပ်မိုင်းအန္တရာယ် ကိုစိုးရိမ်လျက်ရှိနေကြသည်။ စပါးခင်းများတွင် မပေါက်ကွဲသေးသော ဗုံးလက်ကျန်များကြောင့် အလုပ်သမားများသည် စိုးရိမ်လျက်ရှိကြသည်။ RFA ၏ အဆိုအရ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင် အရပ်သားပြည်သူ ၃၀၈ ဦးနှင့် ၂၂၆၀၀၀ ဦးစစ်ဘေးရှောင်ခဲ့ရသည်။
ပျောက်ဆုံးသွားသော တင်းမကြီး နှင့်တင်းမသစ်ရွာသား ၁၈ ဦးအတွက် အမှုဖွင့်နိုင်ကြောင်း တပ်မတော်မှ အရာရှိပြော ကြား၊ နို၀င်ဘာလ ၃၀ ရက် ၂၀၂၀
ပျောက်ဆုံးသွားသော ရွားသား ၁၈ ဦး၏ မိသားစု၀င်များမှ မြန်မာစစ်တပ်အား အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ပျောက်ဆုံး သွားခဲ့သော ကျေးရွာသားတစ်ဦး၏ ဇနီးမှ မိမိ၏ ခင်ပွန်းမှာ အသက်ရှင်မရှင် မသိရဘဲ မည်သည့် နေရာတွင် ရှိနေသည် ကိုလည်းမသိရ ဟုပြောကြားခဲ့သည်။
ချင်းပြည်နယ်
ပလက်ဝ စစ်ရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များကူညီပံ့ပိုးပေးကြရန် နယ်ခံလွှတ်တော် ကိုယ်စားလှယ် တောင်းဆို၊ နို၀င်ဘာ ၁၈ ၂၀၂၀
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဆောင်းရာသီကာလအတွင်း စောင်နှင့်အနွေး အထည်များလုံလောက်မှုမရှိသည့်အတွက် ကူညီပံ့ပိုးပေးကြရန် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဆလိုင်းမျိုးထိုက်က တောင်းဆိုလိုက်သည်။ တမ်မတော်နှင့် ရခိုင့်တပ်မတော် (AA) အကြားတိုက်ပွဲဖြစ် ပွားမှု ကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင် စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။
စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို၊ နို၀င်ဘာ ၂၄ ၂၀၂၀
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။
ရှမ်းပြည်နယ်
နမ့်ခမ်းမြို့ UP အဖွဲ့ခေါင်းဆောင် ကို သေနတ်ပစ်ခံရ၊ နို၀င်ဘာ ၆ ရက် ၂၀၂၀
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်စန့်ရပ်နေ လူမှုညီညွတ်ရေး အဖွဲ့ (UP) အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်ဝင်း နှင့် ၎င်း၏သား တို့ သေနတ်ပစ်ခံရပြီး ယခုချိန်အထိ တရားခံ လွှတ်မြောက် နေဆဲ ဟု စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် ည ၆နာရီ ဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဦးစိုင်းအောင်ဝင်း တို့၏ နေအိမ်ရှေ့တွင် တည့်တည့်တွင် သေနတ်ပစ်ရာ စိုင်းအောင်းဝင်း သေနတ်ဒဏ်ရာ ၂ချက် ရရှိခဲ့ပြီး ၎င်း၏သားလည်း လက်မောင်းနားတွင် ကျည်ဆံရှပ်ထိသွားခဲ့သည်။
KIAတပ်မတော်သားများကအရပ်သား ၄ ဦးကို အကြောင်းမဲ့ရိုက်နှက်
ရှမ်းပြည်နယ်မြောက်ပိုင်း ၊မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာသားများကို အကြောင်းမဲ့ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့သည်။ ထိုကျေးရွာသားများသည် မိုးမိတ်သို့ဈေးဝယ်ပြီး ရေပုံးကျေးရွာသို့ အပြန် မိုင်းနင်းချောင်း အကျော်တွင် KIAတပ်ရင်း ၃၄ တပ်သားများက ဖမ်းစီးခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့သည်။
ထိန်းသိမ်းခံထားရသောအမျိုးသားနှစ်ဦးလွှတ်မြောက်လာနိုင်ရေးအတွက်မိသားစုဝင်များမှ(၂)ကြိမ်တိုင်ဆောင်ရွက်ပေးသော်လည်း တုန့်ပြန်မှုမရှိသေး၊ နို၀င်ဘာ ၂၀ ရက် ၂၀၂၀
နမ့်ဆန်မြို့တပ်ကုန်းတွင် ထိန်းသိမ်းခံထားရသော မိုင်းအုန်းကျော်အသက်(၄၃)နှင့် မိုင်းဦးအောင်ကျော်ဦးအသက်(၃၂)ကို မိသားစုဝင်များမှလွတ်မြောက်ရေးအတွက်(၂)ကြိမ်တိုင်တိုင်လုပ်ဆောင်ခဲ့သော်လည်းယနေ့အချိန်ထိထူးခြားလာမှုမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ(၂၂)ရက် ညနေပိုင်း(၈)နာရီခွဲအချိန်တွင် နမ့်ဆန်မြို့နယ်၊ဇယန်းကြီးရပ်ကွက်တွင် နမ့်ဆန် အခြေစိုက်တပ်မှ မြန်မာတပ်သားနှင့်ပြည်သူ့စစ်အဖွဲ့ထွန်းမြတ်လေး၏ သားတို့မှဇယန်းကြီးရပ်ကွက်ရှိ နေအိမ်တွင် ဦးအုန်းကျော်နှင့် ဦးအောင်ကျော်ဦးကို အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ဖမ်းဆီးကာ ထိန်းသိမ်းခဲ့သည်။
မြန်မာ့တပ်မတော်နှင့် TNLA ကြားတိုက်ပွဲများကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရ၊ နို၀င်ဘာ ၂၆ ရက် ၂၀၂၀
မြန်မာ့တပ်မတော်နှင့် TNLA ကြားတိုက်ပွဲများကြောင့် ဒေသခံရွာသား ၁ ထောင်ကျော်မှာ ကြောက်လန့်ပြီး ရွာများမှ ထွက်ပြေးကာ မိုး ကုတ်မြို့ပေါ်သို့ ခေတ္တလာရောက်ခိုလှုံလျှက်ရှိသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်
နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှ ယခုလအတွင်းတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲ စည်းရုံးလှုံ့ ဆော်ရေး ကာလ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုဖိနှိပ်မှုကို ပစ်တင်ရှုံ့ချခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ ဆင်ဆာဖြတ် တောက်မှုတိုးလာခြင်းအပေါ် စည်းရုံးရေးလုပ်ငန်းစဥ်အပေေါ် သံသယတိုးစေခဲ့သည်။
စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ကျောင်းသားနှစ်ဦးကို တရားရုံးမှ ထောင်ဒဏ်ချမှတ်၊ နို၀င်ဘာ ၁၉ ရက် ၂၀၂၀
စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသော ကိုထက်အောင်(ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုဥက္ကဌ-၂) ၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒုဥက္ကဌ) တို့ကို ယနေ့နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၉)နာရီတွင် ပေါင်းတည်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကာတောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့သည်။
အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်း
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လျစ်လျူရှုခံရသည်ကို ဖော်ပြထားသည့် “ပစ်ပယ်ခြင်း နှင့် ငြင်းဆိုခြင်း”- ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသား အခွင့်အရေး ယုတ်လျော့ စေမှု” စာတန်းငယ် ကိုပြုစုထုတ်ပြန်လိုက်သည်။ ဤစာတမ်းတွင် တွေ့ရှိချက်အရ ရွေးကောက် ပွဲမတိုင်မီအခြေအနေတွင် တိုင်းပြည်၏ အဓိကအင်အားစုများသည် တိုင်းရင်းသားပါတီများနှင့် ဖယ်ကျဥ်ခြင်း ခံနေရ သည့် အုပ်စုများအပေါ် ပစ်မှတ်ထားခွဲခြား ချိုးဖောက် မှုများရှိနေသည်။ အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့်ဖတ်ရှုနိုင်ပါသည်။
ND-Burma အဖွဲ့၀င် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း နှင့် ND-Burma ၏ စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာမှ THE DIPLOMET ၏ သတင်စာခေါင်းကြီးပိုင်းတွင် အပြည်ပြည်ဆိုင်ရာကလေးများနေ့အတွက် မြန်မာနိုင်ငံရှိလူငယ်များ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရ သူများအား ပိုမိုအကာအကွယ်ပေးရန် တောင်းဆိုသည့် သတင်းကို ပူးတွဲရေးသား ခဲ့သည်။ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ အပြည်ပြည်ဆိုင်ရာကလေးများနေ့တွင် ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရန် မြန်မာစစ်တပ်အား တောင်းဆိုခဲ့သည်။
ND-Burma ဆက်စပ်အဖွဲ့၀င် အသံမှ ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက်စာတမ်း – မြန်မာနိုင်ငံပြည်သူများမှ မဖြစ်ထွန်းသေးသော ဒီမိုကရေစီအတွက် မဲပေးလိုက်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ငြင်းပယ်လိုက်ခြင်း ကိုထုတ်ပြန်ခဲ့သည်။
ND-Burma အဖွဲ့၀င် AAPP မှ ရခိုင်းနှင့်ချင်းတွင် ဖြစ်ပွားနေသာ စစ်ဆန့်ကျင်ရေးလုပ်ရှားမှုကြောင့် ဖမ်းဆီးခံ ထားရသော ကျောင်းသား ၃၆ ဦးအားပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။
Resources: http://themimu.info/sites/themimu.info/files/documents/Infographic_Myanmar_Government_Ministries_Departments_MIMU_IG006v03_19Nov2020_0.pdf
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)
၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)
၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)
၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)
၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)
၄။ ရှေ့ပြေးအသံအဖွဲ့ (PV)
ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄၀ ကျော်သေဆုံး၊ တစ်ရာကျော်ဒဏ်ရာရ
■ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်းတွေ ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေး ၁၃ ယောက် ရှိခဲ့ပြီး ကလေး ၅၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကြောင့် ကလေးတွေသေဆုံး၊ ဒဏ်ရာရမှု အများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တော်မြို့မယ်မှာ မြေမြုပ်မိုင်းပေါက်ကွဲလို့ ကလေးငယ်တဦးနဲ့ မိဘနှစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာ အပြင်းအထန်ရသွားလို့ စစ်တွေဆေးရုံမှာ ဆေးကုသနေရပါတယ်။
ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြေမြှုပ်မိုင်း အသုံးပြုတာ ရပ်တန့်ပေးဖို့နဲ့ လက်ရှိကျန်နေတဲ့ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးကြဖို့လည်း UNICEF အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ်။
Photo – AFP: (စစ်ကိုင်းတိုင်း လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တိုက်တမ်း ကစားနေသည့် ကလေးငယ်များအား ၂၀၂၀ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
RFA News
ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ
ကံသာ
■ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒီနေ့ ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။
ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကို ပို့တောင်ခဲ့ကြပေမယ့် ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။
NLD ကိုယ်စားလှယ် ဦးထိုက်ဇော် ပစ်ခတ်ခံရပြီး သေဆုံးရတဲ့ကိစ္စဟာ ဘယ်သူ့လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။
ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅)ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။
အဲ့ဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့တာပါ။
(၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲကို ကျောက်မဲခရိုင်မှာ နိုင်ငံရေးပါတီပေါင်း (၁၀) ပါတီဝင်ပြိုင်ခဲ့တာပါ။
ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲ မြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကနေရာအများဆုံးအနိုင်ရခဲ့တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း (၅၀) ကျော် အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့တာပါ။
RFA News
“ပစ်ပယ်ခြင်းနှင့် ငြင်းဆို ခြင်း။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု”
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လျစ်လျူရှုခံရသည်ကို ဖော်ပြထားသည့် “ပစ်ပယ်ခြင်းနှင့် ငြင်းဆို ခြင်း။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု” စာတန်းငယ်ကို ND-Burma မှပြုစု ထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကာက်ပွဲနှင့်ပတ်သက်ပြီး ဂုဏ်သိက္ခာရှိမှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ စိုးရိမ်ပါသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၅ ရက်မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ သတင်း အချက် အလက်များအပေါ် သုံးသပ်ထားသည့် “ပစ်ပယ်ခြင်းနှင့် ငြင်းဆိုခြင်း။ ၂၀၂၀ ရွေးကောက် ပွဲ မတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု” စာတန်း၌ ရွေးကောက်ပွဲ မတိုင်မီ အခင်းအကျင်းတွင် ခွဲခြားမှုများနှင့် အခွင့်အရေးချိုးဖောက်မှုများရှိသည်ကို ပြသနေသည်။
မိမိတို့တွေ့ရှိချက်အရ ရွေးကောက်ပွဲမတိုင်မီအခြေအနေတွင် တိုင်းပြည်၏ အဓိကအင်အားစုများသည် တိုင်းရင်းသားပါတီများနှင့် ဖယ်ကျဥ်ခြင်းခံနေရသည့် အုပ်စုများအပေါ် ပစ်မှတ်ထားခွဲခြား ချိုးဖောက် မှုများရှိနေသည်။ မဲဆွယ်ပွဲကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် ထိခိုက်၊ သက် ရောက်မှုများ ရှိနေသည်။ ထို့အပြင် စာတန်းတွင် တိုင်းရင်းသားပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၊ ဒေသခံပြည်သူများ၏ အတွေ့အကြုံများကို အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင် ရာ သဘောတူစာချုပ် (ICCPR) နှင့် စီးပွားရေး လူမှုရေးနှင့် ယဥ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့ဖြင့် ချိန်ထိုးသုံးသပ်ထားသည်။
ICCPR နှင့် ICESCR တို့တွင် မဲပေးပိုင်ခွင့်ကို ပြဌာန်းထားသော်လည်း အစိုးရနှင့် အစိုးရမဟုတ်သည့် အင်အားစုများကြောင့် မဲဆန္ဒရှင်များ ကျယ်ကျယ်ပြန့်ပြန့် မဲပေးခွင့် မရသည့်အခြေအနေကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ရက်မှ စတင်သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာတင် ကြုံနေရသည်။ ရွေးကောက်ပွဲကော်မရှင်(UEC) က ရခိုင်ပြည်နယ်တွင် အများဆုံးပါဝင်သည့် ကျေးရွာအုပ်စု ၅၈၁ အုပ်စု (မြို့နယ် ၅၆ မြို့နယ်)ရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲမကျင်းပနိုင်ဟုဆိုကာ ပယ်ဖျက်ခဲ့သည့်အ တွက် ပြည်သူ တသန်းကျော်မှာ မဲပေးခွင့် မရတော့ပဲ အကြီးအကျယ် ဂယက်ရိုက်ခတ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်မှာ ICCPR တွင် ပြဌာန်းထားသည့် အပိုဒ် ၂၅ ပါ မဲပေးခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှုကို အစီအစဥ်ရှိရှိဖြင့် လျစ်လျူရှုခြင်းပင်ဖြစ်သည်။
တခြားဥပမာများဖြစ်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ကြုံတွေ့ရသည့် ကန့်သတ်မှုများနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မွတ်ဆလင်ကိုယ်စားလှယ်လောင်းများအပေါ် အကျိုးအကြောင်း မရှိဘဲ ကန့်သတ်တားဆီးမှုများကိုလည်း ND-Burma ၏ စာတန်းငယ်တွင် ဖော်ပြထားသည်။ လွတ်လပ် စွာထုတ်ဖော်မှုအပေါ် ထိန်းချုပ်မှုနှင့် ရွေးကောက်ပွဲကော်မရှင်၏ စိစစ်ဖြတ်တောက်မှုများကလည်း ရွေး ကောက်ပွဲဝင်မည့် ပါတီများအပေါ် သိသိသာသာ သက်ရောက်စေသည့် အစိုးရနှင့် ရွေးကောက်ပွဲကော်မ ရှင်၏ လုပ်ရပ်ဖြစ်နေသည်။
နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း မမျှတသည့် ဝေါဟာရများဖြင့် တိုင်းရင်းသား ကိုယ်စားလှယ် လောင်းများအပေါ် ခွဲခြားမှုကို မဲပေးခြင်းပရိုဂရမ် (mVoter 2020 app) တွင် ဖော်ပြ၍ ရွေးကောက်ပွဲ၏ ဂုဏ်သက္ခာရှိမှုကို ခြိမ်းခြောက်နေသည်။
တိုင်းပြည်အတွင်းရှိ အထူးသဖြင့် မဲဆွယ်ကာလအတွင်း မမျှတသည့် နိုင်ငံရေးအခင်းအကျင်းသာ ရှိနေသည့်အတွက် တိုင်းပြည်ရှိ အထိခိုက်အလွယ်ဆုံး လူထု၏ရှေ့ရေးအတွက် ND-Burma အဖွဲ့ဝင်များ အနေဖြင့် ရတက်မအေးဖြစ်ရပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီအနေဖြင့် မြန်မာပြည်သူလူထုတရပ် လုံး၏ အသံကို နားစွင့်ရန် တောင်းဆိုပါသည်။ ပြည်သူလူထု၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် အစဥ်တစိုက် တောင်းဆိုနေမှုများကို နားစွင့်ပြီး ၄င်းတို့၏ စိုးရိမ်မှုများနှင့် ကိုက်ညီသည့် ပြည်သူလူထု အား အကာအကွယ်ပေးမည့် မူဝါဒများ ချမှတ်ကာ လက်တွေ့ကျင့်သုံးမှုများ ကျိန်းသေ ပြုလုပ်ရမည် ဖြစ်သည်။
ဆက်သွယ်ရန်
ဦးအောင်ဇော်ဦး၊ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ (HRDP)
ဖုန်း – +၉၅ ၉၄၂ ၁၀၃ ၉၄၉၃
လိုည်းပို;စေ -တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့
ဖုန်း – +၉၅ ၉၂၆ ၄၁၆ ၂၂၂၉
ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)
၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)
၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)
၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)
၄။ ရှေ့ပြေးအသံအဖွဲ့ (PV)
[wpdm_package id=’4673′]
အချက်အလက်ပြပုံ PDF