လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ​ ထုတ်ပြန်ချက်

လူ့အခွင့်အရေးအခြေပြု ပြုပြင် ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ်ခြင်း” အကျဥ်းချုပ်စာတမ်း

၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်

ချက်ခြင်းထုတ်ပြန်ချက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးအခြေပြု ပြုပြင်ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ် ခြင်း” ဆိုသည့် အကျဉ်းချုပ်စာတမ်းကို ယနေ့ ထုတ်ပြန်လိုက်သည်။ ယင်းစာတမ်းတွင် အာဆီယံ၏ လက်တွေ့ အရေးယူဆောင်ရွက်မှု မရှိသည့်အခြေအနေ အထူးသဖြင့် အားကိုးအားထိုက် ပြုစရာမရှိ သည့်အပြင် အလုပ်မဖြစ်သည့် “ဘုံသဘောတူချက် ၅-ချက်” မအောင်မြင်မှုကို ထောက်ပြထားသည်။

မြန်မာပြည်သူများက ဘုံသဘောတူချက် ၅-ချက် ကို လက်မခံကြောင်းနှင့် ပြုပြင်ပြောင်းလဲရန် အကြိမ် ကြိမ် တောင်းဆိုလာခဲ့ကြသည်။ အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့သည် ဘုံသဘောတူချက် ၅ ချက်ကို မည်သည့်အချိန်တွင်မျှ လိုက်နာခြင်းမရှိသည့် ပကတိ အမှန်တရားကို လက်ခံရမည်ဖြစ်သည်။ နိုင်ငံ အတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်း (ASEAN) အနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်မှုများနှင့် အာရုံစိုက်မှုများဆောင်ရွက်ရန် အလွန်နောက်ကျ နေပြီ ဖြစ်သည်။

ဘုံသဘောတူချက် ၅ ချက်တွင် “အကြမ်းဖက်မှုများ ရပ်တန့်ခြင်း၊ အင်အားစုအားလုံး ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အထူးကိုယ်စားလှယ်မှတဆင့် ညှိနှိုင်းခြင်းနှင့် လူသားချင်းစာနာ ထောက် ထားမှု အကူအညီများကို ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ပေးခြင်းတို့ ပါဝင်သည်။ ဘုံသဘောတူချက် ချမှတ်အပြီး ငါးနှစ်အကြာတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများသည် စစ်အာဏာရှင်တို့အား အာဏာ၊

လုပ်ပိုင်ခွင့် သို့မဟုတ် မည်သည့်တရားဝင်မှုမျှ မပေးအပ်ရန်ဆိုသည့် အချက်များအပါအဝင် ပြည်သူ လူထု၏ ပြင်းပြသည့် ဆန္ဒသဘောထားများကို အသိအမှတ်ပြု တုန့်ပြန်၍ ဆက်လက် တောင်းဆိုနေကြ သည်။ စစ်အာဏာရှင်တို့၏ မရပ်မနား ဆက်လက် အကြမ်းဖက်မှုများနှင့် ဒီမိုကရေစီအင်အားစုများ အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ထိခိုက်လွယ်သူများအတွက် အကာအကွယ်ပေးနိုင် မှုကို လျော့ကျပျက်စီးစေပါသည်။ ထို့အပြင် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်း ဆိုမှုများကို လိုက်နာရန် ငြင်းဆန်နေခြင်းကိုလည်း ပြသနေပါသည်။

စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ကျူးလွန်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုမှ ဆက်လက် လွတ်ကင်း နေဆဲဖြစ်သည်။ နိုင်ငံတကာ၏ တုန့်ပြန်မှု မလုံလောက်ခြင်းက စစ်အာဏာရှင်တို့ ပြည်သူ များအပေါ် ဆက်လက် လူ့အခွင့်အရေးများ ချိုးဖောက်ရန် လှုံ့ဆော်ပေးခြင်းနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် (impunity) သံသရာကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အာဆီယံမှ နည်းလမ်းအသစ်တစ်ရပ်ကို အရေး ပေါ် ချမှတ် ဆောင်ရွက်ရန် လိုအပ်နေသည်။

ယခုထုတ်ပြန်သည့် အကျဉ်းချုပ်စာတမ်းတွင် ND-Burma အဖွဲ့ဝင်များက အာဆီယံအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်တို့နှင့် ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရန်နှင့် အာဏာရှင်တို့ ဆက် လက် ချိုးဖောက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို လက်နက်သဖွယ် အသုံးချနေမှုကြောင့် ထိခိုက်ခံစားနေသူအားလုံးကို ကာကွယ်ကူညီ ထောက်ပံ့ရန် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆက်လက် တောင်းဆိုချက်များကို အလေးထား ဖော်ပြ ထားသည်။ ထို့အပြင် စာတမ်းတွင် အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ ကျူးလွန်နေသည့် စစ်ရာ ဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများအတွက် ၎င်းတို့အား တာဝန်ခံစေ၍ တရားမျှ တမှု ဆောင်ကြဥ်းပေးရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို ဦးစားပေးဆောင် ရွက်ရန် တောင်းဆိုထားသည်။

ရှေ့ဆက်ဆောင်ရွက်ရာတွင် အာဆီယံအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အာဏာ ရှင်တို့မှ ပြည်သူလူထုအပေါ် ဆက်လက် ကျူးလွန်နေသော တိုက်ခိုက်မှုများ ရပ်တန့်စေရန် ဖိအားပိုမိုပေးရမည် ဖြစ်သည်။ တချိန်တည်းတွင်ပင် ထိခိုက်လွယ်သူများကို ထောက်ပံ့ကူညီနေသော ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိ နိုင်မှုကို လည်း ချဲ့ထွင်ရမည် ဖြစ်သည်။

ဘုံသဘောတူချက် ၅ ချက်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး စစ်အာဏာရှင်တို့အား တာဝန်ခံစေမည့် ကိရိယာတခုအနေဖြင့်သာ မဟုတ်ဘဲ ပြည်သူလူထုကို ကာကွယ်ရန်၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးရန်နှင့် အသက်ရှင် ရပ်တည်ရေးအတွက် အရေးကြီးသော လူသားချင်း စာနာထောက် ထားမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် ကန့်သတ်ချက်မရှိ ဒေသအား လုံးသို့ ရောက်ရှိနိုင်စေမည့် လက်တွေ့ကျသော လှုပ်ရှားမှုများနှင့်ပါ ထိရောက်စွာဆောင်ရွက်ရန် လိုအပ် သည်။

အာဆီယံအနေဖြင့် တည်ငြိမ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ထုတ် ဖော်နေသည်။ ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်နေပြီး ဝေဖန်သူများကို ဖမ်းဆီးထောင်ချနေ သော စစ်အာဏာရှင်တို့၏ လက်အောက်တွင် တည်ငြိမ်မှုကို ရရှိနိုင်မည်မဟုတ်ပါ။ အမှန်တကယ် တည်ငြိမ်ရေး ရရှိရန်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ပံ့ကူညီခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များ ကို နားထောင်ခြင်းနှင့် စစ်မှန်သည့် နိုင်ငံရေးအရ ပါဝင်မှုကို ခွင့်ပြု၍ ပြည်သူလူထုကို ကာကွယ်ပေးနိုင် သည့် အခြေအနေများကို ချမှတ်ဆောင်ရွက်နိုင်မှသာ ရရှိမည်ဖြစ်သည်။

ဆက်သွယ်ရန်

အမည် – နိုင်အဲမွန်
Signal – +66 86 1679 741

အမည် – ဆန်ထွယ်

Signal – +66 657549336

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မအောင်မြင်သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်သည် မြန်မာတနိုင်ငံလုံးအား ပြည်တွင်းစစ်အတွင်းသို့ လုံးဝ တွန်းပို့ခဲ့သည်။ ပြင်းထန် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထောက်အထားများစွာဖြင့် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူဦးရေ ၃.၇ သန်းကျော်မှာ နေ ရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်[1]။ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ပစ်ခတ်မှုများ၊ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများ နေ့စဉ် ကြုံတွေ့ရသော အခြေအနေများ ဖြစ်လာခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကြောင့် အတိမ်းအစောင်းမခံသော အခြေအနေနှင့် အရင်းအ မြစ် မလုံလောက်မှုများ ပိုမိုထင်ရှား ပေါ်လွင်လာပြီး ၂၀၂၆ ခုနှစ်တွင် ပြည်သူသုံးယောက်လျှင် တ ယောက်နီးပါးသည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်မည်ဟု ခန့်မှန်းထားသည်[2]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှုမှစ၍ အကြမ်းဖက်မှုများသည် ဆက်လက် မြင့် တက်လာနေသည်။ စစ်အာဏာရှင်တို့က ပြည်သူ့ထံမှ ဒီမိုကရေစီကို လုယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီ လတွင် အရှေ့ တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအ နေ ပိုမိုဆိုးရွားလာခြင်းကို တုံ့ပြန်ရန် “ဘုံသဘောတူချက် ၅ချက်” (Five Point Consensus – 5PC) ဟု ခေါ်သော ငြိမ်းချမ်းရေးအစီအစဉ်ကို မိတ်ဆက်ခဲ့သည်။

ဤအစီအစဉ်တွင် အဓိက အခြေခံချက် ၅ ချက်အပေါ် အခြေခံထားပြီး အကြမ်းဖက်မှု ရပ်တန့်ရန်၊ အားလုံးပါဝင်သည့် ဆွေးနွေးမှု ပြုလုပ်ရန်၊ အထူးကိုယ်စားလှယ်မှ တဆင့် ကြားဝင်ညှိနှိုင်းခြင်း နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အကန့်အသတ်မရှိ ရရှိနိုင်ရန်တို့ ပါဝင်သည်။ စစ်အာ ဏာရှင်တို့က ဘုံသဘောတူချက် ၅ ချက် ကို အချိန်ကြာမြင့်စွာ ငြင်းပယ်လာပြီး၊ ဘုံသဘောတူချက်ပါ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်ရန် သို့မဟုတ် စစ်ပွဲအတွင်း ၎င်းတို့၏ အကြမ်း ဖက်မှုများကို ပြောင်းလဲလိုစိတ်မရှိကြောင်း ပြသနေသည်။


မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းခွင့်မှာ ပြည်သူရွေးကောက်ခံ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်မြောက်လာပြီး စစ်အာဏာရှင်ဘက်က ခံဝန်မှာ လက်မှတ်ရေးထိုးခိုင်းတာကို အပြစ်ကျူးလွန်ထားတာ မရှိလို့ လက်မှတ်ရေးထိုးတာ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ အကျဉ်းသား ၄,၃၃၅ ယောက်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းပေးခဲ့တာမှာ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့် ပါဝင်လာခဲ့ပြီး အပြစ်မရှိတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ -၁ မှာ လက်မှတ်မထိုးခဲ့ကြောင်း သိရပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ  ၄၀၁ ပုဒ်မခွဲ -၁ အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမယ်” လို့ ခံဝန်မှာ လက်မှတ်ထိုးခိုင်းတာကို သမ္မတဦးဝင်မြင့် အနေနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်တာ မရှိသလို ငါးပါးသီလ လုံခြုံတဲ့အတွက် လက်မှတ်မထိုးခဲ့ပေမဲ့ အထက်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DVB ကို ပြောပါတယ်။

“သမ္မတကြီးဟာ အမြဲတမ်း ငါးပါးသီလ လုံတယ်။ ဒီနေ့လည်း ဥပုသ်သီလ ဆောက်တည်ထားတယ်။ ဘယ်လိုပြစ်မှုကိုမှ မကျူးလွန်ခဲ့ဘူး။ ဒါကြောင့်မို့ သူတို့ ၄၀၁ အရ ပြန်လည်လွှတ်ပေးတယ် ဆိုတာကို ဒါကို သူ လက်မှတ်မထိုးနိုင်ဘူး။ အဲဒါကြောင့် ဒီဟာကို အထက်ကို အစီရင်ခံပါ ဆိုတာကို သူပြောတယ်။ အဲဒီတော့ အထက်က အစီရင်ခံတာကို လက်ခံပြီးတော့ ဒီတိုင်းပဲ ပြန်လွှတ်ပေးလိုက်တာပါ။”

လက်ရှိမှာ သမ္မတ ဦးဝင်းမြင့်က နေပြည်တော်က မိသားစုနေအိမ်ကို ရောက်ရှိနေပြီး ခန္ဓာကိုယ် အပြင်ပိုင်း ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

လွတ်မြောက်မဲ့အကြောင်းကို ကြိုတင်အကြောင်းထားတာ မရှိပေမဲ့ ဧပြီ ၁၇ ရက် နေ့လယ် ၁၂ နာရီမှ ထောင်အာဏာပိုင်တွေနဲ့အတူ တာဝန်ရှိသူတွေက လာရောက်ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးတာဟာ နိုင်ငံတကာကို ပြသဖို့ ပုံရိပ်ကောင်းတခုဖြစ်ပေမဲ့ နိုင်ငံရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးသာ အဓိက ဖြစ်တယ်လို့လည်း  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက DVB ကို ပြောပါတယ်။

“ကျနော်တို့လိုချင်တဲ့ အတိုင်းအတာတော့ မရောက်ဘူးနော်။ ဒါ ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတာလေ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ဗျာ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ရော နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးတာမျိုး ဖြစ်စေချင်တာပေါ့နော်။ အခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားမယ် ဆိုတာလည်း မသေချာသေးတဲ့ အခြေအနေလေ။ အဲတော့ ဘာမှတော့ မသိသေးဘူး။ ကျနော်တို့ မြင်တာကတော့ ဟို တကယ့် တိုင်းပြည် ရှေ့ကို ကောင်းဖို့ဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးမှုက အခြေခံအကျဆုံး ဖြစ်တယ်လို့ မြင်တယ်။ အရင်က ဦးဝင်းမြင့်ကလည်း နိုင်ငံတော်ရဲ့သမ္မတလေ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်ရဲ့ သမ္မတလည်း ဖြစ်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံတကာ ပုံရိပ်အတွက်ကတော့ ပြဖို့တော့ ကောင်းတယ်လို့ မြင်ပါတယ်ဗျ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ နေအိမ်အကျယ်ချုပ်နဲ့ ရန်ကုန်အိမ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိအချိန်ထိတော့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိအချိန်အထိ ရထားတဲ့ စာရင်းတွေအရ သမ္မတ ဦးဝင်းမြင့်နဲ့အတူ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှုက အလွန်နည်းပါးနေပြီး ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အခုလက်ရှိ အချိန်ထိတော့ ကျနော်တို့ မှန်းဆထားတဲ့အတိုင်း လူသိများတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ပေးတယ်။ အထူးသဖြင့်တော့ သမ္မတကြီး ဦးဝင်းမြင့်လည်း လွတ်တယ်ဆိုတော့ ကမ္ဘာ့သတင်းဌာနတွေရော မြန်မာပြည်သူလူထုကရော နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပြီဆိုတဲ့ သတင်းစကားကို ခပ်စိပ်စိပ်နဲ့ ကျယ်ကျယ် ကြားရပြီပေါ့နော်။ ကျနော်တို့ နှစ်ရှည်လများ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ ထောင်အတော်များများမှာ ပါမလာတာ ကျနော်တို့ တွေ့ရပါတယ်။ သီးခြားအသုတ်လိုက်နဲ့ လွတ်လာမဲ့ အခြေအနေလည်း ရှိသေးတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ ဒါပေမဲ့ ဆက်ပြီးတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတအနှံ့ အကျဉ်းထောင် ၁၉ ခုကနေ အကျဉ်းသား ၅၈၆ ‌ယောက် လွတ်မြောက်လာပြီး အဲဒီအထဲ နိုင်ငံရေးအကျဉ်းသား ၁၆၅ ယောက်သာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ဧပြီ ၁၇ ရက် နေ့လယ် ၂ နာရီထိ ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဝေဝေ

DVB News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ ထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့  ကုလသမဂ္ဂက အကြီးအကဲက မြန်မာစစ်အာဏာရှင်ကို  တောင်းဆိုလိုက်ပါတယ်။ 

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့က အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ  ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာပေမဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်သောင်းချီတဲ့ နိုင်ငံရေးကျဉ်းသားတွေ ပြန်လွတ်မလာသေးဘဲရှိနေတာပါ။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ဆက်လက်ရှာဖွေဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က “အကျဉ်းသားတွေကို လွှတ်ပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာ၊ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲသတ်မှတ်တာတွေ ပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တဲ့ သတင်းတွေအပေါ် အတွင်းရေးမှူးချုပ်အနေနဲ့ မှတ်သားသိရှိပါကြောင်း” သတင်းထောက်တွေကို ပေးပို့တဲ့ စာမှာ ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရ သူအားလုံး အမြန်ဆုံး လွတ်မြောက်လာစေရေး သေချာစေဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဖြစ်ပေါ်လာဖို့ အထောက်အကူပြုမဲ့ အခြေအနေတွေ ဖန်တီးပေးရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ကြောင်း  အတွင်းရေးမှူးချုပ်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတရပ်ရရှိရေး ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ (ASEAN) နဲ့ တခြားမိတ်ဖက်တွေက ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့အကြား ဆက်လက်ဆွေးနွေးဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်လောင်းတိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်ကာတာ့ခ်ကလည်း မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ တခြားအကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့ရာကနေ အခုလို လွှတ်ပေးလိုက်တဲ့အပြင် သေဒဏ်တွေကို ပြောင်း လဲသတ်မှတ်ပေးလိုက်တဲ့အတွက် “စိတ်သက်သာရာရ”တယ်လို့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်ပါတယ်” လို့ ဗော်ကာတာ့ခ်က ပြောပါတယ်။

ဒါအပြင် မြန်မာပြည်သူတွေအပေါ် မညှာမတာ အကြမ်းဖက်နေမှုတွေကိုလည်း အဆုံးသတ်ရမယ်လို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အဏာရှင်က သူ့ကိုယ်သူ သမ္မတအဖြစ်ခန့်အပ်ထားပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတဖြစ် လက်ရှိ အချိန်အထိ ဆက်လက်သတ်မှတ်ထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတဦးဝင်းမြင့်ဟာ မနေ့က တောင်ငူထောင်ကနေ ပြန်လွတ်လာပြီး နေပြည်တော်က သူ့မိသားစု ငှားထားတဲ့အိမ်မှာ ရောက်ရှိနေပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အကျဉ်းထောင်တွေ အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

DVB Burmese

လူ့အခွင့်အရေးမှတ်တမ်းတင် ကွန်ရက်မြန်မာနိုင်ငံ (ND-Burma) မှ ထုတ်ပြန်ချက်
အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်ခြင်း (Defying a Dictatorship)” – မြန်မာနိုင်ငံရှိ လူ့အခွင့်အ ရေးအခြေအနေ အနှစ်ချုပ် (၂၀၂၅ ခုနှစ် ဇူလိုင် ဒီဇင်ဘာ)

၁၇ မတ်လ၊ ၂၀၂၆

သတင်းထုတ်ပြန်ချက်

လူ့အခွင့်အရေးမှတ်တမ်းတင် ကွန်ရက်–မြန်မာနိုင်ငံ (ND-Burma) သည် “အာဏာရှင်စနစ် ကို တော်လှန်ဆန့်ကျင် ခြင်း (Defying a Dictatorship)” ဟု အမည်ပေးထားသော နောက်ဆုံး ခြောက်လ တကြိမ် အစီရင်ခံစာ ကို ယနေ့ထုတ်ပြန်လိုက်သည်။ အဆိုပါ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းများ မှတ်တမ်းတင်ထားသော ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ လူ့အ ခွင့်အရေးအခြေအနေများကို ဖော်ပြထားသည်။

ထိုကာလအတွင်း ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ခုနှစ်ခုနှင့် ပြည်နယ်ခြောက်ခုတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ် ၂၇၉ ခု အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှု ၄၆၂ ခုကို မှတ်တမ်းတင်ခဲ့သည်။ ထိုချိုးဖောက်မှုများအနက် ၂၇၁ ခုကို စစ်တပ်မှ ကျူး လွန်ခဲ့ပြီး၊ ၅ ခုကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) မှ ကျူး လွန်ခဲ့ကာ ၃ ခုကို မည်သည့်အုပ်စုမှ ကျူးလွန်ခဲ့သည်ကို မဖော်ထုတ်နိုင်သေးပါ။ စုစုပေါင်း လူ ၈၈၁ ဦး လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရပြီး ၎င်းတို့အနက် အမျိုးသား ၃၅၇ ဦး၊ အမျိုးသမီး ၁၈၇ ဦး၊ ကလေးသူ ငယ် ၁၈၂ ဦးနှင့် လိင်အမျိုးအစား သို့မဟုတ် အသက်အရွယ် မသိရသေးသူ ၁၅၅ ဦး ပါဝင်သည်။ ၎င်းတို့ အထဲမှ အထူးသဖြင့် လူပေါင်း ၃၅၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသား ၁၇၃ ဦး၊ အမျိုးသမီး ၈၀ ဦး၊ ကလေးသူငယ် ၈၂ ဦးနှင့် လိင်အမျိုးအစား သို့မဟုတ် အသက်အရွယ် မသိရသေးသူ ၁၇ ဦး ပါဝင် သည်။

မြေပြင်တွင် အရပ်သားပြည်သူများ၏ အခြေအနေမှာ ပိုမိုမတည်မငြိမ် ဖြစ်လာနေပြီး လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသော ရာဇ ဝတ်မှုများအတွက် တာဝန်ခံမှုမှ ဆက်လက်ရှောင်ရှားနေကြသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များကဲ့သို့ ထိရှလွယ်သော အုပ်စုများသည် အဆိုးရွားဆုံးဒဏ်ကို ခံစားနေရပြီး အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံမှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများသည် များ သောအားဖြင့် တုန့်ပြန်အရေးယူ ဆောင်ရွက်ခြင်းမခံရဘဲ ရှိနေဆဲဖြစ်သည်။ နိုင်ငံတစ်ဝန်း အိမ်ယာ စွန့်ခွာပြောင်းရွှေ့နေရသူ ၃.၅ သန်းကျော် ရှိနေသဖြင့် အဆောတလျင် အရေးယူဆောင်ရွက် မှုများဆောင်ရွက်ရန် လိုအပ်နေသည်မှာ ရှင်းရှင်းလင်း လင်းပင်ဖြစ်သည်။ အာဏာကို မတရားထိန်း ချုပ်ထားသူများက အခြေအနေသည် ပုံမှန်ဖြစ်နေသည်ဟု အခိုင်အမာ ပြောဆိုနေမှုကို နိုင်ငံတကာမှ သက်ဆိုင်သူများအနေဖြင့် လှည့်ဖြားခံ၍ နားမယောင်သင့်ပါ။ အမှန်တကယ်အားဖြင့် လူသားချင်းစာ နာထောက်ထားမှု အကူအညီများနှင့် ရွေးကောက်ပွဲအား ပြည်သူများကို ထိန်းချုပ်ရန်နှင့် စောင့်ကြည့် ရန် အသုံးချသော ကိရိယာများအဖြစ် မကြာခဏ အသုံးပြုနေ သည်။

ထို့အပြင် ND-Burma ၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း အဖွဲ့ဝင်အဖွဲ့ အစည်းများမှ မှတ်တမ်းတင်ထားသော ဖြစ်စဉ်များစွာသည် စစ်တပ်က အပြစ်မဲ့ပြည်သူ များအပေါ် အကြမ်းဖက် ဖိနှိပ်နေမှုကို သက်သေပြနေပါသည်။ စစ်တပ်သည် မည်သည့် ဦးဆောင်မှုအခန်း ကဏ္ဍ တွင်မဆို ပါဝင်နေသရွေ့ ဥပဒေစိုးမိုးမှု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက် နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ နှစ်ပေါင်းကြာရှည် တောင်းဆိုလာမှုများကို တုံ့ပြန်၍ စနစ်တကျ ညှိနှိုင်းဆောင် ရွက်ထားသော ထိရောက်ပြီး အဓိပ္ပါယ်ရှိသော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန် မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းတင်ပြခြင်းလည်း ပါဝင်သင့်ပါသည်။ မြန်မာနိုင်ငံ သစ် ရှင်သန်ရေးနှင့် အနာဂတ်သည် ထိုအရေး ယူဆောင်ရွက်မှုများအပေါ် မူတည်နေပါသည်။

ဆက်သွယ်ရန်

အမည် – နိုင်အဲမွန်
Signal – +66 86 1679 741

အမည် – ဆန်ထွယ်

Signal – +66 64 9369 070

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေ အနှစ်ချုပ်

၂၀၂၅ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ

ဤအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ND-Burma ၏ အဖွဲ့ဝင်များနှင့် ဆက်စပ် အဖွဲ့အစည်းများမှ မှတ်တမ်းတင်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြ ထားသည်။ အချက်အလက်များသည် စစ်တပ်မှ ကျူးလွန်နေသော မငြင်းနိုင်သည့် မတရားမှုများကို ထင်ရှားစွာ ပြသနေပြီး ထိုအခြေအနေများအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ ခိုင်မာသော တုံ့ပြန် ဆောင်ရွက်မှု လိုအပ်နေကြောင်းကိုလည်း ပြသနေသည်။

မြန်မာစစ်တပ်၊ စစ်တပ်ကထောက်ခံပံ့ပိုးထားသော ပြည်သူ့စစ်များ၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) မှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma အနေဖြင့် မှတ်တမ်းတင်ရာတွင် ဖြစ်ရပ်လေ့လာ မှုများ၊ တွေ့ဆုံ မေးမြန်းမှုများနှင့် မျက်မြင်သက်သေထွက်ဆိုချက်များကို အသုံးပြုပါသည်။ မှတ် တမ်းတင်ထားသော ရာဇဝတ်မှုအများစုအတွက် စစ်တပ်က တာဝန်ရှိနေသည်။ အစီရင်ခံသည့် ကာ လအတွင်း မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ပိုမိုများပြားလာနေ ကြောင်း ND-Burma မှ တွေ့ရှိခဲ့သည်။ ပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာနေသည့်အချိန်တွင်ပင် ကွန်ရက်အဖွဲ့ဝင်များသည် ဒေသခံလူမှုအ သိုင်းအဝိုင်းနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ လူ့အခွင့် အရေးအခြေအနေများကို ဆက်လက်စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေသည်။