Entries by ndb14

သုံးလအတွင်း အရပ်သား တစ်ထောင်ကျော်သေဆုံးကြောင်း ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန်

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး အရပ်သားတစ်ထောင်ကျော် (၁,၀၄၄) သေဆုံးပြီး တစ်ထောင်သုံးရာကျော် (၁,၃၈၃ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးမှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့ သေဆုံးတာနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူ ၃၆၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ နှစ်ရာကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၈၀ ကျော်၊ မကွေးတိုင်းမှာ သုံးဆယ်ကျော် အသီးသီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းတွေကြောင့် ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။ ဒီသုံးလအတွင်း စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲပေါင်း နှစ်ထောင်ကျော် (၂,၁၂၆) ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ […]

ဘုတလင်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၅ ဦးအထိရှိကြောင်း SAF ပြော

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကို ဒီလဆန်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ကျောင်းသားလက်ရုံးတပ်တော် (SAF) က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ အနည်းဆုံး အရပ်သား ၂၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားပြီး အယောက် ၅ဝ လောက် ဖမ်းဆီးခံထားရတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က RFA ကိုပြောပါတယ်။ “ဒီနေ့(အောက်တိုဘာ ၂၂ရက်)အထိ သူတို့စစ်ကြောင်းထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ အယောက် ၅၀ လောက်ရှိပြီးတော့ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၅ ယောက်ထက်မနည်းဘူးလို့ ကျွန်တော်တို့ သတ်မှတ်လို့ ရပါတယ်၊ သတ်ဖြတ်ခဲ့တဲ့ ပုံစံတွေမှာလည်း ရက်ရက်စက်စက်သတ်ဖြတ်တယ်၊ ခေါင်းတွေဖြတ်တယ်၊ ခြေတွေ လက်တွေဖြတ်တယ်၊ ဖြတ်ထားတဲ့ […]

ဖမ်းဆီးခံထားရတဲ့ CDM တွေကို အလုပ်ပြန်ဝင်ဖို့ ဖိအားပေးနေ

စစ်အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေကို ထောင်အာဏာပိုင်တွေက အလုပ်ပြန်ဝင်ဖို့ အတင်းအကျပ်ဖိအားပေးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၆ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်း မုံရွာထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM တွေကို ထောင်အာဏာပိုင်တွေက ရုံးခန်းခေါ်ပြီး CDM စာရင်းကနေ ပယ်ဖျက်ခွင့် အသနားခံလျှောက်လွှာတွေမှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတာလို့ ပြောထားပါတယ်။ အထူးသဖြင့် စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို အသနားခံစာမှာ လက်မှတ်ထိုး အလုပ်ပြန်ဝင်ခိုင်းနေတာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ “လွှတ်ပေးစေချင်တယ်ဆိုရင် အသနားခံစာတင်ရင် လွတ်နိုင်တယ်ဆိုတဲ့ စည်းရုံးချက်တွေနဲ့စည်းရုံးနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ် ။ စစ်ကောင်စီမှာ လူအင်အားလျော့နည်းလာတဲ့အခါမှာ သူတို့ယန္တရားတွေ လည်ပတ်ဖို့အတွက် သူတို့လက်အောက်မှာ အရင်ကလုပ်ခဲ့ဖူးတဲ့သူတွေကို […]

,

တရားမျှတမှု (Justice)

အတိတ်မှ လူ့အခွင့်အရေး အကြီးအကျယ် ကျူးလွန်ချိုးဖောက်မှုများအတွက် ကိုင်တွယ်ဖြေရှင်းရန် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု (TJ) လုပ်ငန်းစဥ်တခုမှာ “တရားမျှတမှု” (Justice) ဖြစ် သည်။ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းစဥ်ဖြစ်သည်။ တရားမျှတမှု (Justice) လုပ်ငန်းကို “တရားစီရင်ရေး နည်းလမ်း” (Judicial) နှင့် “တရားစီရင်ရေး မဟုတ်သည့် အခြားနည်း”များ (Non-Judicial) ဖြင့် ဆောင်ရွက်ကြသည် (ဥပမာ- နစ်နာသူများအ တွက် ပြန်လည်ကုစားပေးလျော်မှု (Reparation) လုပ်ငန်းစဥ်)။ နိုင်ငံတကာတွင် တရားမျှမှု (Justice) နှင့် ကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံစေရန်အတွက် ယာယီ တရားခုံရုံး (Ad-Hoc) များ ယူဂိုဆလားဗီးယား နိုင်ငံဟောင်းအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (International […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊စက်တင်ဘာလ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စက်တင်ဘာလ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံး ပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရေဘေးသင့် ပြည်သူ များကို ကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်း၊ အာဏာပြခြိမ်းခြောက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ပြည်သူ (၁၀၀၀) ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ထားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် […]

စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတိုင်ကြားရေးယန္တရား ဝေဖန်ခံနေရ

အတင်းအကျပ်စေခိုင်းခံရတဲ့အလုပ်သမားတွေ အစိုးရဝန်ကြီးဌာနတွေကိုတိုင်ကြားနိုင်မယ့် “အမျိုးသားအဆင့် တိုင်ကြားရေးယန္တရား”ကို ဖန်တီးလိုက်တဲ့အကြောင်း ဩဂုတ်လက ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဝေဖန်ထောက်ပြနေကြပါတယ်။ အလုပ်သမားတွေ ရန်ကုန်မြို့က ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ဆက်ဆံရေးရုံးကို တိုင်ကြားချင်တယ်ဆိုရင် ဒီ အမျိုးသားအဆင့်တိုင်ကြားရေးယန္တရားကနေတဆင့် ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ILO ဘက်ကတော့ စစ်ကောင်စီရဲ့ တိုင်ကြားရေးယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ILO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။ အလုပ်သမားအရေး လှုပ်ရှားနေသူတွေကတော့ စစ်ကောင်စီရဲ့ တိုင်ကြားရေးယန္တရားဟာ ဟန်ပြပဲဖြစ်ပြီး အမှန်တကယ် အခက်အခဲကြုံနေရတဲ့ လုပ်သားတွေအတွက် အထောက်အကူဖြစ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအတွက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီက အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးဖို့ ဆိုတဲ့လုပ်ရပ်ဟာ မြေခွေးကို ကြက်ခြံစောင့်ခိုင်းသလိုပဲ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ […]

သံတွဲ စစ်ဘေးဒုက္ခသည်တွေ ဒုက္ခသည်စခန်းကနေ ထပ်မံတိမ်းရှောင်နေရ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ စစ်ကောင်စီ လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် မနေရဲတော့ဘဲ နီးစပ်ရာရွာတွေကို တိမ်းရှောင်နေကြတယ်လို့ သူတို့ကို အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေက လေကြောင်းကနေ ဗုံးထပ်ကြဲမှာကြောက်တာကြောင့် မနေရဲတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။ “လေယာဉ်ထပ်လာမှာကို၊ လေကြောင်းထပ်ပြီး တိုက်ခိုက်ခံရမှာကို တော်တော်ကို ကြောက်နေကြတယ်၊ စစ်ဘေးရှောင်စခန်းတွေမှာ မနေရဲတဲ့လူ တော်တော်များနေတယ်၊ တခြားနေရာတွေ သွားကြတာများတယ်၊ မြို့ပေါ်ကနေ ထွက်ခွာတဲ့လူများနေတယ်၊ လက်ရှိမှာ၊ စစ်ဘေးရှောင်စန်းတွေမှာ လုံးဝ မနေရဲတော့တဲ့ အနေအထားတွေ ဖြစ်နေတယ်၊ တချိုနည်းနည်းပါးပါးတော့ ကျန်သေးတာပေါ့ အားလုံးတော့လည်း မဟုတ်ဘူး” ဒီလိုတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းခရီးမှာ ကားတွေလည်းမရှိတာကြောင့် ခြေလျင်သွားနေကြတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီရှိနိုင်တယ်လို့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊စက်တင်ဘာလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စက်တင်ဘာလ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ်တို့မှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့ နယ် တွင် စစ်အာဏာရှင်တပ်သားများက ပြည်သူ (၃၀)ကျော်ကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်မှုထမ်းရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးမှ ပြည်သူ များကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် […]

ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ

RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။ ရေဘေးကြေင့် လူဦးရေ နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။ ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ၅၆ မြို့နယ်မှာ ရေကြီးရေလျံမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တာပါ။ ရှမ်းပြည်နယ် ကလောမြို့မှာ တစ်ရာ၊ ရမည်းသင်းမှာ ၇၁ ဦး၊ နေပြည်တော်မှာ ၄၇ ဦး၊ ရှမ်းနဲ့ ကယားအစပ်မှာ ၂၄ ဦး၊ တာချီလိတ်မှာ ၁၅ ဦး၊ ညောင်ရွှေမှာ ကိုးဦး၊ တောင်ငူမှာ […]

တောင်ငူမှာ ရေဘေးဒုက္ခသည် ရှစ်သောင်းကျော် အကူအညီ လိုအပ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ငါးဆယ်ကျော်က လူရှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကြုံနေရသူတွေက ပြောပါတယ်။ တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင် စတဲ့မြို့နယ်က ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။ တောင်ကျချောင်းရေနဲ့ စစ်တောင်းမြစ်ရေ တက်လာတာကြောင့် အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ကိုးပေကျော် ရေဝင်နစ်မြုပ်ခဲ့တာပါ။ လတ်တလောမှာတော့ ရေလေးပေကျော် ပြန်ကျသွားပေမဲ့ သွားလို့ လာလို့ မရသေးဘဲ ချက်ပြုတ်စားသောက်ဖို့အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တောင်ငူမြို့ ရေဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။ “ထမင်းထုပ်တွေ ဝေပေမဲ့လေ သိုးကုန်တာတွေ ရှိတော့။ ညစာဆို နေ့တိုင်း မစားရဘူးပေါ့နော်။ ဆန်တို့ ဘာတို့ရရင်တော့ ချက်ပြုတ်စားလို့ […]