မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ။
(မေ ၉ ၂၀၁၂) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သည် သမ္မတဦးသိန်းစိန် နှင့် သူ့အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်းတနှစ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။
