အချက်အလက်ကောက်ယူမှု ရက်တိုသင်တန်းပြုလုပ်
သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူခြင်း သင်တန်းအား ချင်းမိုင် ကွန်ရက်ရုံးတွင် ကျင်းပခဲ့သည်။ သင်တန်းသား ခုနှစ်ဦးတက်ရောက်ပြီး ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှစ်ဦးနှင့် ကွန်ရက်အလုပ်သင်တဦးပါ တက်ရောက်လေ့လာခဲ့သည်။ အချက်အလက်ကောက်ယူခြင်းနှင့် မှတ်တမ်းတင်ခြင်းအကြောင်းကို အဓိကထားသင်ကြားခဲ့သည်။
