၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဒီဇင်ဘာ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စစ်အာဏာရှင်တပ်က ရေကြောင်းသွားလာခွင့်ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် နောက်ထပ် ၂လ ထပ်မံပိတ်ပင်ခဲ့သည်။ Facebook တွင် Comment ရေးသား ခဲ့သည် မွန်ပြည်နယ် သထုံမှ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အမျိုးသမီး တဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်က ပြည်သူ (၄၀)ကျော်ကို ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ရခိုင်ပြည်နယ်မှ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။