ဇန်နဝါရီလ ၁၅ရက်မှ ၂၁ရက်နေ့အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ် တို့တွင် လေကြောင်းပစ်ခတ် ဗုံးကြဲမှု စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှု အတွင်း ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချရာ ပြည်သူများ မီးလောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များ မီးလောင် ပျက်စီးခဲ့သည်။ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၃ ဦး

အပါအဝင် အကျဉ်းသား ၇၀၀ ခန့်ကို‌ ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့သည်။