၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဒီဇင်ဘာ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၂ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ပြည်သူ (၁၁)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ Facebook

တွင် ရခိုင်သတင်းများ မျှဝေသည့် စစ်တွေဒေသခံ ၂ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်မှ ပရဟိတသမား ၁ ဦးကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၅)ဦး သေဆုံးခဲ့ပြီး (၁၈)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် (၁၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၃၂)ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။