ကရင်ပြည်နယ် ဝေါလေ၊ ဖလူး ဒေသ တိုက်ပွဲတွေမှာ အခြေစိုက်တဲ့ စစ်အစိုးရတပ်တွေမှာ ကလေးစစ်သားတွေ များကြောင်း ကရင်အမျိုးသား အစည်းအရုံး၊

KNLA တပ်ရင်း ၁၀၁ ကို လက်နက်ချလာတဲ့ ကလေးစစ်သား တဦးက RFA ကို ပြောပါတယ်။

လက်နက်ချခဲ့တဲ့ တပ်သား အောင်ကိုလင်းက သူနေခဲ့တဲ့၊ စစ်အစိုးရ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ သူတို့ စရောက်စ လွန်ခဲ့တဲ့ ၉ လလောက်က သူ့အရွယ် ကလေးစစ်သား ၆၀ ကျော်လောက် ရှိခဲ့ပြီး၊ နောက်ပိုင်း တိုက်ပွဲ ပြင်းထန်တာကြောင့် ကျဆုံးမှုတွေ များနေကြောင်း RFA ကို ပြောပါတယ်။

“စဆင်းလာတုန်းကတော့ အယောက် ၆၀ လောက် ရှိတယ်။ တိုက်ပွဲကျတာ၊ မိုင်းနင်းမိတာနဲ့ အကုန်လုံး ကျွန်တော်နဲ့အတူတူ ၉ ယောက်ပဲ ရှိတော့တယ်။ အခု ကျွန်တော်က ပြန်ထွက်လာပြီ ဆိုတော့ ဟိုမှာ ၈ ယောက်ပဲ ရှိနေတယ် အခု။”

ဝေါလေဗျူဟာကုန်းမှာအခြေစိုက်တဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် – စကခ (၈) လက်အောက်ခံ တပ်ရင်း ၄၀၉ က အသက် ၁၇ နှစ်အရွယ် တပ်သား အောင်ကိုလင်း ဟာ ကရင်အမျိုးသား အစည်းအရုံး၊ ကေအင်အယ်လ်အေ တပ်ရင်း ၁၀၁ ဗိုလ်မှူးကြီး စောဖောဒို တပ်ရင်း အခြေစိုက်တဲ့ နေရာကို ပြီးခဲ့တဲ့ ၇ ရက်နေ့က လက်နက်ချခဲ့တာပါ။

လက်ရှိ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ ရိက္ခါလည်း ပြတ်လပ်နပြေီး ဝိုင်းဝန်း ပိတ်ဆို့ ခံထားရတဲ့အတွက်လည်း ကျဆုံးမှုတွေ များနေတယ်လို့ တပ်သား အောင်ကိုလင်းက ပြောပါတယ်။

တပ်သား အောင်ကိုလင်းနဲ့ ဆက်သွယ် မေးမြန်းပြီး RFA က ဦးဝင်းနိုင် စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်

sources by : RFA