သတ်ဖြတ်ခြင်း အဓိပ္ပါယ်ကို သတ်မှတ်ခြင်း။ (Killing)

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် သတ်ဖြတ်ခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။ သတ်ဖြတ်ခြင်းကို လူ့အခွင့်အရေး ချိုးဖေါက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါ ရပ် (၃)ရပ် ထင်ရှား ကြောင်းဖေါ်ပြရပါမည်။ ၁။ လူ့အသက်ကို သေစေခြင်း။ ၂။ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း။ ၃။ အစိုးရ၏ လုပ်ဆောင်ချက်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ- လူတဦး၏ အသက်ရှင်နေထိုင်ခွင့် အသက်ရှင်နေထိုင်ခွင့်ကို အတင်းအကြပ် ရုပ်သိမ်းခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေများက ပိတ်ပင် တားမြစ်ထားပါသည်။ သတ်ဖြတ်ခြင်းသည် အသက်ရှင်နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်းအဖြစ် အပြည်ပြည် ဆိုင်ရာ ဥပဒေကို ချိုးဖေါက်ရာ ရောက်သည်။