ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

သံဃာတော်များကို နိုင်ငံရေးမလုပ်ရန် သတိပေးမှုများ ပြုလုပ်
(ရိုးမ ၃) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်များကို မြို့နယ်(မယက) က ပင့်ဆောင်ခေါ်ယူပြီး နိုင်ငံရေး မလုပ်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်နေလျက်ရှိသည်။
ယခုလ ဒုတိယအပတ်အတွင်းမှစတင်က ကျေးရွာအုပ်စုအသီးသီးရှိ နာယကဆရာတော်များနှင့် မြို့ပေါ်စာသင်တိုက်များမှ နာယကဆရာတော်များပါ ခေါ်ယူသတိပေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သံဃာတပါးက မိန့်သည်။
Read more
မြန်မာနိုင်ငံမှ အမေ့ခံနိုင်ငံရေး အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန်
ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။
Read more
တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့် မရ
နယူးဒေလီ (မဇ္ဈိမ)။ ဒေါ်အောင်ဆန်းစုကြည်က၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။
ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
Read more
အသက် ၁၄ နှစ်သား စစ်ထဲအဓမ္မ သွင်းခံရ
(RFA) ပဲခူးတိုင်း ဇီးကုန်းမြို့ အမှတ် (၂) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်သီဟ နေအိမ်ကနေ စက်တင်ဘာလ ၉ ရက်နေ့က အပြင်ထွက်အသွားမှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။
မောင်သီဟ နေအိမ်ကနေ ပျောက်သွားတဲ့အတွက် မိသားစုဝင်တွေ ဇီးကုန်းရဲစခန်းကို လူပျောက်တိုင်ကြားခဲ့ရာမှာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာကို သိရတာဖြစ်ကြောင်း မောင်သီဟ မိဘတွေနဲ့ နီးစပ်တဲ့ ဒေသခံက အခုလို ပြောပါတယ်။
Read more
ကလေးစစ်သားနှစ်ဦး အကျဉ်းချခံရ
မြန်မာနိုင်ငံမှာ စစ်အစိုးရက ခလေးစစ်သား စုဆောင်းတာခံရတဲ့ ကလေးမိဘတွေကို အကူအညီပေးနေတဲ့ ILO အဖွဲ့ကို တိုင်ကြားပေးဖို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ပဲ ကလေးမိဘတဦးက စစ်တပ်ထဲ ရောက်နေတဲ့ သားနဲ့တူကိစ္စ လာရောက် အကူအညီတောင်းခဲ့တယ်လို ပဲခူးလမ်းပြကြယ်အဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လမ်းပြကြယ်အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေ ဦးအေးမြင့်က RFA ကို အခုလို ပြောပြပါတယ်။
Read more
ဆင်ပေါင်ဝဲမြို့နယ်မှ ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရ
(ခေတ်ပြိုင် / ၁၆ စက်တင်ဘာ ၂၀၀၉) မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ညောင်ပင်သာရွာမှ မောင်ရဲဇော်ထက်ဆိုသည့် ကလေးငယ်တဦး လွန်ခဲ့သော (၃) လခန့်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ်ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ အစ်ကိုဖြစ်သူထံသို့အသွား ပြည်ကားဝင်းအတွင်း၌ လလက (၉၅၉- ပြည်) တပ်မှ တပ်ကြပ်တင်မြင့် (ကပ/၅၇၀၆၀၄) က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း နောက်ပိုင်းတွင် ပြန်လည်စုံစမ်းသိရှိရသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
Read more