Entries by ndb14

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့ လျှောက်ထားလိုက်ပါတယ်။ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တာပါ။ မြန်မာစစ်တပ်ဟာ […]

အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဖို့ စစ်ကောင်စီကို G7 နိုင်ငံတွေ တိုက်တွန်း

 via REUTERS မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေမှုတွေလုပ်ကြဖို့ စစ်ကောင်စီကို အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက နိုဝင်ဘာလ ၂၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီ့အပြင် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ဖို့ဆိုတဲ့အချက်ကိုလည်း အကြောင်းပြချက်မရှိ အပြည့်အ၀ အကောင်အထည်ဖော်ရမယ်လို့ဆိုပါတယ်။ နိုင်ငံတွင်းပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အရပ်သားပြည်သူတွေကို ကာကွယ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေးကိုလည်း အဟန့်အတားမရှိ ခွင့်ပြုပေးရမယ်လို့ ထုတ်ပြန်ချက်ထဲမှာ […]

နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ နိုင်ဝင်ဘာလ ၂၀ ရက်နေ့ ညနေက နောင်ချိုမြို့နယ် ကုန်းကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညသန်းခေါင်အချိန်ကလည်း ကံကြီးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ‌ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး […]

မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးနှုန်း ဖြစ်တဲ့ လူပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ထက် ပိုပြီးဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။ “မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော် တကယ့်ကို အထင်ကြီးလေးစားမိပါတယ်” နေရာဒေသမရွေးကို WFP ရဲ့ အကူအညီတွေရောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ရှာဖွေမှာ ဖြစ်သလို ဘက်ပေါင်းစုံနဲ့လည်း ဆက်လက်ညှိနှိုင်းဆွေးနွေးမယ်လို့ […]

ကလေးတွေကို ကာကွယ်ပေးဖို့ အရေးပေါ်လိုအပ်နေကြောင်း ယူနီဆက် ပြော

မြန်မာတစ်နိုင်ငံတစ်ဝန်း လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ သုံးသန်းခွဲခန့်မှာ လေးဆယ်ရာခိုင်နှုန်းက ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ – ယူနီဆက်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ချိုင်းဘန်း (Ted Chaiban) က နိုဝင်ဘာလ ၂၁ ရက် ဒီနေ့မှာ ပြောလိုက်ပါတယ်။ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်က အမြင့်ဆုံးအခြေအနေကို ရောက်နေပြီလို့ သူက ဆိုပါတယ်။ လတ်တလောမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်ရော ရာဂီမုန်တိုင်းကြောင့်ပါ လူတစ်သန်းခန့် ဒုက္ခရောက်ရတယ်လို့ သူက ပြောပါတယ်။ သူ့ခရီးစဥ်မှာ ကချင်ပြည်နယ်ကိုလည်းရောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့က ကလေးတွေ ကစားနေတဲ့ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရတဲ့အကြောင်းကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနှစ် တစ်နှစ်တည်းမှာတင် အကြမ်းဖက်မှုတွေကြောင့် ကလေး အယောက် ၆၅၀ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ […]

ဖောင်းပြင်နဲ့ မော်လူးမှာ စာသင်ကျောင်းနဲ့ဆေးရုံ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကောင်းမောင်းရွာ စာသင်ကျောင်းနဲ့ မော်လူးမြို့ တိုက်နယ်ဆေးရုံတို့ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ မော်လူးမြို့က တိုက်နယ်ဆေးရုံအဆောက်အအုံ ပျက်စီးခဲ့ပါတယ်။ ကောင်းမောင်းရွာ စာသင်ကျောင်းမှာတော့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် သေဆုံးပြီး သုံးဦး ဒဏ်ရာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မော်လူး တိုက်နယ်ဆေးရုံကို ဗုံးနှစ်လုံးကြဲတာ တစ်လုံးကတော့ မကွဲသွားဘူး။ အဲဒီမှာ ဆေးရုံ အဆောင်နှစ်ဆောင် ပျက်စီးသွားတယ် လူတော့ မထိဘူး။ ဖောင်းပြင်ကတော့ စစ်ရှောင်တွေရှိတဲ့ စာသင်ကျောင်းကို ကြဲတာ။ ဗုံးသီး ၁၂ လုံးကျတာ စာသင်ကျောင်းကို။ ဘာမှတိုက်ပွဲမရှိပဲနဲ့ ဒီတိုင်းလာကြဲတာ။ အဲမှာက […]

မြန်မာပြည်မှာ အမျိုးသမီးတွေ အန္တရာယ်ပိုများလာ

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေအပါအဝင် အန္တရာယ်မျိုးစုံ ကြုံနေရတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို အဆုံးဆုံးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၁) မွန်းနေလီက ပြောပါတယ်။ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကလည်း ပိုပြီးများလာတာကို တွေ့ရတယ်။ ကိုယ့်ရဲ့ အမျိုးသားရှေ့မှာ၊ မိသားစုဝင်တွေရှေ့မှာ မတရား အဓမ္မပြုကျင့်တာတွေ။ ဒီကိစ္စတွေက လူနဲ့တောင် မတူတဲ့ အခြေအနေတွေပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့ဟာတွေကိုလည်း ကျွန်မတို့ မြင်တွေ့ရတယ်။ တစ်ချို့ အမျိုးသမီးတွေဆိုရင် စစ်သားတွေရဲ့ အစုလိုက် အဓမ္မ ပြုကျင့်တာတွေ။ ပြီးရင် တချို့ဆိုရင် အသတ်ခံရတဲ့အခြေအနေတွေပေါ့နော်” ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ […]

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာအပေါ်  ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် – ၀၀၁/၂၀၂၄  ၂၇ရက် အောက်တိုဘာလ ၂၀၂၄ ခုနှစ် ၁။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ  “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေစဉ်ကာလအတွင်း  အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်သည့်အပေါ်တွင် ထုတ်ပြန်ချက် ထုတ်လိုက်ပါသည်။ ၂။ ယခု လူ့အခွင့်အရေးချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်သည့် HRAN သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ ကောက်ခံခြင်း၊ ပြည်သူလူထုများအတွက် လူ့အခွင့်အရေး ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် တရားမျှတမှု ရရှိရေးတို့ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်သည့် […]

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု အနှစ်ချုပ်အစီရင်ခံစာ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)အပြင် ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ  “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေစဉ်ကာလအတွင်း  အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)မှ သတင်းအချက်အလက်များ ကောက်ခံစုဆောင်းပြီး အနှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါသည့်။

,

၂၀၂၃-၂၀၂၄ ကာလအတွင်း စစ်အုပ်စု၏ ဖိနှိပ်မှု ပုံပန်းသဏ္ဌာန်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ပြန်လည်အောက်မေ့အမှတ်ရစေနိုင်သည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ စောင့်ကြည့် လေ့လာတွေ့ရှိချက်များအရ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် ပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို […]