နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျမ္မာရေးဆိုးရွားနေ
သတင်းထုတ်ပြန်ချက်ရက်စွဲ။ နိုဝင်ဘာလ ၇ ရက် ၂၀၀၉သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော မနီမိုလှိုင် သည် တိုက်ဖိုက်ရောဂါ ခံစားနေရပြီး အပြင်းဖျားနေကြောင်း သိရှိရသည်။ မနီမိုလှိုင်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ နေထိုင်မကောင်းဖြစ်ခဲ့ပြီး သူမ၏ ကျမ္မာရေးမှာ တနေ့တခြား ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သရက်အကျဉ်းထောင်မှ မိသားစုထံ သံကြိုးစာပို့ခဲ့သဖြင့် မိသားစုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သရက် အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။
