Entries by ndb14

,

အဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ၄ ဦး ဖမ်းဆီးခံရ

(DVB) ထက်အောင်ကျော် ၁၇ စက်တင်ဘာ ၂၀၀၉ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လူငယ်ခေါင်းဆောင် ၄ ဦး မနေ့ညက ဖမ်းဆီးခံလိုက်ရတယ်လို့ ပါတီ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အဲဒီလူငယ်တွေကတော့ မရမ်းကုန်းမြို့နယ်မှ ကိုမင်းအောင်၊ ကိုသီဟအောင်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေးတို့ဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးဘူးလို့ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

,

သံဃာတော်များကို နိုင်ငံရေးမလုပ်ရန် သတိပေးမှုများ ပြုလုပ်

(ရိုးမ ၃) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်များကို မြို့နယ်(မယက) က ပင့်ဆောင်ခေါ်ယူပြီး နိုင်ငံရေး မလုပ်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်နေလျက်ရှိသည်။ ယခုလ ဒုတိယအပတ်အတွင်းမှစတင်က ကျေးရွာအုပ်စုအသီးသီးရှိ နာယကဆရာတော်များနှင့် မြို့ပေါ်စာသင်တိုက်များမှ နာယကဆရာတော်များပါ ခေါ်ယူသတိပေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သံဃာတပါးက မိန့်သည်။

,

မြန်မာနိုင်ငံမှ အမေ့ခံနိုင်ငံရေး အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန်

ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

,

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့် မရ

နယူးဒေလီ (မဇ္ဈိမ)။ ဒေါ်အောင်ဆန်းစုကြည်က၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။ ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

,

အသက် ၁၄ နှစ်သား စစ်ထဲအဓမ္မ သွင်းခံရ

(RFA) ပဲခူးတိုင်း ဇီးကုန်းမြို့ အမှတ် (၂) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်သီဟ နေအိမ်ကနေ စက်တင်ဘာလ ၉ ရက်နေ့က အပြင်ထွက်အသွားမှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။ မောင်သီဟ နေအိမ်ကနေ ပျောက်သွားတဲ့အတွက် မိသားစုဝင်တွေ ဇီးကုန်းရဲစခန်းကို လူပျောက်တိုင်ကြားခဲ့ရာမှာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာကို သိရတာဖြစ်ကြောင်း မောင်သီဟ မိဘတွေနဲ့ နီးစပ်တဲ့ ဒေသခံက အခုလို ပြောပါတယ်။

,

ကလေးစစ်သားနှစ်ဦး အကျဉ်းချခံရ

မြန်မာနိုင်ငံမှာ စစ်အစိုးရက ခလေးစစ်သား စုဆောင်းတာခံရတဲ့ ကလေးမိဘတွေကို အကူအညီပေးနေတဲ့ ILO အဖွဲ့ကို တိုင်ကြားပေးဖို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ပဲ ကလေးမိဘတဦးက စစ်တပ်ထဲ ရောက်နေတဲ့ သားနဲ့တူကိစ္စ လာရောက် အကူအညီတောင်းခဲ့တယ်လို ပဲခူးလမ်းပြကြယ်အဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လမ်းပြကြယ်အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေ ဦးအေးမြင့်က RFA ကို အခုလို ပြောပြပါတယ်။

,

ဆင်ပေါင်ဝဲမြို့နယ်မှ ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရ

(ခေတ်ပြိုင် / ၁၆ စက်တင်ဘာ ၂၀၀၉) မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ညောင်ပင်သာရွာမှ မောင်ရဲဇော်ထက်ဆိုသည့် ကလေးငယ်တဦး လွန်ခဲ့သော (၃) လခန့်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။ မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ်ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ အစ်ကိုဖြစ်သူထံသို့အသွား ပြည်ကားဝင်းအတွင်း၌ လလက (၉၅၉- ပြည်) တပ်မှ တပ်ကြပ်တင်မြင့် (ကပ/၅၇၀၆၀၄) က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း နောက်ပိုင်းတွင် ပြန်လည်စုံစမ်းသိရှိရသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

,

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် HRW တောင်းဆို

(ဧရာဝတီ) စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံ ယုံကြည်မှု ရရှိလိုပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန်လိုကြောင်း လူ့အခွင့်အရေး

,

နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေးဆိုးရွားနေ

(ဧရာဝတီ) မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၁၄၀ ခန့်သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုရ သိရသည်။

,

မနှင်းမေအောင် တိုက်ပိတ်ခံရ

နအဖ စစ်အုပ်စု၏ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော မနှင်းမေအောင်သည် မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စနေနေ့က တိုက်ပိတ်ပြစ်ဒဏ် ပေးခံထားရကြောင်း