Entries by ndb14

မြန်မာနိုင်ငံ အကြံပြုချက်များ လူ့အခွင့်အရေးကောင်စီ အတည်ပြု

(VOA) မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ခေါ်တဲ့ နိုင်ငံတကာက ပထမဆုံးအကြိမ် သုံးသပ်တဲ့ ကြားနာမှုကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အကြံပြုချက်ပေါင်း ၁၉ဝ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ ဇန်နဝါရီ ၃၁ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု မော်လ်ဒိုက် ဝေဖန်

(RFA) မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မော်လ်ဒိုက်နိုင်ငံက ဝေဖန်လိုက်ပြီး သိသာ ထင်ရှားပြီး အနှစ်သာရအရ လက်တွေ့ကျတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်း ဆုံးဖြတ်ချက်ချ

(RFA) ၄ နှစ် တကြိမ် စိစစ်သုံးသပ်တဲ့ UPR ဆွေးနွေးပွဲရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒေသစံတော်ချိန် ၁၂ နာရီက ကျင်းပခဲ့ပါတယ်။

တပ်ပြေး ခလေးစစ်သားကို ထောင်ဒဏ် အပြစ်ပေး

(BBC) မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်က အသက်၁၇နှစ် အရွယ် ကလေး စစ်သားတဦး တပ်က ထွက်ပြေးပြီး မိဘထံ ပြန်ပြေးလာ တာကို စစ်တပ်က ပြန်ဖမ်းပြီး တပ်ပြေး အဖြစ် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာစစ်အစိုးရကို ဖိအားပေး

ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေး မှတ်တမ်းတွေကို သုံးသပ်တဲ့ ၉ ကြိမ်မြောက် ညီလာခံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို လေ့လာသုံးသပ်ပြီး အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဟု စစ်အစိုးရ ငြင်းဆို

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ယနေ့ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ လူ့အခွင့်အရေး မှတ်တမ်းပြန် လည် သုံးသပ်သည့် ညီလာခံ၌ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု မရှိကြောင်း ကာကွယ် ပြောကြားသွားသည်။

မြန်မာ့ လူ့အခွင့်အရေး ကုလ ဆွေးနွေး

ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့် အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြပါတယ်။ လူ့အခွင့် အရေး ကောင်စီက ပုံမှန် ပြုလုပ်နေကျ Universal Periodic Review (UPR) မှာ မြန်မာ့ လူ့အခွင့် အရေးကို ဆွေးနွေးခဲ့ ကြပါတယ်။

လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာရှင် အစိုးရများကို ဖိအားပေးဖို့ လိုအပ်

(RFA) လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာဖို့ ဆိုရင် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာရှင် အစိုးရတွေကို ထိရောက်တဲ့ ဖိအားတွေ ပေးကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာက တိုက်တွန်းလိုက်ပါတယ်။

စစ်ကြောရေးမှာ စိတ်ကြွဆေးသုံးမှုများ စုံစမ်းရေး အာရှ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

(RFA) နိုင်ငံရေးမှုနဲ့ ဖမ်းထားသူတွေကို စစ်အစိုးရက စစ်ဆေး မေးမြန်းချိန်မှာ မူးယစ်ဆေးဝါး လျှို့ဝှက် တိုက်ပြီး ဖွင့်ဟ ဝန်ခံခိုင်းသလို၊ အဲဒီဝန်ခံချက်ကို တရားရုံးတင် အမိန့်ချတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဝင်ရောက်စစ်ဆေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။