အိတ်ဖွင့်ပေးစာ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်မည့် အနာဂတ်အား တည်ဆောက်နေသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက် ချမှတ်လုပ်ဆောင်ရမည်
သို့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ မိတ္တူ –ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက် အိတ်ဖွင့်ပေးစာ။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်မည့် အနာဂတ်အား တည်ဆောက်နေသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက် ချမှတ်လုပ်ဆောင်ရမည်။ လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့် ၎င်း၏ ၅၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို ကာကွယ်ပေးသော၊ ၎င်းတို့၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသော၊ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများကို စစ်အုပ်စုအား ဆက်လက်ကျူးလွန် နိုင်စေသည်များကို ဟန့်တားပေးသော၊ ဖြစ်နိုင်သော […]