ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့် အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြပါတယ်။

လူ့အခွင့် အရေး ကောင်စီက ပုံမှန် ပြုလုပ်နေကျ Universal Periodic Review (UPR) မှာ မြန်မာ့ လူ့အခွင့် အရေးကို ဆွေးနွေးခဲ့ ကြပါတယ်။

မြန်မာ အကြောင်း ပထမဆုံး အကြိမ် အလှည့်ကျ ဆွေးနွေးမှု အစီအစဉ်ဖြစ်တဲ့ ဇန္နဝါရီလ ၂၇ ရက် ဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ် အဖြစ် ဒေါက်တာ ထွန်းရှင် တက်ရောက်ပါတယ်။

မြန်မာ့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၆၀ ပါဝင်ဆွေးနွေးခဲ့ ကြရာမှာ အဓိက အားဖြင့် အမြင် နှစ်မျိုး ကွဲပြားခဲ့ကြပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေက မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး တိုးတက်မှု ရှိလာတယ်လို့ ဆိုပြီး အမေရိကန် နဲ့ အနောက်နိုင်ငံ တွေကတော့ လူ့အခွင့် အရေး ဆုတ်ယုတ်လာ တယ်လို့ ဆိုကြပါတယ်။

မြန်မာ နိုင်ငံမှာ လွှတ်တော်သစ် ခေါ်ယူပြီး အစိုးရသစ် ဖွဲ့စည်းမယ့် အပေါ်မှာလည်း အလားတူပဲ အမြင် နှစ်မျိုးကွဲပြားနေတာကို တွေ့ရပါတယ်။