(BBC) မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ ဆင်ရွာမြင်းမူး အရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ကလေးကို ဇန္နဝါရီလ ၁၉ ရက်နေ့ က ခလရ ၁၄ က တပ်ကြပ်တဦးက တပ်ပြေးဆိုပြီး ဖမ်းဆီးသွားပါတယ်။

ဒါပေမဲ့ မောင်ကျော်ရဲအောင်ဟာ ခလရ ၁၄ ကိုလဲ မရောက်ပဲ၊ ပျောက်ဆုံးနေလို့ မိဘတွေက ကမ္ဘာ့အလုပ်သမားအဖွဲ့ အိုင်အယ်လ်အို ကို တိုင်မယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

မောင်ကျော်ရဲအောင်ဟာ ၂ဝဝ၇ ခုနှစ်က၊ စာမေးပွဲ ကျရာက၊ ရွာက တပ်သားတွေ ရှိတဲ့ မန္တလေး တံခွန်တိုင်က လေ့ကျင့်ပညာသင်ကျောင်း ထောက်ပို့တပ် ပလခ ၂ ကို သွားနေခဲ့ဖူးပါတယ်။ တပ်ထဲမှာ မပျော်လို့ ထွက်ပြေးရာက မိဘက မြို့နယ် မီးရထားရုံးမှာ အလုပ်သွင်းပေး ခဲ့ပါတယ်။ တနှစ်ကြာ တဲ့ အခါမှာ ကျောက်ဆည် အခြေစိုက် ခလရ ၁၄ က တပ်ကြပ် နဲ့ အပေါင်းပါ လေးဦး ကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။